ကီမိုတောင် (အင်္ဂလိပ်: Kimo Mountain)သို့မဟုတ် ကျောက်ပန်းတောင် (အင်္ဂလိပ်: Flat-topped Rocky Mountain) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် တည်ရှိသည်။[၂] တောင်အမြင့်မှာ ၄,၂၆၉ ပေ (၁,၃၀၁ မီတာ) ဖြစ်သည်။[၃][၁] ပလက်ဝမြို့မှ မိုင် ၂၀ အကွာ၊ ဆမီးမြို့မှ ၅ မိုင်အကွာ၊ ယောင်ဝရွာမှမိုင်(၁၀)အကြာတွင်တည်ရှိသည်။

ကီမိုတောင်
ကျောက်ပန်းတောင်
ကီမိုတောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကီမိုတောင်
ကီမိုတောင်
မြန်မာနိုင်ငံရှိ တည်နေရာ
အမြင့်ဆုံးအမှတ်
ပေါ်လွင်မှု၄,၂၆၉ ft (၁,၃၀၁ m)[၁]
ကိုဩဒိနိတ်21°19′51″N 93°01′32″E / 21.330920°N 93.025689°E / 21.330920; 93.025689ကိုဩဒိနိတ်: 21°19′51″N 93°01′32″E / 21.330920°N 93.025689°E / 21.330920; 93.025689
ပထဝီဝင်
တည်နေရာချင်းပြည်နယ်မြန်မာနိုင်ငံ

ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ရှိသည့် နေရာလည်း ဖြစ်သည်။

အမည်ရင်းမြစ် ပြင်ဆင်ရန်

ကျောက်ပန်းတောင်ကို ဒေသနေ ခူမီးလူမျိုး နှင့် ခေါင်စိုလူမျိုးက "ကီမိုတောင်"၊‌မြိုလူမျိုးတို့က "ကိမ်မာတောင်"၊ မတူချင်းလူမျိုးတို့က "ကီးမိုမိုတောင်"၊ ဒိုင်ချင်းလူမျိုးတို့က "ကြစ်မတောင်"၊ ရခိုင်လူမျိုးအချို့က "ချင်းမပန်းတောင်းတောင်"ဟုလည်း ခေါ်ကြသည်။[၁]

ကီမိုတောင်၏မူရင်းစကားသည် ခေါင်စိုအမျိုးသားတစ်ဦးနှင့် မြိုအမျိုးသားများ​ တော​လမ်းခုလတ်တွင် တွေ့ဆုံစဉ် ကီမိုတောင်ကိုလက်ညှိုးထိုး၍ ခေါင်စိုစကားဖြင့် 'ကီးမာ' ဟုပြော၍၊ ကီးမာ၏ အဓိပ္ပာယ်သည် "မြင်လား" ဟုဖြစ်သည်။[၄]

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

ကျောက်ပန်းတောင်ထိပ်သည် နှစ်မိုင်နီးပါးကျောက်သားပြင်အဖြစ် တည်ရှိပြီး လခြမ်းပုံ (သို့) အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဌာန်ဖြစ်သည်။ တောင်ပတ်လည်တွင် ကျယ်ပြန့်လှသော ချောက်ကမ်းပါးကြီးနှင့် ဝန်းရံထားသည်။ တောင်၏ ၁၅ မိုင်အကွာအဝေးကို တစ်ဖက်တစ်ချက်စီတွင် တောင်ပူစာငယ် နှစ်လုံးဖြင့် ပိုင်းခြားထားသည်။[၁] အနောက်ဘက်ရှိ တောင်ပူစာငယ်၏ အမြင့် မှာ ၄၂၆၉ ပေ ရှိပြီး အရှေ့ဘက်တောင်ပူစာငယ်၏ အမြင့်မှာ ၃၃၇၃ ပေ ရှိသည်။ တောင်၏ ၁၅ မိုင်ဝန်းကျင် ပတ်လည်အတွင်း တစ်တောင်နှင့်တစ်တောင် အကွာအဝေးနှင့် အရွယ်အစားတူညီသည့် တောင်ပူစာငယ် ၈၈ လုံးဖြင့်လည်း ဝန်းရံထားသည်။[၁]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ချင်းတောင်တန်းပေါ်မှ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြင့် ဒေသအကျိုးပြုနိုင်မည့် ကျောက်ပန်းတောင်းတောင်Myanmar Digital News (၃ မတ် ၂၀၁၈)။ ၁၄ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ပြည်သူ့လွှတ်တော် မေးခွန်း။ ၁၄ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. မောင်မော်ကွန်း(ပလက်ဝ) (၂၆ ဖေဖော်ဝါရီ ၂၀၁၈)။ ချင်းပြည်နယ်၊ပလက်ဝမြို့တည်နှစ်(၁၄၀)ပြည့်အထိမ်းအမှတ် ပလက်ဝမြို့ သမိုင်းအကျဉ်းချင်းဝေါလ်။ BNI Multimedia Group။ 29 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. ဦးထာလုံ၊ ဦးတိန်ယာ ခေါင်စိုသမိုင်း (၂၀၀၆)