ကျော်ဆန်း (မြို့တော်ဝန်)
မန္တလေးမြို့တော်ဝန်
ဦးကျော်ဆန်းသည် မန္တလေးမြို့၏ လက်ရှိ မြို့တော်ဝန်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်သည်။ သူသည် ယခင်က ဦးရဲမြင့် လက်အောက်တွင် ၂၀၁၁ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။[၁]
ဦးကျော်ဆန်း | |
---|---|
၂၀၂၄ ခုနှစ်ကတွေ့ရစဉ် | |
မန္တလေးမြို့တော်ဝန် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၇ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဒေါက်တာရဲလွင် |
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၇ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဒေါက်တာရဲလွင် |
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဩဂုတ် ၂၀၂၁ | |
ဝန်ကြီးချုပ် |
|
ယခင်လူ | ဒေါက်တာရဲလွင် |
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၂၀၁၁ – ၂၀၁၆ | |
ဝန်ကြီးချုပ် | ဦးရဲမြင့် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
မြို့တော်ဝန်ဘဝ
ပြင်ဆင်ရန်၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီမှ ဦးကျော်ဆန်းအား မြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့သည်။၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် အိမ်စောင့်အစိုးရဖွဲ့စည်းပြီးနောက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအား ဖွဲ့စည်းရာတွင် မြို့တော်ဝန်များသည် စည်ပင်သာယာရေးဝန်ကြီးများအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ပေးခံရသူ ဦးကျော်ဆန်း စတင် တာဝန်ထမ်းဆောင်။ 2 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2021 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၃ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်း။
နိုင်ငံရေးဆိုင်ရာ ရုံးများ | ||
---|---|---|
ယခင်က ဒေါက်တာရဲလွင် |
မန္တလေးမြို့တော်ဝန် ၂၀၂၁-လက်ရှိ |
တာဝန်ထမ်းဆောင်ဆဲ |