စာရေးဆရာ ထားဝယ်ကျော်မင်း ကို တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အဖ မီးပုံးပျံ ဦးကျော်ရင်၊ အမိ ဒေါ်မမ တို့က ၁၉၁၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဖွားမြင်သည်။ ကာတွန်းဆရာ ကာတွန်းကျော်ဆန်း(က.ဆ)နှင့် ညီအစ်ကိုတော်စပ်သည်။

ထားဝယ်ကျော်မင်း
မွေးဖွားကျော်မင်း
(၁၉၁၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၀၅)ဖေဖော်ဝါရီ ၅၊ ၁၉၁၂
တနင်္သာရီတိုင်းထားဝယ်မြို့
ကွယ်လွန်ဧပြီ ၁၇၊ ၁၉၇၁(၁၉၇၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၁၇) (အသက် ၅၉)
ရန်ကုန်မြို့
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်စာရေးဆရာ၊ ပုံဆွဲ ဆရာ
အိမ်ထောင်ဖက်(များ)ဒေါ်ခင်စော
သားသမီးရှစ်ဦး
မိဘ(များ)မီးပုံးပျံ ဦးကျော်ရင်၊ ဒေါ်မမ

အင်္ဂလိပ် - မြန်မာ ၁ဝ တန်း အထိ ပညာ သင်ကြား ခဲ့သည်။ ၁၉၂၅ မှ ၁၉၄၂ အထိ ထားဝယ် အမျိုးသား ကျောင်းတွင် ပုံဆွဲ ဆရာ အဖြစ် အမှု ထမ်းခဲ့သည်။

မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းဆဲ ကာလတွင် ထားဝယ်ခရိုင် တို့ဗမာ အစည်းအရုံးဝင် သခင် အဖြစ် နယ်ချဲ့ ဆန့်ကျင်ရေးကို တက်ကြွစွာ ဆောင်ရွက် ခဲ့သောကြောင့် ၁၉၄၂ ခု ဒီဇင်ဘာလ ၉ ရက်နေ့တွင် အဖမ်း ခံရသည်။ အင်္ဂလိပ် အစိုးရ၏ အကျဉ်းသား အဖြစ် ထားဝယ်၊ ပုသိမ်၊ ရွှေဘို ထောင်များတွင် ငါးလကျော် အကျဉ်း ချထား ခံရသည်။ ဂျပန်ခေတ်တွင် ထားဝယ် ခရိုင် တို့ဗမာ ဆင်းရဲသား အစည်းအရုံး၌ ခရိုင်မှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၉ ခုနှစ်မှ စ၍ ထားဝယ် အစိုးရ အထက်တန်း ကျောင်းတွင် ပန်းချီ အနုပညာ ဆရာ အဖြစ် အမှု ထမ်းခဲ့သည်။ ၁၉၆၇ ခုနှစ် နှစ်ဦးပိုင်းတွင် အငြိမ်းစား ယူခဲ့သည်။ ထားဝယ် ပန်းချီးပန်းပု ကောင်စီဝင် အဖြစ်လည်း ဆောင်ရွက် ခဲ့သည်။


ကျောင်းသား ဘဝ ကပင် စာပေ ဝါသနာ ပါခဲ့ပြီး စစ်ကြိုခေတ်တွင် သရိယ သတင်းစာ သတင်းထောက် လုပ်ရင်း စာနယ်ဇင်း များ၌ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ကြိုးကြား ရေးခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်တွင် သတင်း ဆောင်းပါး များကို တခါတရံ ရေးခဲ့သည်။ စာပေ ဗိမာန်ထုတ် စွယ်စုံကျမ်းများ အတွက် ဓာတ်ပုံများ၊ အကြောင်းရပ် အချက်အလက် များကို စုဆောင်း ပေးပို့ ရေးသား ကူညီ ခဲ့ဖူးသည်။ ထားဝယ် ယဉ်ကျေးမှု အမြုတေ စာအုပ်ဖြင့် ၁၉၆၈ ခုနှစ် အမျိုးသား စာပေ ဆုပြိုင်ပွဲ၊ မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စာပေ စတုတ္ထဆုကို လည်းကောင်း၊ သုံးထောင်စံ ကိုယ်တွေ့ မှတ်တမ်း စာမူဖြင့်လည်း ၁၉၆၉ ခုနှစ် စာပေဗိမာန် စာမူဆု စာပဒေသာ တတိယဆု ကိုလည်းကောင်း ဆွတ်ခူး ရရှိ ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၁၉၇၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ခွဲတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်စောနှင့် သားသမီး ရှစ်ဦး ကျန်ရစ် ခဲ့သည်။[၁]

စာညွှန်း ပြင်ဆင်ရန်

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်(၂ဝဝ၅ ခု၊ ဇူလိုင်)
  1. ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၃၂၄-၃၂၆။
  2. မလိခ။ မြန်မာ စာပေ အဘိဓာန် (၃)။ စာ ၉၇-၉၈။
  3. စံပြ တင်ဦး။ မြန်မာ စာရေးဆရာ အဘိဓာန်။ စာ ၇၇-၇၈နှင့် ၂၉၂ - ၂၉၃။
  4. စာအုပ် လောက၊ ငွေတာရီ (ဇွန် ၁၉၇၁)။ စာ ၁၈၂။
  5. ထားဝယ် ကျော်မင်း။ သုံးထောင်စံ ကိုယ်တွေ့ မှတ်တမ်း (ပ ကြိမ်၊ ၁၉၇၄)။ စာပေဗိမာန်။ စာ-ကျောဖုံး။
  6. မောင်သန်းဆွေ (ထားဝယ်) ၏ ရေးသား ပေးပို့ချက်။