ကျော်ဝင်း (ဝန်ကြီး)
ဦးကျော်ဝင်းသည် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရကာ အစိုးရအသစ်တက်လာချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ တာဝန်ယူခဲ့သည်။ကိုယ်ရေးအကျဉ်းများတွင် နိုင်ငံခြားတက္ကသိုလ်မှ Ph.d ဘွဲ့ ရရှိခဲ့သည်ဟု အတုအယောင်လုပ်ခဲ့၍ ပထမဆုံး ဝေဖန်ခံရသည်။ [၁]၂၀၂၁ ဖေဖော်ဝါရီ ၄ရက် တွင် ဖမ်းဆီးခံရပြီး ၂၀၂၃ ဧပြီ၁၇ ရက်တွင် ပြန်လွတ်သည်။[၂]
ဦးကျော်ဝင်း | |
---|---|
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၂၅ မေ ၂၀၁၈ | |
သမ္မတ | ဦးထင်ကျော် ဦးမြင့်ဆွေ(ယာယီ) ဦးဝင်းမြင့် |
ယခင်လူ | ဒေါက်တာကံဇော် (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန) ဦးဝင်းရှိန် (ဘဏ္ဍာရေး ဝန်ကြီးဌာန) |
ဆက်ခံသူ | ဦးစိုးဝင်း |
ပြသူ့လွှတ်တော်အမတ် | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၃၀ မတ် ၂၀၁၆ | |
မဲဆန္ဒနယ် | ဒဂုံဆိပ်ကမ်းမြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | လပွတ္တာ | ဖေဖော်ဝါရီ ၂၃၊ ၁၉၄၈
နိုင်ငံရေးပါတီ | NLD |
ကြင်ဖော်(များ) | ခင်စောယု |
သားသမီး | ၃ |
မိခင်ကျောင်း | ရန်ကုန် စီးပွားရေး တက္ကသိုလ် |
စစ်ဆေးခံရခြင်း
ပြင်ဆင်ရန်ဦးကျော်ဝင်းမှာ တိုင်ကြားထားမှုများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ၂၀၁၈ခုနှစ် မေလ၇ရက်နေ့မှစ၍စစ်ဆေးခြင်းခံခဲ့ရသည်။ ထို့နောက် နုတ်ထွက်စာတင်ထားပြီး ၂၀၁၈ မေလ ၂၅ရက်နေ့တွင်နိုင်ငံတော်သမ္မတရုံးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။
၂၀၁၈ခုနှစ်ကာလက ဦးကျော်ဝင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးစဉ်အဂတိလိုက်စားကြောင်းမတွေ့၍ အဂတိလိုက်စားမှုဖြင့် အရေးယူ၍မရကြောင်း ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။[၃] [၄] ယင်းနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်စဉ်များ
ပြင်ဆင်ရန်၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသည့် ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင် တာနဲလ်နှင့် ပတ်သက်ပြီး စီမံ/ဘဏ္ဍာ ဝန်ကြီး ဟောင်း ဦးကျော်ဝင်းကိုပါ စစ်ကောင်စီက ဖမ်းဆီးကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊စီမံဘဏ္ဍာဝန်ကြီးဟောင်းဦးစိုးဝင်း၊ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်တို့နှင့်အတူ အမှုဖွင့် တရားစွဲဆို ခဲ့သည်။[၅]
ဦးကျော်ဝင်းသည် အကျဉ်းထောင်ထဲ အမှုရင်ဆိုင်နေရဆဲ ကာလမှာပင် ကျန်းမာရေးကြောင့် နေပြည်တော်ကုတင်၁၀၀၀ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရသည်။[၆]
ယင်းနောက် ၂၀၂၂ စက်တင်ဘာလ ၂၉ ရက် တွင် နေပြည်တော်အထူးတရားရုံးက ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၊စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် ၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့် ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အား နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့သည်။[၇] [၈]၂၀၂၃ ဧပြီ ၁၇ရက်တွင် လွတ်ငြိမ်းဖြင့် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လွတ်သည်။[၉]
ကိုးကား
ပြင်ဆင်ရန်- ↑ http://www.7daydaily.com/story/127299 Archived 27 May 2018 at the Wayback Machine.
- ↑ အန်အယ်လ်ဒီ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြန်လည်လွတ်မြောက်။ DVB Burmese (၁၇ဧပြီ၂၀၂၃)။ ၁၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အတိုင်ခံရတဲ့ ဝန်ကြီးဟောင်းဦးကျော်ဝင်း အဂတိလိုက်စားကြောင်းမတွေ့။ BBC Burmese (၉ ဇွန် ၂၀၁၈)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဝန်ကြီးဟောင်း ဦးကျော်ဝင်းကို အဂတိလိုက်စားမှုဖြင့် အရေးယူ၍မရ။ ဧရာဝတီ (၉ ဇွန် ၂၀၁၈)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် ရှောင်တာနယ်တို့အား လျှို့ဝှက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ပြန်ခေါ်သက်သေ ရဲအရာရှိနှစ်ဦးကို စစ်ဆေး။ Eleven Media (၂၃ ဇွန် ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို တရားရုံးက အာမခံပေး။ RFA (၂၇ ဇန်နဝါရီ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်နဲ့ အစိုးရ လျှို့ဝှက်ချက်အက်။ BBC Burmese (၂၃ ဇွန် ၂၀၂၁)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်လ်အပါအဝင် ၅ ဦးကို ထောင်ဒဏ် ၃နှစ်စီချမှတ်။ DVB (၂၉ စက်တင်ဘာ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NLD အစိုးရလက်ထက် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ထောင်ကပြန်လွတ်။ New Day Myanmar (၁၇ဧပြီ၂၀၂၃)။ 17 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။