စိုးဝင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် စိုးဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ဦးစိုးဝင်း သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန တို့၏ ပြည်ထောင်စုဝန်ကြီးဟောင်း တစ်ဦးဖြစ်သည်။ ၂၀၁၈ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း နုတ်ထွက်ပြီးနောက် ဝန်ကြီးဖြစ်လာသူဖြစ်သည်။ ဝန်ကြီးဖြစ်လာချိန်တွင် အသက် (၈၀) အရွယ်ရှိပြီဖြစ်သဖြင့် ဦးဝင်းမြင့်အစိုးရအဖွဲ့အတွင်း အသက်အကြီးဆုံးသူ ဖြစ်လာခဲ့သည်။[၂] စက်မှုဝန်ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီးနောက်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဖြစ်လာခဲ့သည်။ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ထိန်းသိမ်းခံခဲ့ရသည်။

စိုးဝင်း
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၂၈ နိုဝင်ဘာ ၂၀၁၉ – ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးဝင်းမြင့်
ယခင်လူကိုယ်တိုင်
ဆက်ခံသူဦးဝင်းရှိန်
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၃၁ ​မေ ၂၀၁၈ – ၂၈ နိုဝင်ဘာ ၂၀၁၉
ယခင်လူဦးကျော်ဝင်း
ဆက်ခံသူကိုယ်တိုင်
စက်မှု ဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး[၁]
တာဝန်သက်တမ်း
၃၀ ​ဇူလိုင် ၂၀၁၉ – ၂၈ နိုဝင်ဘာ ၂၀၁၉
ယခင်လူဦးခင်မောင်ချို
ဆက်ခံသူကိုယ်တိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1938-12-13) ဒီဇင်ဘာ ၁၃၊ ၁၉၃၈ (အသက် ၈၅)
မော်လမြိုင်မြို့ဗြိတိသျှဘားမား
လူမျိုးမြန်မာ

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ဦးစိုးဝင်းကို ၁၉၃၈ခုနှစ် ဒီဇင်ဘာလ ၁၃ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွားမြင်သည်။ ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေးဒီပလိုမာဘွဲ့များ ရရှိခဲ့သည်။ [၁]

အလုပ်အကိုင် ပြင်ဆင်ရန်

ဦးစိုးဝင်းသည် ဘဏ်လုပ်ငန်းနှင့် ငွေကြေးလုပ်ငန်းတွင် (၄၅)နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သည်။ အစိုးရပိုင် နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အထွေထွေ မန်နေဂျာအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ငွေကြေးအကြံပေးကုမ္ပဏီ ဒီလွိုက်၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သည်။[၁]ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုစီးပွားရေးကော်မရှင်အဖွဲ့ဝင်လည်းဖြစ်သည်။

ဝန်ကြီးဘဝ ပြင်ဆင်ရန်

၂၀၁၈ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းပြီးနောက် ဦးကျော်ဝင်း နုတ်ထွက်ခဲ့ရသည်။ ထို့နောက် ဝန်ကြီးအသစ်အဖြစ် ဦးစိုးဝင်းအား နိုင်ငံတော်သမ္မတက အဆိုပြုခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ရာ ၂၀၁၈ခုနှစ် ​မေလ ၃၁ရက်​နေ့တွင် ဦးစိုးဝင်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့သည်။[၃] ၂၀၁၉ခုနှစ် ဇူလိုင်လတွင် စက်မှု ဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦးခင်မောင်ချို နုတ်ထွက်ခဲ့ရပြီးနောက် ဦးစိုးဝင်းသည် စက်မှုဝန်ကြီးဌာနကိုပါ ပူးတွဲကိုင်တွယ်ခဲ့ရသည်။[၄]၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့အား ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပူးပေါင်းခဲ့ပြီး ဦးစိုးဝင်းက ကိုင်တွယ်ခဲ့သည်။[၅] ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းမှုတွင် ထိန်းသိမ်းခံခဲ့ရပြီးနောက် အစိုးရလျို့ဝှက်ချက်များ အက်ဥပဒေနှင့် တရားစွဲဆိုခံထားရသည်။ [၆]

ဦးစိုးဝင်းတရားစွဲဆိုခံထားရသော  နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)အမှုမှာ  ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင် တာနဲလ်၊ ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံ/ဘဏ္ဍာ ဝန်ကြီး ဟောင်း ဦးကျော်ဝင်းတို့နှင့် ပူးတွဲ စွဲဆိုခံထားရသော အမှုဖြစ်သည်။[၇]

အမှုရင်ဆိုင်နေရဆဲကာလတွင် ဦးစိုးဝင်းသည် အူမကြီးကင်ဆာရောဂါ ဝေဒနာကြောင့်  နေပြည်တော်၊ ခုတင် ၁၀၀၀ ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။[၈] တရားရုံးတော်က ဦးစိုးဝင်းအား ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၂ ဇန်နဝါရီ ၂၇ရက် ရုံးချိန်းတွင် အာမခံပေးခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရဆဲ ဝန်ကြီးဟောင်းများထဲ ပထမဦးဆုံးအာမခံရသူ ဖြစ်လာခဲ့သည်။[၉]

၂၀၂၂ စက်တင်ဘာလ ၂၉ ရက် တွင် နေပြည်တော်အထူးတရားရုံးက ၎င်းအား မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့သည်။

၎င်းနှင့်အတူ ပူးတွဲတရားစွဲဆိုခံရသည့်  ဒေါ်အောင်ဆန်းစုကြည်၊စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် ၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့်  ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့လည်း ထောင် ၃နှစ်ကျခံခဲ့ရသည်ကိုတွေ့ရသည်။[၁၀]

ရမည်းသင်းထောင်တွင်း အကျဉ်းချခံနေရသော  ဦးစိုးဝင်းကို ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၈ရက်တွင် စစ်ကောင်စီက  ပြန်လွတ်ပေးသည်။ [၁၁] [၁၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ စက်မှုဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ပူးတွဲတာဝန်ထမ်းဆောင်မည်
  2. စီမံ ဘဏ္ဍာ ဝန်ကြီးသစ် ဘယ်ကဏ္ဍတွေကို အာရုံစိုက် ကိုင်တွယ်ဖို့ လိုလဲ
  3. ဦးစိုးဝင်းကို စီမံဘဏ္ဍာဝန်ကြီးအဖြစ် သမ္မတနှင့် လှတ်တော် အတည်ပြု
  4. ဝန်ကြီးဌာန နှစ်ခုကို ပေါင်းမယ်
  5. ဝန်ကြီးဌာန ၂ ခုကို ပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဟု ပြောင်းလဲ
  6. အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှု ဦးစိုးဝင်း၏ကျန်းမာရေး မကောင်းသဖြင့် စစ်ဆေးခဲ့ခြင်းမရှိ
  7. NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို တရားရုံးက အာမခံပေး (in my)။ ၂၆ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  8. ဖမ်းဆီးခံ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ခွဲစိတ်ကုသမှုခံယူရ (23 ဒီဇင်ဘာ 2021)။ ၂၆ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  9. ခွဲစိတ်ကုသမှု ခံထားရသည့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း အာမခံ ရ (27 ဇန်နဝါရီ 2022)။ ၂၆ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  10. ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်နဲ့ အစိုးရ လျှို့ဝှက်ချက်အက်BBC Burmese (၂၃ ဇွန်၂၀၂၁)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. NLD အစိုးရ လက်ထက် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လွတ်လာRFA (၂၉ အောက်တိုဘာ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. NLD စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လွတ်ဧရာဝတီ (၂၉ အောက်တိုဘာ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။