ကြောက် ကြောက် ကြောက် (ရုပ်ရှင်)

ကြောက် ကြောက် ကြောက် သည် ၂၀၁၇ ခုထွက် မြန်မာ ရင်သိမ့်တုန် ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ သတ္တမအာရုံ ရုပ်ရှင်အတွက် ငြိမ်းချမ်းကျော်၏ ဇာတ်လမ်းကို နေစိုးသော်နှင့် လွင်မင်းအံ့တို့ ဇာတ်ညွှန်းရေးပြီး ဩရသ ရိုက်သည်။ နေတိုးခင်ဝင့်ဝါ၊ ထွန်းထွန်း၊ နန်းမြတ်ဖြိုးသင်း၊ ကျော်ကျော်၊ ပိုပို၊ မင်းသွေးနှင့် နန်းခင်ဇေယျာတို့ အဓိကပါဝင်ထားသည်။

ကြောက် ကြောက် ကြောက်
ရုံတင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာဩရသ
ထုတ်လုပ်သူသတ္တမအာရုံ ရုပ်ရှင်
စာရေးသူနေစိုးသော်
ချင်းတွင်းတာရာ
အခြေခံထားသည်မှာရာဇဝင်ကို
သရုပ်ဆောင်
ဓာတ်ပုံစိန်အုန်း (သစ္စာရောင်စုံ)
တည်းဖြတ်သစ်လွင် (ဇောတိက)
စိုးထွဋ်
ကြာမြင့်ချိန်
၁၂၉ မိနစ်
နိုင်ငံမြန်မာ
ဘာသာစကားဗမာ

နေတိုး၊ နန်းဆုဦး၊ မေမြင့်မိုရ်၊ ထွန်းထွန်းတို့ ပါဝင်သည့် ကြောက် ကြောက် ကြောက် ၂ ကို ၂၀၁၈ ခု၊ နိုဝင်ဘာလတွင် ထပ်မံရိုက်ကူးနေပြီ ဖြစ်သည်။ [၁]

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

သူခိုးတစ်ယောက်အား ကံစွပ်ကာ ဖမ်းမိပြီးနောက် ဖိုးသံလုံးအား ရွာသစ်ရွာ တစ်ရွာလုံးက လူစွမ်းကောင်းဟု ထင်နေသည်။ တကယ်တမ်းမူ ဖိုးသံလုံးမှာ လွန်စွာကြောက်တတ်သူ ဖြစ်သည်။ မင်းညိုမှာ ချောင်းတစ်ဖက်ကမ်းရှိ ထနောင်းပင်ရွာမှ တမာ၏ ချစ်သူ ဖြစ်သည်။ သရုပ်ဆောင် ကျော်ကြားနှင့် မယ်မဒီ ပါဝင်သည့် သရဲကားရိုက်သူများ ရွာသို့ ရောက်လာသည်။ လက်ထပ်ပြီးစ ဇနီးမောင်နှံ ခေတ်ကောင်းနှင့် စိမ့်စမ်းတို့မှာ ခေတ်ကောင်း၏ သူငယ်ချင်းနှစ်ယောက်နှင့်အတူ ပျားရည်ဆမ်းခရီး ထွက်လာသည်။

အဖြေပေးရန် သာယာက ဖိုးသံလုံးအား ရွာအနောက်ဖျားကွင်းစပ်သို့လည်းကောင်း၊ အိမ်ကသဘောတူသူနှင့် မယူလို၍ လာခိုးရန် တမာက မင်းညိုအား ချောင်းကမ်းစပ်သို့လည်းကောင်း၊ ညခန်းရိုက်အပြီး လာကြိုရန် မယ်မဒီက ကျော်ကြားအားလည်းကောင်း အသီးသီး ချိန်းကြသည်။

သူငယ်ချင်းများအား စလို၍ ဗြောက်အိုးကို ကားတွင်း၌ ခေတ်ကောင်းက ဖောက်သည်။ ကားရှေ့ပိုင်းအောက် ဗြောက်အိုးဝင်ကာ ကား မီးစွဲပေါက်ကွဲသည်။ ခေတ်ကောင်းသာ အသက်ရှင်သည်။ လမ်း၌ မြွေကိုက်ကာ အဖြေပေးရန်လာသည့် သာယာ သေသည်။ အခန်းထဲ၌ ပိတ်ထား၍ တမာက အဆိပ်သောက် သေသည်။ ကြိုးဆွဲချသည့် ဇာတ်ဝင်ခန်းရိုက်ရင်း မတော်တဆဖြစ်ကာ မယ်မဒီ သေသည်။ ချိန်းထားသည်ကို စွဲကာ သာယာ၊ တမာ၊ မယ်မဒီနှင့် စိမ့်စမ်းတို့၏ ဝိညာဉ်များက သက်ဆိုင်သူများထံ ထိုဘဝနှင့် သွားတွေ့သည်။

ကြောက်၍ ပြေးရင်း တောထဲ၌ ဖိုးသံလုံး၊ မင်းညို၊ ကျော်ကြားနှင့် ခေတ်ကောင်းတို့ ဆုံကြသည်။ သုဿာန်၌ နေသည့် ပယောဂဆရာထံ လေးယောက်သား ရောက်သွားသည်။ သာယာတို့ လိုက်လာသည်ကိုပယောဂဆရာက ဟန့်နှင်လိုက်သည်။ ခြေဦးတည့်ရာသွားသည့် သာယာတို့မှ အမျှရ၍ ကျွတ်သည်။

တကယ်တမ်းမူ ပယောဂဆရာမှာလည်း သေပြီးသူ ဖြစ်သည်။ ဖိုးသံလုံးတို့ ထပ်ပြေးကြရာ လမ်းကူးစဉ် မင်းညို၊ ကျော်ကြားနှင့် ခေတ်ကောင်းတို့ကို ကားတိုက်သည်။ ၎င်းတို့ မည်သို့မျှ မထိခိုက်။ ထိုအခါမှသာ မင်းညိုသည် ရေနှစ်၍လည်းကောင်း၊ ကျော်ကြားသည် ချောက်ထဲကျ၍လည်းကောင်း၊ ခေတ်ကောင်းသည် ကားပေါက်ကွဲ၍လည်းကောင်း သေပြီးသူများမှန်း သတိရလာသည်။ ဖိုးသံလုံး အမျှဝေ၍ ထိုသုံးယောက် ကောင်းရာရောက်သည်။ ဝမ်းနည်းကာ ပြန်လာသည့် ဖိုးသံလုံးမှာ လမ်း၌ ငုတ်စိုက်နေသည့် သူ့အလောင်းအား တွေ့သည်။ သို့မှသာ သူသည်လည်း သာယာဝိညာဉ်နှင့် တွေ့ကာ ကြောက်ပြေးရင်း ငုတ်စိုက်သေပြီးမှန်း သိသွားတော့သည်။

ဇာတ်ဆောင်များ ပြင်ဆင်ရန်

  • ဖိုးသံလုံး/ဖိုးအာလူး အဖြစ် နေတိုး
  • သာယာ အဖြစ် ခင်ဝင့်ဝါ
  • မင်းညို အဖြစ် ထွန်းထွန်း
  • တမာ အဖြစ် နန်းမြတ်ဖြိုးသင်း
  • ကျော်ကြား အဖြစ် ကျော်ကျော်
  • မယ်မဒီ အဖြစ် ပိုပို
  • ခေတ်ကောင်း အဖြစ် မင်းသွေး
  • စိမ့်စမ်း အဖြစ် နန်းခင်ဇေယျာ

ကိုးကား ပြင်ဆင်ရန်