ခင်ဇော်ဦး

မြန်မာ့နိုင်ငံရေးသမားတစ်ဦး

ဦးခင်ဇော်ဦး (၂၇ ဇွန် ၁၉၆၆ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ ကိုယ်စားပြု၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည်။ [၁] [၂]

ဦးခင်ဇော်ဦး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်မွန်ပြည်နယ် မဲဆန္ဒနယ် ၃
အနိုင်ရမဲ အရေအတွက်၂၁,၉၄၂ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1966-06-27) ၂၇ ဇွန်၊ ၁၉၆၆ (အသက် ၅၇)
ညောင်ပင်ဆိပ်ကျေးရွာ၊ ကျိုက်မရောမြို့နယ်မွန်ပြည်နယ်
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ကြူကြူဝေ
သားသမီး
မိဘဦးစံသိန်း
ဒေါ်ညွန့်ရီ
မိခင်ကျောင်းမော်လမြိုင်တက္ကသိုလ်

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

ဦးခင်ဇော်ဦးကို ၁၉၆၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် မွန်ပြည်နယ်ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ်ရွာ၌ မွေးဖွားခဲ့သည်။ မော်လမြိုင်တက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့သည်။

နိုင်ငံရေး ပြင်ဆင်ရန်

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ မဲအရေအတွက် ၂၁,၉၄၂ မဲဖြင့် ရွေးကောက်ခံခဲ့ရသည်။[၁] [၂][၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Mp Profile (in my)။ Pyidaungsu Hluttaw။ 22 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2018 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Mp Profile (in my)။ Amyotha Hluttaw။ 14 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2018 တွင် ပြန်စစ်ပြီး။
  3. Elections Results – Global New Light Of Myanmar။ Myanmar1329.rssing.com။ 2018-08-31 တွင် ပြန်စစ်ပြီး။