ဦးခင်မောင်ရီ (၁၅ ဖေဖော်ဝါရီ ၁၉၆၅ဖွား) သည် လက်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[၁] သူ့ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့တွင် ခန့်အပ်သည်။ အဆိုပါရာထူးတွင် ခန့်အပ်မခံရမီက ဦးခင်မောင်ရီသည် ယင်းဝန်ကြီးဌာန တွင် အမြဲတမ်းအတွင်းဝန်(ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ) အဖြစ် ထမ်းဆောင်ခဲ့သည်။[၂]


ခင်မောင်ရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးအုန်းဝင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၅ ဖေဖော်ဝါရီ ၁၉၆၅&#၁၆၀;(၁၉၆၅-၀၂-၁၅) (အသက် ၅၉)
လူမျိုးမြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
အမှုထမ်းကာလ၁၉၈၉ -၂၀၀၃
ရာထူးဗိုလ်မှူး

စစ်မှုထမ်းဘဝ ပြင်ဆင်ရန်

ဦးခင်မောင်ရီသည် ၁၉၈၆ တွင် ဗိုလ်သင်တန်းကျောင်းသို့ တက်ရောက်ကာ ၂၀ဝ၃ ခုနှစ် မတိုင်ခင်အထိ စစ်မှုထမ်းသည်။ ယင်းနောက် သစ်တောရေးရာဝန်ကြီးဌာန သို့ အရပ်သား အရာရှိဘဝ ဖြင့် ကူးပြောင်းလာသည်။ထိုမှ တဆင့် ရာထူးအဆင့်ဆင့်တိုးပြီး သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ လက်ထက် တွင် မြန်မာ့သစ်လုပ်ငန်း ၏ အကြီးအကဲ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်လာသည်။[၃] [၄] သူသည် သမ္မတဦးထင်ကျော် လက်ထက်၊သမ္မတဦးဝင်းမြင့် လက်ထက် တို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန် အဖြစ် တာဝန်ထမ်းဆောင်သည်။

ဝန်ကြီးဘဝ ပြင်ဆင်ရန်

သူ့ကို စစ်ကောင်စီက စစ်အာဏာသိမ်းပြီး ၁ရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရာထူးမှ နေ၍ ယင်းဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်သည်။ [၅]

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် နေထိုင်နေသည့် ယွန်းနဒီ မှာ ဦးခင်မောင်ရီ ၏ သမီးဖြစ်သည်။[၆]

အရေးယူပိတ်ဆို့ခံရမှု ပြင်ဆင်ရန်

၂၀၂၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားသားပိုင် ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာနက ဦးခင်မောင်ရီကို စီးပွားရေး ပိတ်ဆို့ခံ လူပုဂ္ဂိုလ် အထူးစာရင်းထဲ ထည့်သွင်းသည်။ အလားတူ ဥရောပသမဂ္ဂ အဖွဲ့ကလည်း ၂၀၂၁ ခုနှစ် ဇွန် ၂၁ရက်နေ့တွင် ဦးခင်မောင်ရီ ကို အရေးယူပိတ်ဆို့ ကြောင်း ကြေညာသည်။[၇] ထို့အပြင် ၂၀၂၁ ခုနှစ် ဇူလိုင် ၁ရက်နေ့တွင် ဆွစ်ဇာလန် အစိုးရက ဒဏ်ခတ်အရေးယူသည်။ [၈]

အပ်နှင်းခံရသည့်ဘွဲ့ ပြင်ဆင်ရန်

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် ၊ မတ်လ ၂၇ ရက် တွင် သီရိပျံချီဘွဲ့ အပ်နှင်းသည်။ [၉]


ကိုးကား ပြင်ဆင်ရန်

  1. ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံသတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၂၉ စက်တင်ဘာ ၂၀၂၃)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. အနာဂတ်အတွက် အရန်သတ္တုသိုက်ဧက ၁ သန်းကျော်ချန်ထားဟု အမြဲတမ်းအတွင်းဝန် ဆိုDVB (၂၆ ဧပြီ ၂၀၁၇)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား အာရှဖွံ့ဖြိုးရေးဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Winfried F. Wicklein ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေး (၂၁-၁-၂၀၁၅)သစ်တောဦးစီးဌာန (၂၁ ဇန်နဝါရီ ၂၀၁၅)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. မြန်မာစစ်အစိုးရ၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့EIA (၁၈ မေ ၂၀၂၁)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. UNION MINISTER APPOINTMENT: STATE ADMINISTRATION COUNCIL ISSUES ORDER NO (9/2021)mitv (3 February 2021)။ 2 October 2023 တွင် ပြန်စစ်ပြီး။
  6. ဦးခင်မောင်ရီnwayoomyanmar (၄ မတ် ၂၀၂၁)။ 4 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. implementing Regulation (EU) No 401/2013 concerning restrictive measures in view of the situation in Myanmar/BurmaTHE COUNCIL OF THE EUROPEAN UNION (21 June 2021)။ 2 October 2023 တွင် ပြန်စစ်ပြီး။
  8. စစ်ခေါင်းဆောင် မိသားစုဝင်နှင့် ဆက်စပ်လုပ်ငန်းများကို အမေရိကန် ထပ်တိုးအရေးယူဧရာဝတီသတင်း (၃ ဇူလိုင် ၂၀၂၁)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းသတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၂၇ မတ် ၂၀၂၂)။ ၂ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။