ခင်မောင်ဦး
ဦးခင်မောင်ဦးသည် ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ်တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖြစ်လာကာ ဩဂုတ်လ ၁ရက်နေ့တွင် အိမ်စောင့်အစိုးရဖွဲ့သောအခါ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် အနားယူခဲ့သည်။[၂][၃][၄]
ဦးခင်မောင်ဦး | |
---|---|
ဘူးရယ် | |
ကယားပြည်နယ် ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၁ ဩဂုတ် ၂၀၂၁ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
ယခင်လူ | ကိုယ်တိုင် (ပစက ဥက္ကဋ္ဌအဖြစ်) |
ဆက်ခံသူ | ဦးဇော်မျိုးတင်[၁] |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
သမ္မတ | ဦးသိန်းစိန် |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | အယ်ဖောင်းရှို |
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဩဂုတ် ၂၀၂၁ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ကိုယ်တိုင် (ဝန်ကြီးချုပ်) |
ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
မဲဆန္ဒနယ် | ဘော်လခဲမြို့နယ် (၁) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ |
နိုင်ငံရေးပါတီ | ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (၂၀၁၇ - ၂၀၂၀) |
အခြား နိုင်ငံရေးလွှမ်းမိုးမှု | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၂၀၁၀ - ၂၀၁၅) |
ရွေးကောက်ပွဲဝင်ခြင်း
ပြင်ဆင်ရန်ဦးခင်မောင်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ်ဖြင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဘော်လခဲမြို့နယ် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ကယားပြည်နယ် လွှတ်တော် အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၅]
၂၀၁၅ ဇွန်လ ၂၈ ရက်နေ့တွင် ကယားပြည်နယ်၏ ပို့ဆောင်ရေးဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီး၊ စက်မှုဝန်ကြီးနှင့် ဗမာတိုင်းရင်းသားဝန်ကြီးများနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်ခဲ့သည်။[၆] ၂၀၁၅ ဇူလိုင် ၁၃ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးခင်မောင်ဦးအား ပါတီစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီ၏ မူဝါဒများကို ဖောက်ဖျက်သည်ဟုဆိုကာ ပါတီမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။[၆]
အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှနေ၍ ထပ်မံဝင်ပြိုင်ရာ အနိုင်မရခဲ့ဘဲ ရှုံးနိမ့်ခဲ့သည်။
ယင်းနောက် နိုင်ငံရေးလှုပ်ရှားမှုများမှ ခေတ္တအနားယူပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ သို့ ဝင်ရောက်ခဲ့သည်။
အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး လွိုင်ကော်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) မှနေ၍ ဝင်ပြိုင်ရာတွင်လည်း ရွေးချယ်မခံရဘဲ ရှုံးနိမ့်သည်။[၇]
၂၀၂၀ ဒီဇင်ဘာ ၂၂ရက်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ မှ နုတ်ထွက်သည်။[၈]
စစ်မှုထမ်းခြင်း
ပြင်ဆင်ရန်ဦးခင်မောင်ဦးသည် အငြိမ်းစား တပ်မတော်(လေ) တိုက်လေယာဉ်မှူး အရာရှိဟောင်းတစ်ဦး ဖြစ်သည်။ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၁၄) ကျောင်းဆင်းတစ်ဦးဖြစ်ကာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
မိသားစုဘဝ
ပြင်ဆင်ရန်ဦးခင်မောင်ဦးသည် လွိုင်ကော်မြို့ ဇာတိ ကယားတိုင်းရင်းသားတစ်ဦးဖြစ်သည်။ ဦးခင်မောင်ဦး၏ ဖခင်ဖြစ်သူ ဦးကျော်ဒင်သည် ဆိုရှယ်လစ်ခေတ်က ကရင်နီပြည်သူ့ကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။[၉]
ကိုးကား
ပြင်ဆင်ရန်- ↑ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးသိန်းနှင့် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဇော်မျိုးတင်တို့အား ခန့်အပ်။
- ↑ NOMINATIONS OF CHIEF MINISTERS FOR REGIONS AND STATES။ Euro-Burma Office (၁၈ ဖေဖော်ဝါရီ ၂၀၁၁)။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၈ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း"။
- ↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈ / ၂၀၂၂"။
- ↑ "Karenni State MPs"၊ Alternative Asean Network on Burma။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ ၆.၀ ၆.၁ ဝလုံး။ "USDP chief and ministers resign in Kayah State"၊ မြန်မာတိုင်းမ်၊ ၁၆ ဇူလိုင် ၂၀၁၅။ ၁၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းကြေညာ၊ ဝန်ကြီးချုပ်ဟောင်း ဝင်ပြိုင်မည်။ DVB Burmese (၆ ဩဂုတ် ၂၀၂၀)။ ၆ ဇွန်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဦးခင်မောင်ဦး(ခ)ဘူးရယ် က KySDP ကနေ နုတ်ထွက်ထားသူဟုကြေညာချက်ထုတ်ပြန်။ Kantarawaddy Time (၃ ဖေဖော်ဝါရီ ၂၀၂၁ )။ ၆ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဇေသူ။ "ဒီမိုကရေစီ အစိုးရတွင်လည်း မဆလလူကြီးများ၏ သားသမီးများသာ ရာထူးကြီးများ ရယူထား"၊ Tomorrow၊ ၂၇ ဩဂုတ် ၂၀၁၄။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 9 July 2015။