ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများ

ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများသည် ၂၀၂၁အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ခွဲများဖြစ်သည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) (၇)ခု၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ (တစက) (၇)ခု ရှိသည်။ စီမံအုပ်ချုပ်ရေးကောင်စီများကို ဥက္ကဋ္ဌနှင့် ကောင်စီဝင်များဖြင့် ဖွဲ့စည်းထားသည်။ ယခင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များကဲ့သို့ပင် ပြည်နယ်နှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးကောင်စီများ၏ အတွင်းရေးမှူးများဖြစ်ကြသည်။၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစ၍ ပြည်နယ်/တိုင်း စီမံအုပ်ချုပ်ရေးကောင်စီများကို ပြည်နယ်နှင့်တိုင်း​ဒေသကြီးအစိုးရအဖွဲ့များအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။[၁]

ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများ
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၂ ဖေဖော်ဝါရီ ၂၀၂၁ (၂၀၂၁-၀၂-၀၂)
ဖျက်သိမ်းခြင်း၁ ဩဂုတ် ၂၀၂၁
ဌာနချုပ် မြန်မာ
မိခင်ဌာနနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းပိုက်ပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို တာဝန်မှ ရပ်စဲခဲ့သည်။ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ကာ ၎င်းကောင်စီ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ကောင်စီခွဲများအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ယခင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးများသည် ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးများဖြစ်လာသည်။

အခွင့်အာဏာ ပြင်ဆင်ရန်

ပြည်နယ်နှင့် တိုင်းဒေသကြီး ကောင်စီဥက္ကဋ္ဌများသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကဲ့သို့ လည်းကောင်း၊ ကောင်စီဝင်များသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများကဲ့သို့လည်းကောင်း အခွင့်အာဏာရှိကြသည်။[၂]

ကောင်စီဥက္ကဋ္ဌများ ပြင်ဆင်ရန်

၂၀၂၁ အာဏာသိမ်းစစ်ကောင်စီသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ကောင်စီများ၏ ဥက္ကဋ္ဌများကို ယခင် နအဖလက်ထက်ကကဲ့သို့ တပ်မတော်စစ်တိုင်းမှူးများကို ခန့်အပ်ခြင်းမပြုဘဲ တပ်မတော်နှင့် နီးစပ်သော အခြား ပြင်ပပုဂ္ဂိုလ်များကို ခန့်အပ်ခဲ့သည်။ ယခင် နအဖအစိုးရလက်ထက်တွင် သက်ဆိုင်ရာ စစ်တိုင်းမှူးများသည် ပြည်နယ်နှင့် တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများ၏ ဥက္ကဋ္ဌများဖြစ်ကြသည်။[၃][၄][၅]

အမှတ်စဉ် အမည် တိုင်း/ပြည်နယ်
ဦးခက်ထိန်နန် ကချင်
ဦးခင်မောင်ဦး ကယား
စောမြင့်ဦး ကရင်
ချင်း
ဦးမောင်မောင်လင်း (၃.၂.၂၀၂၁ - ၁.၈.၂၀၂၁) စစ်ကိုင်း
ဦးတင်အောင် (၃.၂.၂၀၂၁ - ၁.၈.၂၀၂၁) တနင်္သာရီ
ဦးမျိုးဆွေဝင်း ပဲခူး
ဦးတင့်လွင် မကွေး
ဦးမောင်ကို မန္တလေး
၁၀ ဒေါက်တာတင်ဌေး မွန်
၁၁ ဒေါက်တာအောင်ကျော်မင်း ရခိုင်
၁၂ ဦးလှစိုး ရန်ကုန်
၁၃ ဒေါက်တာကျော်ထွန်း ရှမ်း
၁၄ ဦးရဲမြင့် (၃.၂.၂၀၂၁ - ၁.၈.၂၀၂၁) ဧရာဝတီ

ကောင်စီဝင်များ ပြင်ဆင်ရန်

[၆]

ကချင်ပြည်နယ် ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး ကျော်လင်းအောင်
  • ဦးမျိုးဆွေ
  • ဦးတိန့်ဆောင်

ကယားပြည်နယ် ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး မြင့်ဝေ
  • ဦးပေါလူချမ်း
  • ဒေါ်စူးမြာယဉ်ယဉ်လေး

ကရင်ပြည်နယ် ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး မျိုးမင်းနောင်
  • စောခင်မောင်မြင့်
  • ဦးဇော်ဝင်း

ချင်းပြည်နယ် ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး ဟန်ဝင်းအောင်
  • ဦးငွန်းဆွန်းအောင် (၂ ဖေဖော်ဝါရီ ၂၀၂၁ - ဖေဖော်ဝါရီ ၂၀၂၁)
  • ဦးဂိုဆွင်းခိုင်

စစ်ကိုင်းတိုင်းဒေသကြီး ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး ဝင်းတင်စိုး
  • ဦးမောင်ကြီး
  • ဒေါ်ရီရီသန်း

တနင်္သာရီတိုင်းဒေသကြီး ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး ကျော်ဇေယျ
  • ဦးမောင်ကြီး
  • ဦးခင်မောင်မြင့်

ပဲခူးတိုင်းဒေသကြီး ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး လှမျိုးရွှေ
  • ဦးဌေးလွင်ဦး
  • ဦးတင်ဦး

မကွေးတိုင်းဒေသကြီး ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး မင်းဦး
  • ဒေါက်တာစန်းလှိုင်
  • ဦးစိုင်းမြင့်အေး

မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး ကျော်ကျော်မင်း
  • ဦးမျိုးအောင်
  • ဦးသိန်းဌေး

မွန်ပြည်နယ် ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး နေထွဋ်ဦး
  • ဦးဇော်လင်းထွန်း
  • ဦးအောင်ကြည်သိန်း

ရခိုင်ပြည်နယ် ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး မင်းသန်း
  • ဦးစံရွှေမောင်
  • ဦးသန်းထွန်း

ရန်ကုန်တိုင်းဒေသကြီး ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး ဝင်းတင့်
  • ဦးအောင်သန်းဦး
  • ဦးဇော်ဝင်း

ရှမ်းပြည်နယ် ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး လှဦး
  • ဦးခွန်သိန်းမောင်
  • ဦးစိုင်းလိတ်

ဧရာဝတီတိုင်းဒေသကြီး ပြင်ဆင်ရန်

  • ဗိုလ်မှူးကြီး ကျော်စွာလှိုင်
  • ဦးတင်အေး
  • ဦးအုန်းမြင့်

ကိုးကား ပြင်ဆင်ရန်

  1. "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်း"။ 
  2. "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ခန့်အပ်တာဝန်ပေးခြင်း"။ 
  3. "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း"။ 
  4. "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး"။ 
  5. စစ်ကိုင်း၊ တနင်္သာရီနှင့် ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများအား တာဝန်မှ အနားယူခွင့်ပြုခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးဌာနအချို့ကို ပြင်ဆင်ဖွဲ့စည်း
  6. "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြည့်စွက်တာဝန်ပေးခြင်း"။