ကုန်းဘောင်ခေတ်ဘိုးတော်ဘုရား လက်ထက်၊ ၁၈၁၁-ခုနှစ်တွင် ကင်းဘာရင်း King-bering (ခေါ်) ချင်းပြန် ဆိုသူသည် လက်နက်အပြည့်အစုံနှင့် ရခိုင်များကို ခေါင်းဆောင်ကာ နတ်မြစ်ဝကို ဖြတ်ပြီး ရခိုင်တိုင်းသို့ ဝင်ရောက်တိုက်ခိုက်သည်။ မောင်တော နှင့် မြောက်ဦးမြို့ကိုပင် သိမ်းပိုက်လိုက်သည်။ [၁] ချင်းပြန်အား အင်္ဂလိပ်လူမျိုးတို့က ကင်းဘာရိမ်း(King-bering/King-buring)ဟု ခေါ်ဝေါ်ကြသည်။ တောင်ပေါ်သား ချင်းလူမျိုးတို့ထံမှ ဖခင်ဖြစ်သူ ပြန်လာသောအချိန်တွင် မွေးဖွားသူဖြစ်သဖြင့် ချင်းပြန် (Khyen-bran)ဟု ခေါ်ခြင်းဖြစ်သည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. မောင်သော်၊ အိန္ဒိယ မြန်မာ ဆက်ဆံရေးမှတ်တမ်း၊ ၁၉၆၆-ခု၊ မေလ၊ စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်၊ စာ-၂၄
  2. King-bering by B.R.Pearm, B.R.S Vol.23, Part-2, 1933