ချစ်အမျှ (၁၉၇၉ ရုပ်ရှင်)
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ချစ်အမျှ (၁၉၇၉) ရုပ်ရှင်သည် ၁၉၄၀ ခုနှစ်က ရုံတင်ခဲ့သော ဒါရိုက်တာမောင်တင်မောင် (အေဝမ်းတင်မောင်) ကိုယ်တိုင်ပါဝင်သရုပ်ဆောင်၍ မေရှင်၊ မေမြင့်၊ မြင့်ဆွေ၊ ဦးဘရှင်၊ ဦးဘိုးသောင်းတို့ဖြင့် ရိုက်ကူခဲ့သည့် ချစ်အမျှဇာတ်ကားကို ဦးသုခက ဒုတိယအကြိမ် ပြန်လည်ဆန်းသစ် ရိုက်ကူးထားခြင်းဖြစ်သည်။ မူရင်းချစ်အမျှဇာတ်ညွှန်းသည် စာရေးဆရာသုခအနေဖြင့် ပထမဆုံးရေးသားခဲ့သော ဇာတ်ညွှန်းဖြစ်သည်။ ချစ်အမျှ (၁၉၇၉) သည် ဒါရိုက်တာ ဦးသုခ၏ ဒါရိုက်တာအဖြစ်ရိုက်ကူးသော ၃၀ကားမြောက်ဇာတ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားတွင် ဇော်လင်း၊ ခင်ယုမေ၊ ချိုပြုံး၊ အံ့ကျော်၊ သိုက်စိုးတို့ ပါဝင်သရုပ်ဆောင်ခဲ့သည်။ အဆိုပါရုပ်ရှင်ဇာတ်ကားကို ၁၉၇၉ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။ ၁၉၇၉ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို မင်းသမီးချိုပြုံးက ပထမဆုံးအကြိမ် ရရှိခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်သမိုင်းဖြစ်စဉ်ထဲက ဒါရိုက်တာဦးသုခ၏ ရုပ်ရှင်ကားများ (ဆောင်းပါး)- ကျော်သန်းမြင့် (ဗန်းမော်) အေဝမ်းတင်မောင် ဦးသုခ
ဤ မြန်မာ ရုပ်ရှင်ဇာတ်ကားများနှင့် ဆက်နွယ်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |