ချာလီသန်း

ပြည်​ထောင်စုဝန်ကြီး

ဒေါက်တာချာလီသန်း (အင်္ဂလိပ်: Charlie Than) သည် စက်မှု ဝန်ကြီးဌာန၏ လက်ရှိပြည်ထောင်စုဝန်ကြီးဖြစ်သည်။ ဝါရင့်အင်ဂျင်နီယာ၊ ဧည့်ပါ​မောက္ခ၊ ပါမောက္ခချုပ်အငြိမ်းစားတစ်ဦးဖြစ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဥက္ကဋ္ဌ[၁]အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။ ထို့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ နာယကအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၂]

ချာလီသန်း
စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၂ မေ ၂၀၂၁
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးဝင်းရှိန် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးအဖြစ်)
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်
တာဝန်သက်တမ်း
၂၀၀၈ – ၂၀၁၃
ယခင်လူ​ဒေါက်တာသိန်းထွန်း​
ဆက်ခံသူ​ဒေါက်တာမြတ်လွင်
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်စက်မှုတက္ကသိုလ်
အလုပ်အကိုင်အင်ဂျင်နီယာ၊ ပါမောက္ခချုပ်၊ ဝန်ကြီး

၂၀၂၁ခုနှစ်တွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ယခင်ဦးဝင်းမြင့်အစိုးရလက်ထက်တွင် ပေါင်းစည်းခဲ့သည့် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့အား ပြန်လည်ခွဲထုတ်ခဲ့သည်။ ထို့နောက် ဒေါက်တာချာလီသန်းအား စက်မှုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ပညာရေးပြင်ဆင်

ဒေါက်တာချာလီသန်းသည် ၁၉၇၄ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ဖြင့် ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဘွဲလွန်အဖြစ် ရေကြောင်းအင်ဂျင်နီယာပိုင်းတွင်လည်းကောင်း၊ ဒေါက်တာဘွဲ့ကို ရေတပ်ဗိသုကာပိုင်းဖြင့်လည်းကောင်း ရရှိခဲ့သည်။ ၎င်းရရှိခဲ့​သော ဘွဲ့များမှာ B.E(Mech)၊ M.E(Marine)၊ PhD(Naval Architecture)၊ FRINA၊ FIMarEST၊ CEng၊ CMarEng တို့ဖြစ်သည်။

အလုပ်အကိုင်ပြင်ဆင်

ဝန်ထမ်းဘဝပြင်ဆင်

အင်ဂျင်နီယာဘွဲ့ရရှိပြီးနောက် ၁၉၇၅ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၌ အကြီးတန်းအင်ဂျင်နီယာ၊ ရတနာပုံ၊ ဒလ၊ အလုံ သင်္ဘောကျင်းများ၊ ရေကြောင်းအင်ဂျင်နီယာကဏ္ဍများ၌ ၂၀၀၂ခုနှစ်အထိ ၂၆နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။[၃] ၁၉၉၆ခုနှစ်တွင် တပ်မတော်နည်းပညာတက္ကသိုလ်၌ ရေတပ်ဗိသုကာနှင့် ရေကြောင်းအင်ဂျင်နီယာပိုင်းတွင် ဧည့်ကထိကအဖြစ် ဆောင်ရွက်ခဲ့သည်။ထို့​နောက် ဧည့်ပါ​မောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ [၄]

၂၀၀၂ခုနှစ်တွင် အသစ်တည်ထောင်လိုက်သော မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဖြစ်လာခဲ့သည်။ ထိုတက္ကသိုလ်သည် ထိုစဉ်က မြန်မာ့တက္ကသိုလ်များတွင် သင်ကြားမှုပုံစံ အကောင်းဆုံးဖြစ်သည်။ ၂၀၀၈ခုနှစ်တွင် ပါမောက္ခချုပ်ဖြစ်လာပြီး ၂၀၁၃ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

ဝန်ထမ်းဘဝမှအငြိမ်းစားယူပြီး ပြင်ပလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ခဲ့ကာ နောက်ပိုင်းတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် နာယက၊ ၂၀၁၆ခုနှစ်တွင် အင်ဂျင်နီယာကောင်စီ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[၂]

ပြည်ထောင်စုဝန်ကြီးပြင်ဆင်

၂၀၁၉ခုနှစ်တွင် စက်မှုဝန်ကြီး ဦးခင်မောင်ချို ရာထူးမှနုတ်ထွက်ခဲ့သည်။ ထို့နောက် စက်မှုဝန်ကြီးဌာနအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနဟူ၍ ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ခုနှစ်တွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်တက်လာသော တပ်မတော်အစိုးရသည် ၂၀၂၁ခုနှစ်မေလတွင် ထိုဝန်ကြီးဌာနများအား ပြန်လည်ခွဲထုတ်ခဲ့သည်။[၅]ထို့နောက် စက်မှုဝန်ကြီးဌာနအတွက် ဒေါက်တာချာလီသန်းကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[၆]

ကိုးကားပြင်ဆင်