ချောင်ချောင်း

အရှေ့ဟန်ခေတ်က တရုတ်စစ်ဘုရင် တစ်ဦး

ချောင်ချောင်း (ဤအသံ အကြောင်းpronunciation ; [tsʰǎu tsʰáu]; တရုတ်: 曹操; အင်္ဂလိပ်: Cao Cao; အေဒီ ၁၅၅-၂၂၀ )[၂] အများသိအမည် -မုန့်ဒယ် (တရုတ်: 孟德) သည် တရုတ်စစ်ရေးစစ်ရာ အရှင်သခင်၊ နိုင်ငံရေးသမား၊ ကဗျာဆရာတစ်ဦးဖြစ်သည်။ အရှေ့ဟန်မင်းဆက်၏ ဒုတမယမြောက်နောက်ဆုံး မဟာနန်းရင်းဝန်လည်းဖြစ်ပြီး အရှေ့ဟန်မင်းဆက်၏ နောက်ဆုံးနှစ်များတွင် ၎င်း၏အာဏာစက်သည် လွန်စွာကြီးမားကျယ်ပြန့်ခဲ့ကာ သုံးပြည်ထောင်ခေတ်၏ အထင်ကရပုဂ္ဂိုလ်များထဲကတစ်ဦးဖြစ်၏ ။ ချောင်းဝေပြည်ထောင်ဟု ပေါ်ထွန်းလာမည့်နိုင်ငံအတွက် အခြေခံအုတ်မြစ်များကို အခြေချပေးခဲ့သူ၊ ၎င်း၏ဘဝသက်တမ်းတစ်လျှောက် ဧကရာဇ် ပြည့်ရှင်မဖြစ်ခဲ့သော်လည်း သေလွန်သောအခါ သားဖြစ်သူချောင်ဖီက ၎င်းကို "ဝေပြည်၏ ဝူဧကရာဇ်" အဖြစ် ဂုဏ်ပြုခဲ့သည်။ သို့သော် သမိုင်းကြောင်းအရ အငြင်းပွားဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး နောက်ပိုင်းပေါ်ပေါက်လာခဲ့သော စာပေများ၌ ချောင်ချောင်းကို ရက်စက်သော၊ ဂရုဏာမဲ့သောသူတစ်ဦးအဖြစ် ဖော်ကျူးခဲ့ကြသည်။ တစ်ဖက်၌လည်း ၎င်းကို ဉာဏ်စွမ်းဉာဏ်စထက်မြက်သော အုပ်ချုပ်သူ၊ စစ်ရေးစစ်ရာကဝေတစ်ဦး၊ လက်အောက်ငယ်သားများကို မိသားစုဝင်များကဲ့သို့ စောင့်ရှောက်တတ်သည့် ဩဇာတိက္ကမနှင့်ပြည့်စုံသောသူဟူ၍လည်း ချီးမြောက်ကြပေသည်။[ကိုးကားချက်လိုသည်]

ချောင်ချောင်း
မင်မင်းဆက်လက်ထက်က ချောင်ချောင်း၏ သရုပ်ဖော်ပုံ။ (စန်းချိုင်ထောဟွေစွယ်စုံကျမ်း)
ဝေ၏ဘုရင်အဖြစ် (魏王)
ရာထူးသက်တမ်း၂၁၆-၂၂၀ မတ် ၁၅
နောက်မင်းဆက်ချောင်ဖီ
ဝေနယ်စားမင်းကြီး (魏公)
ရာထူးသက်တမ်း၂၁၃-၂၁၆
နန်းရင်းဝန် (丞相)
ရာထူးသက်တမ်း၂၀၈-၂၂၀ မတ် ၁၅
နောက်မင်းဆက်ချောင်ဖီ
အလုပ်သမားရေးရာအမတ် (司空)
ရာထူးသက်တမ်း၁၉၆-၂၀၈
မွေးဖွား၁၅၅
ဟန်မင်းဆက်၊ ပေပြည်နယ်၊ ချောင်းနယ်
ကွယ်လွန်၁၅ မတ်၊ ၀၂၂၀(220-03-15) (အသက် ၆၄–၆၅)
ဟန်အင်ပါယာ၊ လို့ယန်မြို့
ထာဝရ အိပ်စက်ရာ နေရာ၂၂၀ ဧပြီ ၁၁
ချောင်ချောင်း ဂူဗိမာန်
မိဖုရားConsort Ding
Empress Wuxuan
Consort Liu
Consort Huan
Consort Du
Consort Qin
Consort Yin
Lady Sun
Lady Li
Lady Zhou
Lady Chen
Lady Liu
Lady Song
Lady Zhao
သားသမီးများCao Ang
Cao Pi
Cao Zhang
Cao Zhi
Cao Xiong
Cao Shuo
Cao Chong
Cao Ju
Cao Yu
Cao Lin
Cao Gun
Cao Xuan
Cao Jun
Cao Ju
Cao Gan
Cao Zishang
Cao Biao
Cao Ziqin
Cao Zicheng
Cao Zizheng
Cao Zijing
Cao Jun
Cao Ziji
Cao Hui
Cao Mao
Empress Xianmu
Princess Anyang
Princess Jinxiang
Princess Qinghe
two other daughters
အမည် အပြည့်အစုံ
မိသားစုအမည်: ချောင် (曹)
ကိုယ်ပိုင်အမည်: ချောင်း (操)
လောကဝတ်အမည်(အများခေါ်): မုန့်ဒယ် (孟德)
အမည်ပြောင်:
  • Jílì (吉利)
  • အာ့မန် (阿瞞)[၁]
ကွယ်လွန်ပြီးနောက် အမည်
ဧကရာဇ်ဝူ (武皇帝)
Temple name
ထိုက်ဇူ (太祖)
စံအိမ်ချောင်အိမ်တော်
ခမည်းတော်ချောင်စုံ
မယ်တော်ဒင်အမျိုးသမီး
ချောင်ချောင်း
Cao Cao's name in regular Chinese characters
တရုတ်曹操

အရှေ့ဟန်ပြည်ပြိုကွဲပြီးနောက် ချောင်ချောင်းသည် တရုတ်ပြည်၏ မြောက်ပိုင်းနယ်မြေအများစုကို စုရုံးသိမ်းသွင်းနိုင်ခဲ့ကာ ထိုနယ်မြေများသည် လူအများစုနေထိုင်သော နာ်များဖြစ်သည်။ ချောင်ချောင်းသည် နန်းရင်းဝန်အနေဖြင့် ပြည်သူပြည်သားများကြား ငြိမ်ဝပ်ပိပြားအောင်ပြုလုပ်ရာတွင်လည်းကောင်း စီးပွားရေးရာတိုးတက်မှုများပြုလုပ်ရာတွင်လည်းကောင်း အလွန်အောင်မြင်ခဲ့သော်လည်း ဟန်ဧကရာဇ်မင်း ရှန်းကို ရုပ်သေးရုပ်ပမာ ဆက်ဆံ၍ နန်းရေးနန်းရာများကို ဧကရာဇ်အစား ၎င်းကသာ ထိန်းချုပ်အုပ်စိုးခဲ့သောကြောင့် ပြင်းစွာ ဝေဖန်ခြင်းခံခဲ့ရသည်။ ထိုခေတ်တွင် တိုင်ပြည်သည် အဓိကနယ်မြေသုံးခုကွဲပြားခဲ့ရာ တိုက်ရိုက်အနေဖြင့် ချောင်ချောင်း မချေမှုန်းနိုင်ခဲ့သော ပြိုင်ဖက်ပုဂ္ဂိုလ်များမှာ ဝူပြည်က စွန်းချွမ်၊ ရှူပြည်က လျှိုပေ့ တို့ဖြစ်ကြသည်။

ချောင်ချောင်းသည် ကဗျာလင်္ကာ၊ တရုတ်စာအရေးအသား (လက်ရေး) နှင့် သိုင်းပညာတို့တွင်လည်း ဆရာတစ်ဆူဖြစ်ကာ ဆွန်ဇူး ရေးသားခဲ့သော "စစ်သေနကဗျူဟာ"ကျမ်းကို ထပ်တိုးမှတ်ချက်များအပါအဝင် စစ်ရေးဆိုင်ရာနေ့စဉ်မှတ်တမ်းများစွာကို ရေးသားခဲ့သည်။ တရုတ်ပြည်၏ ထင်ရှားကျော်ကြားသော ဧကရာဇ်ပြည့်ရှင်အများစုကြား၌ ၎င်းကို အမှတ်တရရှိကြပေသည်။[ကိုးကားချက်လိုသည်]

ကိုးကား ပြင်ဆင်ရန်

  1. "太祖一名吉利,小字阿瞞。" Pei Songzhi's annotation in Sanguozhi vol. 1.
  2. de Crespigny (2007), pp. 35, 38.