[၁] ဂန္ဓာရရသေ့ စီရင်အပ်သော မန္တန်အတတ်၊ ဂန္ဓာရတိုင်း၌ ဖြစ်သော မန္တန်အတတ်။ (စူဠဂန္ဓာရီ အတတ်, မဟာဂန္ဓာရီအတတ် ၂-မျိုးလုံးနှင့် သက်ဆိုင်၏။ သုံးနှစ်ကျော်က သေခဲ့ပြီးသော သတ္တဝါ၏ ဖြစ်ရာဘုံဌာနကို သိသောအတတ် ပညာသည် စူဠဂန္ဓာရီအတတ်ပညာ မည်၏၊ မဟာဂန္ဓာရီ အတတ်ပညာကား သေခဲ့ပြီးသော သတ္တဝါ၏ဖြစ်ရာ ဘုံဌာနကိုလည်း၏၊ ထိုထက် အလွန်လည်း သိ၏ [၂][၃]

ဝင်္ဂီသပုဏ္ဏားသည် စူဠဂန္ဓာရီအတတ်ပညာကို တဖက်ကမ်းခတ် တတ်မြောက်၏၊ မဟာဂန္ဓာရီ အတတ်ပညာကို သင်ယူလိုသဖြင့် ဘုရားရှင်ထံ ရဟန်း ပြုသည် [၄] [၃]

ပိလိန္ဒဝစ္ဆသည်လည်း မဟာဂန္ဓာရီ အတတ်ကိုသင်ယူလို၍ ဘုရားရှင်ထံ ရဟန်းပြုသူ ဖြစ်သည် [၅] [၃]

ကိုးကား ပြင်ဆင်ရန်

  1. ဂန္ဓာရီ (ထီ) [ဂန္ဓာရ+ဏ+ဤ]
  2. (ဒီ၊ဋီ၊၁၊၃၈၉။ သီ၊ဋီ၊သစ်၊၂၊၄၁၀)။
  3. ၃.၀ ၃.၁ ၃.၂ တိပိဋကအဘိဓာန် အတွဲ-၆
  4. (သံ၊ဋ္ဌ၊၁၊၂၆၀-၂။ အံ၊ဋ္ဌ၊၁၊၂၀၈-၁၁)။
  5. (ထေရ၊ဋ္ဌ၊၁၊၆၃-၅)။ အတ္ထိ ခေါ ဘော ဂန္ဓာရီ နာမ ဝိဇ္ဇာ။ ဒီ၊၁၊၂၀၆။ (ဇာ၊ဋ္ဌ၊၄၊၅၀၃။ သီ၊ဋီ၊သစ်၊၂၊၄၁၀။) ဂန္ဓာရီတိ ဂန္ဓာရေန နာမ ဣသိနာ ကတာ ဂန္ဓာရရဋ္ဌေ ဝါ ဥပ္ပန္နာ ဝိဇ္ဇာ။ ဒီ၊ဋ္ဌ၊၁၊၃၂၂။