Chirocentrus dorab
Dorab wolf-herring
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Clupeiformes
မျိုးရင်း: Chirocentridae
မျိုးစု: Chirocentrus
မျိုးစိတ်:
C. dorab
ဒွိနာမ
Chirocentrus dorab
(Forsskål, 1775)

နှုတ်ခမ်းမွှေးမပါသော ငါးရှည်တစ်မျိုးဖြစ်သည်။ ပါးစပ်သည် စောက်နက်သည်။ ပါးဟက်ဝကျယ်၍ မျက်စိများတွင် အဆီများဖြင့် ပြည့်ဝသော မျက်ခွံများ ဖုံးအုပ်နေသည်။ ကိုယ်မှာလျား၍ ပြားနေသည်။ အထက်မေးရိုးသည် ရှေ့သို့ ငေါထွက်နေ၍ ကိုယ်၏နောက်ပိုင်းကျကျတွင် ဆူးတောင်ငယ်တစ်ခု ရှိသည်။ အရှေ့ဘက်စောင်း တစ်လျောက်၌ ဆံပင်နှင့်တူသော အမျှင်များရှိသည်။ အကြေးခွံများမှာ သေးငယ်၍ ပါးလွှာသည်။ အကြေးခွံလဲတတ်သည်။ စိမ်းပြာရောင် ကျောပြင်ရှိ၍ ဘေးဘက်နှင့် ဝမ်းပိုင်းတွင် ငွေရောင်သန်း၍ နေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ငါးခါးရှည်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။