ငှက်ကြီးတောင်ပင်
Golden leather fern | |
---|---|
အင်ဒိုနီးရှားနိုင်ငံရှိ ဓနိပင်တမျိုးကြားတွင် ပေါက်နေသောငှက်ကြီးတောင်ပင် | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Tracheophytes |
မျိုးပေါင်း: | Polypodiopsida |
မျိုးစဉ်: | Polypodiales |
မျိုးရင်း: | Pteridaceae |
မျိုးရင်းသေး: | Parkerioideae |
မျိုးစု: | Acrostichum |
မျိုးစိတ်: | A. aureum
|
ဒွိနာမ | |
Acrostichum aureum |
ငှက်ကြီးတောင်ပင် (Acrostichum aureum) သည် လမုတောနှင့် စိုစွတ်သော ဒီရေတောများတွင် ပေါက်ရောက်သော ဒရင်ကောက်ပင်မျိုး (Fern) ဖြစ်သည်။ ငှက်ကြီးတောင်ပင်သည် ၁.၈ မီတာ (၆ ပေ) ခန့် ကြီးထွားနိုင်သည်။[၂] ကမ္ဘာအနှံ့ အပူပိုင်းဇုန် သမအပူပိုင်းဇုန်တို့တွင် ပေါက်ရောက်သည်။ ပင်လယ်ရေ ရာသီအလိုက် ရောက်ရှိသော မြစ်ကမ်း၊ ဒီရေတော၊ လမုတောများတွင် ပေါက်ရောက်ပြီး ဆားငန်ရည် ခံနိုင်ရည်ရှိသည့်အပင်ဖြစ်သည်။ ရေချိုတွင်လည်း ကောင်းမွန်စွာ ကြီးထွားနိုင်ပြီး ရေချိုတွင်ဆိုပါက အပင်ပေါက်နှုန်း ပိုကောင်းသည်။ နေရောင်ခြည် အပြည့်အဝရသောနေရာနှင့် လောင်းရိပ်မိသောနေရာတွင်လည်း ကြီးထွားနိုင်သည်။[၂] လမုတောများတွင် ပေါက်ရောက်သော ယင်းအပင်သည် မြန်ဆန်စွာပြန်လည်မျိုးပွားနိုင်ခြင်း၊ ရှင်းလင်းရန်ခက်ခဲသောကြောင့် IUCN ၏ အနီရောင်အဆင့် ခြိမ်းခြောက်ခံရသော မျိုးစိတ်စာရင်းတွင် စိုးရိမ်ရမှုအနည်းဆုံး မျိုးစိတ် အဖြစ် သတ်မှတ်ခံထားရသည်။[၁] ကမ္ဘောဒီးယားနိုင်ငံတွင် အရွက်နုများကို ဟင်းလျာအဖြစ် စားသုံးကြသည်။[၃] မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်လည်း ငှက်ကြီးတောင်အပင်များ ပေါက်ရောက်သည်။[၄]
ဓာတ်ပုံများ
ပြင်ဆင်ရန်ငှက်ကြီးတောင်ပင် | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Ellison, J. (2010). "Acrostichum aureum". IUCN Red List of Threatened Species 2010. IUCN. doi: .
- ↑ ၂.၀ ၂.၁ Hill, K. (2006)။ Acrostichum aureum: Golden leather fern။ Smithsonian Marine Station at Fort Pierce။ 28 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-10-07 တွင် ပြန်စစ်ပြီး။
- ↑ Pauline Dy Phon (2000)။ Plants Utilised In Cambodia/Plantes utilisees au Cambodge။ Phnom Penh: Imprimerie Olympic။ p. 406။ 12 October 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။ 23 October 2021 တွင် ပြန်စစ်ပြီး။
- ↑ ခရိုင်အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း၊ မောင်တောခရိုင်၊ ရခိုင်ပြည်နယ် (PDF)။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန။ 18 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2021 တွင် ပြန်စစ်ပြီး။