စစ်လက်ရုံးတပ်ဖွဲ့ (သို့မဟုတ် ပစ်ကူပေးတပ်ဖွဲ့) ဆိုသည်မှာ မြေပြင်တိုက်ပွဲဝင်သို့ နည်းဗျူဟာမြောက် တိုက်ရိုက်ပါဝင်ပတ်သက်သော တပ်ဖွဲ့များအားလုံးကို စုပေါင်း၍ တပ်မတော်များ၌ ခေါ်ဝေါ်သုံးစွဲသည့် အသုံးအနှုန်း ဝေါဟာရ တစ်ခုဖြစ်သည်။ ယေဘူယျအားဖြင့် သံချပ်ကာ နှင့် အမြောက်တပ်ဖွဲ့ကဲ့သို့သော လက်နက်များ သယ်ဆောင်သော (သို့) အသုံးပြုသော တပ်ဖွဲ့များပါဝင်သည်။[၁] စစ်လက်ရုံးတပ်ဖွဲ့အမျိုးမျိုးကို အပြန်အလှန်အထောက်အကူပြုသော နည်းလမ်းများဖြင့် အသုံးပြုခြင်းအား ပေါင်းစပ်ပစ်ကူပေးခြင်း ဟုခေါ်သည်။

အချို့နိုင်ငံများ၊ အထူးသဖြင့် ဗြိတိသျှ၏ တပ်မတော် (ကြည်း)၌မူ အမြောက်တပ်ဖွဲ့များကို စစ်အကူလက်ရုံးတပ်ဖွဲ့အဖြစ်သာ သတ်မှတ်သည်။ အမေရိကန်ကြည်းတပ်မတော်ကဲ့သို့ အချို့သော ကြည်းတပ်ဖွဲ့များသည် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့များကို စစ်လက်ရုံးအဖြစ် သတ်မှတ်သည်။ တင့် နှင့် သံချပ်ကာတပ်ဖွဲ့သည် မြင်းစီးစစ်သည်များမှ ဆင်းသက်လာသော သမိုင်းကြောင်းများစွာရှိသော်လည်း အခေါ်အဝေါ်အားဖြင့် စစ်လက်ရုံး အဖြစ်သာ သတ်မှတ်ထားသည်။[၂]

တိုက်ခိုက်ရေး။ ပင်မတိုက်ပွဲဝင် တိုက်ခိုက်ရေး အဖွဲ့။

စစ်လက်ရုံး။ ပစ်ခတ်မှု စွမ်းအားဖြင့် တိုက်ပွဲဝင် ပံ့ပိုးမှုပေးသော အဖွဲ့။

စစ်အကူလက်ရုံး။ ပစ်ခတ်မှုမဟုတ်သော အခြား တိုက်ပွဲဝင် ပံ့ပိုးမှုပေးသော အဖွဲ့။

စစ်အကူလက်ရုံးဝန်ထမ်း။ တိုက်ပွဲဝင် တပ်ဖွဲ့ မဟုတ်သော အခြားအုပ်ချုပ်မှုကိစ္စများ ပံ့ပိုးပေးသော အဖွဲ့။

ဗြိတိသျှ ဓနသဟာယ တပ်ဖွဲ့များ ပြင်ဆင်ရန်

ဓနသဟာယအဖွဲ့ဝင်နိုင်ငံအချို့တွင် ကြည်းတပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်လေသည် -

  • ခြေလျင်တပ်ဖွဲ့ (ခြေမြန်တပ်ဖွဲ့ အပါအဝင်)
  • သံချပ်ကာတပ်ဖွဲ့ (တင့်ကားတပ်ဖွဲ့ အပါအဝင်)
  • အမြောက်တပ်ဖွဲ့
  • စစ်အင်ဂျင်နီယာတပ်ဖွဲ့
  • လေကြောင်း တိုက်ခိုက်ရေးတပ်ဖွဲ့
  • လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့

ကနေဒါနိုင်ငံတွင်မူ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အား အမြောက်တပ်ဖွဲ့၌ ထည့်သွင်းစဉ်းစားလေသည်။

အမေရိကန်ပြည်ထောင်စု ကြည်းတပ်မတော် ပြင်ဆင်ရန်

လက်ရှိ၌ အမေရိကန် ကြည်းတပ်မတော်၏ ဖွဲ့စည်းပုံဆိုင်ရာ အယူဝါဒမှာ "စစ်ကစားမှု၊ ပစ်ခတ်မှု နှင့် သက်ရောက်မှု" (MFE) နှင့် "စစ်ဆင်ရေး တိုက်ပွဲဝင်အထောက်အပံ့" (OS) ဟူ၍ ခွဲခြားထားသည်။[၃] အမေရိကန် ကြည်းတပ်တွင် အစဉ်အလာအရ အောက်ပါဌာနခွဲများကို ၁၉၆၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ စစ်လက်ရုံးတပ်ဖွဲ့များအဖြစ် ခွဲခြားသတ်မှတ်ခဲ့သည် -

  • ခြေလျင်တပ်ဖွဲ့
  • မြေပြင် အမြောက်တပ်ဖွဲ့ (လေကြောင်းရန်ကာကွယ်တပ်ဖွဲ့၏ မူလအမည်မှာ ဝေဟင်ပစ် အမြောက်တပ်ဖွဲ့ဖြစ်သည်)
  • ဝေဟင်ပစ် အမြောက်တပ်ဖွဲ့ (သို့) လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်ဖွဲ့ (၁၉၆၈ ခုတွင်သတ်မှတ်ခဲ့သည်)
  • သံချပ်ကာတပ်ဖွဲ့ (အမြန်သွား သံချပ်ကာတပ်ဖွဲ့၊ အမြန်သွားတိုက်ခိုက်ရေးယာဉ်တပ်ဖွဲ့[၄] နှင့် အမြန်သွားဝေဟင်တိုက်ခိုက်ရေးယာဉ်တပ်ဖွဲ့များ အပါအဝင်)
  • အထူးတပ်ဖွဲ့
  • စစ်အင်ဂျင်နီယာတပ်ဖွဲ့ (၁၇၇၅ ခု) (၂၀၀၁ ခုနှစ်တွင် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဟု ပြောင်းလဲသုံးစွဲ)
  • ကြည်းတပ်မတော် လေကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့

မြန်မာ့ တပ်မတော် (ကြည်း) ပြင်ဆင်ရန်

မြန်မာ့တပ်မတော်၌ အောက်ပါတပ်ဖွဲ့များသည် ၎င်းတို့၏ အထူးပြုထားသော တိုက်ပွဲဝင်၍ အနီးကပ် ပစ်ကူပေးခြင်း၊ ပစ်ခတ်မှုစွမ်းအားဖြင့် ပစ်ကူပေးခြင်း အစရှိသော စစ်ဆင်ရေးဆိုင်ရာ အခန်းကဏ္ဍများအရ စစ်လက်ရုံးတပ်ဖွဲ့များ ဖြစ်လေသည် -[ကိုးကားချက်လိုသည်]

  • တပ်မတော် (လေ) (လေကြောင်းမှ ပစ်စွမ်းအားဖြင့် ပစ်ကူပေးခြင်း)
  • အမြောက်တပ်ဖွဲ့
  • ဒုံးတပ်ဖွဲ့
  • သံချပ်ကာယန္တရားတပ်ဖွဲ့
  • လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
  • စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ (စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူရုံး လက်အောက်ရှိ စစ်လက်ရုံး ဖြစ်ပြီး၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဖွဲ့မှာမူ ထိုရုံး လက်အောက်ရှိ စစ်အကူလက်ရုံး ဖြစ်သည်)

နောက်ထပ်ကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Rush 2006, p.11
  2. Hofmann 2006, p.333
  3. UNC Charlotte Army ROTC: Career Path & Branch Homepages, Branches Overview Archived 20 December 2016 at the Wayback Machine.. Retrieved 12 December 2016.
  4. U.S. Army Field Manual FM 3-90: Tactics (dated 4 July 2001), Appendix A: Army Branches and Tactical Echelons, Appendix A: Army Branches and Tactical Echelons, A-2 Combat Arms, Figure A-1. Combat Arms Capabilities. Retrieved 12 December 2016.

အရင်းအမြစ်များ ပြင်ဆင်ရန်

  •  Hofmann၊ George F. (2006)။ Through mobility we conquer : the mechanization of U.S. Cavalry။ Lexington, Ky.: Univ. Press of Kentucky။ ISBN 978-0813124032
  •  Rush၊ Robert S. (2006)။ Enlisted soldier's guide (7th ed.)။ Mechanicsburg, PA: Stackpole Books။ ISBN 978-0811733120