တပ်မတော် (လေ)

ဝေဟင်အခြေစိုက် မြန်မာ့တပ်မတော်၏တပ်ဖွဲ့ခွဲ

တပ်မတော် (လေ)သည် မြန်မာ့တပ်မတော်၏ ဝေဟင် တိုက်ခိုက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို ပြည်တွင်းပုန်ကန်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် အဓိက အသုံးပြုခဲ့ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်အပြီးတွင် ကယ်ဆယ်ရေး တာဝန်များအတွက်ပါ အသုံးချလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ မြန်မာ့လေတပ်မှ လေယာဉ်များကို ကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင်တွင် အသုံးပြုလာခဲ့သည်။[၂]

တပ်မတော် (လေ)
  • တပ်မတော် (လေ)၏ အမှတ်တံဆိပ်
  • တပ်မတော်(လေ)၏ အဆောင်အယောင်တံဆိပ်
တည်ထောင်၁၅ ဒီဇင်ဘာ ၁၉၄၇[၁]
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
လေတပ်
အခန်းကဏ္ဍဝေဟင်ပိုင်နက်ကာကွယ်ရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ ပြည်တွင်းပုန်ကန်မှု တန်ပြန်စစ်ဆင်ရေး
တပ်
အရွယ်အစား
တပ်ဖွဲ့ဝင် ၂၃၀၀၀
လေယာဉ် ၁၄၈ စင်း
ရဟတ်ယာဉ် ၈၃ စင်း
အစိတ်အပိုင်း တပ်မတော်
ဌာနချုပ်ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ စစ်ရုံး၊ နေပြည်တော်
အမည်ပြောင်လေတပ်၊ အဲဖို့စ်
ဆောင်ပုဒ်တက်နိုင်ဖျားရောက် (ဝေဟင်စိုးမိုးမည်)
အုပ်ချုပ်သူများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး
ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်
အဆောင်အယောင်များ
စစ်လေယာဉ်တံဆိပ်
လေတပ်အလံ
လေယာဉ်အမြီး အမှတ်အသား
လေတပ်အလံဟောင်း (၁၉၄၈–၁၉၇၄)
Aircraft flown
တိုက်ခိုက်ရေးA-5M, Mi-35
ဗုံးကြဲလေယာဉ်A-5M
တိုက်လေယာဉ်Mikoyan MiG-29, JF-17, SU-30
ရဟတ်ယာဉ်Mi-35, Mi-2, Mi-17
ထောက်လှမ်းSoko G-4
လေ့ကျင့်ရေးYak-130, K-8W, G 120TP, HJT-16
သယ်ယူပို့ဆောင်Y-8D, Beechcraft 1900, ATR 42

ကိုလိုနီခေတ် ၁၉၄၀ ဇွန်လတွင် ‌ဗြိတိသျှတို့က ‌ဗမာ့အပျော်တမ်းလေတပ်ယူနစ် (Burma Volunteer Air Unit) ကို ဖွဲ့စည်းပေးခဲ့ပြီး ၁၉၄၁ မတ်လခန့်တွင် ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force) ဟူ၍အမည်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံကို ဂျပန်တို့ဝင်ရောက်လာသည့် ၁၉၄၂ ၌ အင်္ဂလိပ်တို့တပ်ဆုတ်သွားသောအခါ အဆိုပါလေတပ်သည်လည်း ပါသွားခဲ့ရုံသာမက အခြားလေတပ်ယူနစ်အဖြစ်လည်း ပြောင်းလဲဖွဲ့စည်းခြင်းကိုခံခဲ့ရသည်။[၃][၄] ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံသို့ အင်္ဂလိပ်တို့ပြန်ရောက်ပြီးနောက် မြန်မာနိုင်ငံအတွက် လေတပ်ပြန်လည်ဖွဲ့စည်းပေးရေးများကို ဆောင်ရွက်ရာမှ ၁၉၄၇ ဒီဇင်ဘာတွင် "ဗမာ့လေတပ်မတော်" (Burma Air Force) အဖြစ်ဖွဲ့စည်းခဲ့သည်။ ၁၉၅၅ တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပေါင်းစည်းရေးမူအရ တပ်မတော် (လေ) ဟု‌အမည်ပြောင်းလဲခဲ့သည်။[၅]

သမိုင်းကြောင်း

လွတ်လပ်ရေးရပြီးစခေတ် (၁၉၄၈-၁၉၉၀)

တပ်မတော်(လေ)ကို မြန်မာနိုင်ငံ ဗြိတိသျှတို့၏ လက်အောက်တွင် ရှိနေဆဲကာလ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် စစ်သည် ရာဂဏန်း အနည်းငယ်နှင့်အတူ Airspeed Oxfords အစင်း ၄၀၊ de Havilland Tiger Moths အစင်း ၁၆ စင်း၊ Austers ၄ စင်းနှင့် Supermarine Spitfire ၃စင်းတို့ ပါဝင်သည် လေတပ်ဖွဲ့သစ်အား လွှဲပြောင်း ရယူခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှစ၍ တပ်မတော် (လေ) ၏ အဓိကတာဝန်သည် ပြည်တွင်းပုန်ကန်မှု တန်ပြန်စစ်ဆင်ရေးများတွင် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ရေးနှင့် တပ်မတော် (ကြည်း) အား အနီးကပ်လေကြောင်း အထောက်အကူပေးရေးတို့ ဖြစ်သည်။[၆]

နိုင်ငံ၏ ပင်မလေတပ်အခြေစိုက်စခန်းဖြစ်သည့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၉၅၀ ဇွန်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမှတ် ၁ လေယာဉ်အုပ်၊ လက်နက်ကိရိယာများ ထိန်းသိမ်းရေး တပ်ဖွဲ့နှင့် ဗမာ့လေတပ်မတော် - ဗဟိုဌာနချုပ်နှင့် ပျံသန်းမှု သင်တန်းကျောင်းတို့ကို ဤအခြေစိုက်စခန်း၏ လက်အောက်တွင် ထားရှိသည်။ လအနည်းငယ် ကြာပြီးနောက် ၁၉၅၀ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် Douglas Dakota ၉ စင်း ပါဝင်သည့် အမှတ် ၂ လေယာဉ်အုပ်ကို သယ်ယူပို့ဆောင်ရေး လေယဉ်အုပ်အဖြစ် ဖွဲ့စည်းခဲ့ပြန်သည်။ ၁၉၅၃ ခုနှစ်တွင် မင်္ဂလာဒုံ လေတပ် အခြေစိုက်စခန်း လက်အောက်တွင် အဆင့်မြင့် ပျံသန်းရေး တပ်ဖွဲ့ကို de Havilland Vampire T55s လေယာဉ်များဖြင့် ထပ်မံဖွဲ့စည်းလိုက်ကာ ၁၉၅၃ ခုနှစ် အကုန်ပိုင်းတွင် ဗမာ့လေတပ်၌ မင်္ဂလာဒုံ၊ မှော်ဘီနှင့် ြမန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာတို့တွင် အဓိက အခြေချ လေတပ်စခန်းကြီး သုံးခု ရှိလာခဲ့သည်။[၆]

၁၉၅၃ ခုနှစ်တွင် မြန်မာလေတပ်သည် အစ္စရေးမှ Supermarine Spitfire အစင်း ၃၀ နှင့် ယူနိုက်တက်ကင်းဒမ်းမှ Supermarine Spitfire အစင်း ၂၀ တို့ကို ဝယ်ယူခဲ့ပြီး ၁၉၅၄ ခုနှစ်တွင်မူ ယူနိုက်တက်ကင်းဒမ်းမှ Hunting Provost T-53 အစင်း ၄၀ နှင့် de Havilland Vampire Mark T55s ၈ စင်းတို့ကို ဝယ်ယူခဲ့ပြန်သည်။ ၁၉၅၅ ခုနှစ် နှောင်းပိုင်းတွင် ဗမာ့လေတပ်မတော်သည် မင်္ဂလာဒုံတွင် ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း တစ်ခု၊ အမှတ် ၅၀၁ လေယာဉ်အုပ်စု (မှော်ဘီလေတပ်စခန်း) နှင့် အမှတ် ၅၀၂ လေယာဉ်အုပ်စု (မင်္ဂလာဒုံ လေတပ်စခန်း) တို့ကို ထပ်မံ ဖွဲ့စည်းခဲ့သည်။ ၁၉၅၆ တွင် မြန်မာ့လေတပ်သည် အမေရိကန်နိုင်ငံ မှ Cessna 180 ၁၀ စင်း ကို ဝယ်ယူခဲ့ပြန်သည်။ ယင်းနှစ်တွင်ပင် Kawasaki Bell 47Gs ခြောက်စင်းဖြင့် ပထမဆုံး ရဟတ်ယာဉ် တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ နောက်တစ်နှစ်အကြာတွင် မြန်မာ့လေတပ်သည် ယူနိုက်တက်ကင်းဒမ်းမှ Hawker Sea Fury လေယာဉ် ၂၁ စင်းနှင့် ကနေဒါမှ de Havilland Canada DHC-3 Otters ကိုးစင်းကို ဝယ်ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ Kawasaki Bell 47G ခုနစ်စင်းနှင့် Vertol H-21 Shawnees ၁၂ စင်းတို့ကို ထပ်မံ ဝယ်ယူခဲ့သည်။ ငါးနှစ်ကြာပြီးနောက်တွင် အမှတ် ၅၁ လေယာဉ်အုပ် (de Havilland Canada DHC-3 Otter နှင့် Cessna 180 လေယာဉ်များ) နှင့် အမှတ် ၅၃ လေယာဉ်အုပ် (Bell 47G၊ Kaman HH-43 Huskies နှင့် Aerospatiale Alouettes ရဟတ်ယာဉ်များ) တို့ကို မိတ္ထီလာတွင် ထပ်မံ ဖွဲ့စည်းခဲ့သည်။[၆]

ခေတ်မီအစီအစဉ် (၁၉၉၀ - လက်ရှိ)

၁၉၉၀ ကာလများ

တပ်မတော် (လေ)အနေ နဲ့ ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပညာမျိုးဆက်ကွာဟမှုများ ရှိနေရာမှ ၁၉၉၀ ပြည့် နှစ်ဝန်းကျင်တွင် ဒုတိယမျိုးဆက် ဂျက်တိုက်လေယာဉ်များ၊ ဘက်စုံသုံးစွမ်းရည်မြင့်မားသည့် ရဟတ်ယာဉ်များ စတင်အသုံးပြုလာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် လက်နက်တပ်ဆင်ထားသည့် Soko G-4 Super Galeb လေယာဉ်များကို မြန်မာ့တပ်မတော်က ယူဂိုစလားဗီးယားနိုင်ငံမှ ဝယ်ယူခဲ့သည်။[၇] ၁၉၉ဝ ကနေ ၂ဝဝဝ ပြည့်နှစ် ကြားထဲ F-7 အစင်း ၆ဝ ကျော်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆီက အသုတ်လိုက် အသုတ်လိုက် စတင် ဝယ်ယူခဲ့သည်။ ၃ဝ မမ စက်သေနတ် နှစ်လက်နဲ့ အတူ ဝေဟင်ထဲမှာ ပစ်ခတ်တိုက်ခတ် နိုင်တဲ့ ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ F-7 တွေကို အဓိက အားဖြင့်တော့ ကြားဖြတ် တိုက်လေယာဉ် အဖြစ် အသုံးပြုခဲ့တာ ဖြစ်သည်။[၈]

၂ဝဝဝ ကာလများ

၂၀၀၁ ခုနှစ်တွင်စတုတ္ထမျိုးဆက်တိုက်လေယာဉ်များ စတင်အသုံးပြုလာနိုင်သည့် အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်လာခဲ့သည်။ ၂၀၀၁ ခုနှစ်မှစပြီး တိုက်ပွဲဝင်နိုင်သည့် လေယာဉ်များတိုးတက်စေရေး၊ စွမ်းအားမြင့် လေယာဉ်များဖြစ်စေရေး၊ အရည်အချင်း ပြည့်ဝသည့် လေသူရဲများ၊ အင်ဂျင်နီယာများ၊ မြေပြင်တပ်ဖွဲ့ဝင်များ မွေးထုတ်ပေး နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လာသည်။[၉] အထူးသဖြင့် ရုရှား မှ Mi-24 နဲ့ Mi-17 ရဟတ်ယာဉ်တွေအပြင် MiG-29(အမ်အိုင်ဂျီ-၂၉) တိုက်လေယာဉ်၊ Pechora-2 လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ အခြားကိရိယာတွေ ဝယ်ယူခဲ့သည်။[၁၀]

 
လေတပ်ဂုဏ်ပြုတပ်ဖွဲ့အား သမ္မတအိမ်တော်၌ တွေ့ရစဉ်

၂ဝ၁ဝ ကာလများ

၁၉၉၀ ခုနှစ် မှစပြီး မြန်မာလေတပ်တွင် အများအားဖြင့် တရုတ်နှင့် ရုရှားတို့မှ တိုက်လေယာဉ်များကို အသုံးပြုသော်လည်း ၂ဝ၁၃ ခုနှစ်တွင် အီးယူ၏ ဒဏ်ခတ်မှု ရုပ်သိမ်းချိန်ကတည်းက စတင်ကာ ဥရောပလုပ် လေယာဉ်အုပ်စု ဝယ်ယူရရှိခဲ့သည်။ ဂျာမနီနိုင်ငံက Grob G120TP လေ့ကျင့်ရေး လေယာဉ် ၁၂ စင်းကို မြန်မာလေတပ်က ဝယ်ယူထားပြီး ၂ဝ၁၇ ခုနှစ်၊ ဧပြီလတွင် ဝယ်ယူရရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် လေ့ကျင့်ရေးဂျက်တိုက်လေယာဉ် K-8 W၊ သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်း ကင်းထောက်အတွက် အသုံးပြုသော ပြင်သစ်နိုင်ငံထုတ် ATR-42 နှင့် အမေရိကန်ထုတ် BEECH 1900 D လေယာဉ်များ တပ်တော်ဝင် အခမ်းအနားပြုလုပ်ခဲ့သည်။ K-8 W လေ့ကျင့်ရေးဂျက် တိုက်လေယာဉ်များသည် အပေါ့စားတိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ပြီး ခေတ်မီအဆင့်မြင့်ရှေ့တန်း ဂျက်တိုက်လေယာဉ်များ မောင်းနှင်မည့် လေသူရဲများကို ကြားခံလေ့ကျင့်ပေးနိုင်သော အပေါ့စားတိုက်ခိုက်ရေးအမောင်းသင် ဂျက်လေယာဉ်အမျိုးအစား ဖြစ်သည်။ K-8 W လေယာဉ်များကို တရုတ် CATIC ကုမ္ပဏီနှင့် မြန်မာကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံးတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။[၁၁]

 
JF-17 ဘက်စုံသုံး တိုက်လေယာဉ်များ (မိတ္ထီလာလေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်) - ၂၀၁၈ ဒီဇင်ဘာ

ထို့ပြင်၂၀၁၆ ခုနှစ်တွင် အဆင့်မြင့် လေ့ကျင့်ရေး လေယာဉ်အမျိုးအစားဖြစ်သည့် Yak-130 လေယာဉ် ၁၂ စီးကိုလည်း ရုရှားမှ မှာယူသည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် တပ်မတော် (လေ) နှစ် (၇၀) ပြည့် နှစ်ပတ်လည်နေ့၌ Yak -130 အမျိုးအစား လေယာဉ် ၆ စီးအပြင် နယ်သာလန်နိုင်ငံထုတ် Fokker- 70 အမျိုးအစားလေယာဉ် ၂ စီးနှင့်၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီး ကို တပ်တော်ဝင်အဖြစ် ကြေညာခဲ့သည်။[၁၂]၂၀၁၈ ဒီဇင်ဘာတွင် တပ်မတော် (လေ) နှစ် (၇၁) ပြည့် နှစ်ပတ်လည်နေ့၌ တပ်မတော် (လေ) အတွက် JF-17 အမျိုးအစား တိုက်လေယာဉ်လေးစီး၊ ပြင်သစ်၏ အဲဘတ်စ်နှင့် အီတလီ၏ လီယိုနာဒိုကုမ္ပဏီတို့ ဖက်စပ်ထုတ်လုပ်သည့် ATR 72-500s လေယာဉ်နှစ်စီးနှင့် Airbus Helicopters က ထုတ်လုပ်သည့် AS365 ရဟတ်ယာဉ်တစ်စီးကို အင်အားဖြည့်တင်းခဲ့သည်။ JF-17 တစ်စီးကို အကြမ်းဖျင်းဒေါ်လာ ၂၈ သန်း ဖြစ်သည်။[၁၃] JF-17 တိုက်လေယာဉ် ၁၆ စီးအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၅၆ဝ တန်ဖိုးရှိ ပါကစ္စတန်နှင့် စာချုပ်တစ်ခုအရ မြန်မာက ဝယ်ယူရရှိခဲ့သည်။ JF-17 ကို Pakistan Aeronautical Complex (PAC) ပါကစ္စတန်နှင့် တရုတ်၏ Chendu Aircraft Corporation တို့က ဖက်စပ်ထုတ်လုပ်ထားသည်။[၁၄] [၁၅] ၂၀၁၈ထိ တပ်မတော်ပိုင်လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို (၉)ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ၂၀၁၈ ဒီဇင်ဘာတွင် အိန္ဒိယက မြန်မာနိုင်ငံသို့ Kiran အမျိုးအစား နှစ်ယောက်စီး အမောင်းသင်ဂျက်လေယာဉ် ခြောက်စီး ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။[၁၆]

 
ရုရှားထုတ် Su-30 (ဆူခွိုင်း ၃၀) ဘက်စုံသုံး တိုက်လေယာဉ်များ

မြန်မာနဲ့ ရုရှားတို့သည် Su-30 (ဆူခွိုင်း ၃၀) ဂျက်တိုက်လေယာဉ် ၆ စီးအတွက် သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါလေယာဉ်များသည် ရာသီမရွေး တိုက်ပွဲဝင်နိုင်သည့် အင်ဂျင်နှစ်လုံးတပ် Su-30 ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်ကာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် တန်ဖိုးရှိမည်ဟု ခန့်မှန်းကြသည်။[၁၇] Su-30 တိုက်လေယာဉ်များသည် အခြားစတုတ္ထမျိုးဆက် တိုက်လေယာဉ်များထက် သာလွန်မှုရှိသော စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်ပြီး လေယာဉ်ဆီ အပြည့်ဖြည့်ပြီး ပျံသန်းလျှင် ကီလိုမီတာ ၃၀၀၀ (မိုင် ၁၈၆၀) အထိ ပျံသန်းနိုင်ခြင်းကြောင့် စစ်ဆင်နိုင်မှု အကွာအဝေး ကြီးမားသည်။[၁၈] တပ်မတော်(လေ)အတွက် ဆူခွိုင်း Su-30 တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ပြင်ဆင်ရာမှာ လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကိုယ်တိုင် ရုရှားနိုင်ငံ မော်စကိုမြို့ ကူဘင်ကာ လေယာဉ်ကွင်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်က စမ်းသပ်မောင်းနှင်ပျံသန်းမှု လုပ်ခဲ့သည်။[၁၉]

တပ်မတော် (လေ) တွင် အမျိုးသမီးအရာရှိအချို့ လေသူရဲလောင်းများအဖြစ် စတင်လေ့ကျင့်ဆောင်ရွက်နေသည်။[၂၀] ၂၀၁၈ ခုနှစ်တွင် အဆိုပါအမျိုးသမီးအရာရှိ လေသူရဲလောင်း ၆ ဦးက တဦးချင်း မောင်းနှင်ပျံသန်းမှု(Solo)ကို အောင်မြင်စွာပျံသန်းနိုင်ခဲ့ပြီး ဖြစ်သည်။[၂၁]

ရာထူးအဆင့်များနှင့် အဆောင်အယောင်

 
လေသူရဲ တောင်ပံတံဆိပ်

ပြန်တမ်းဝင် အရာရှိများ

အဆင့် အုပ်စု ခေါင်းဆောင်ပိုင်း/ထိပ်တန်း အရာရှိကြီးများ မြေပြင်အမှုထမ်း/အကြီးတန်း အရာရှိများ အရာရှိငယ်များ အလုပ်သင် အရာရှိ
အဆင့်ညီသည့်
နေတိုးကုဒ်
OF-10 OF-9 OF-8 OF-7 OF-6 OF-5 OF-4 OF-3 OF-2 OF-1 OF(D)
  လေတပ်
                        (မရှိ)
ဗိုလ်ချုပ်မှူးကြီး ဒုတိယ
ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး
ဗိုလ်ချုပ် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး ဒုတိယ
ဗိုလ်မှူးကြီး
ဗိုလ်မှူး ဗိုလ်ကြီး ဗိုလ် ဒုတိယ
ဗိုလ်
(မရှိ)
Senior General Vice Senior General General Lieutenant General Major General Brigadier General Colonel Lieutenant Colonel Major Captain Lieutenant Second Lieutenant

အခြားအဆင့်များ

အဆင့် အုပ်စု ပြန်တမ်းဝင်မဟုတ်သော အရာရှိများ စီနီယာ အခြားအဆင့်များ အခြားအဆင့်များ
အဆင့်အတန်း
ညီမျှသည့်
နေတိုးသင်္ကေတ
OR-9 OR-8 OR-7 OR-6 OR-5 OR-4 OR-3 OR-2 OR-1
  တပ်မတော် (လေ)
            အဆောင်အယောင်
မသတ်မှတ်ထား
အရာခံဗိုလ် ဒုတိယ
အရာခံဗိုလ်
တပ်ခွဲ
တပ်ကြပ်ကြီး
တပ်ကြပ်ကြီး၊
တပ်ကြပ်ကြီး/စာရေး
တပ်ကြပ် ဒုတိယ
တပ်ကြပ်
တပ်သား

ဖွဲ့စည်းပုံ

အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေးယူနစ်များ

  • ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ ကာကွယ်ရေး ဝန်ကြီးဌာန (နေပြည်တော်)
  • လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (မင်္ဂလာဒုံ/ မိတ္ထီလာ)
  • မြေပြင်အတတ်သင်လေတပ်စခန်း (မိတ္ထီလာ)
  • လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)
  • လေတပ်စခန်းဌာနချုပ်များ

လေတပ်စခန်းဌာနချုပ်များ

  1. မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်။ (ယခင် အမှတ် ၅၀၂ လေတပ်စခန်း)
  2. မှော်ဘီ လေတပ်စခန်းဌာနချုပ်။ (ယခင် အမှတ် ၅၀၁ လေတပ်စခန်း)
  3. မိတ္ထီလာ လေတပ်စခန်းဌာနချုပ်
  4. တောင်ငူ လေတပ်စခန်းဌာနချုပ်
  5. မြိတ် လေတပ်စခန်းဌာနချုပ်
  6. မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်။ (ယခင် အမှတ် ၅၀၃ လေတပ်စခန်း)
  7. မကွေး လေတပ်စခန်းဌာနချုပ်
  8. ပုသိမ် လေတပ်စခန်းဌာနချုပ်။
  9. ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်။
  10. နမ့်စမ် လေတပ်စခန်းဌာနချုပ်။
 
လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)

လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ ဖွဲ့စည်းပုံအရ တပ်မတော်(ကြည်း)၌ ပါဝင်သော်လည်း လုပ်ငန်းတာဝန်ပိုင်း၌ သဘောသဘာဝအရ တပ်မတော်(ရေ)၊ အထူးသဖြင့် တပ်မတော်(လေ)နှင့် ပို၍ဆက်စပ်မှုရှိလေသည်။ လက်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ပြီး ဒုတိယအရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ ထို့နောက် လက်ထောက် အရာရှိချုပ် (၃)ဦးရှိပြီး၊ ကြည်း/ ရေ/ လေ တပ်ဖွဲ့ အသီးသီးမှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးစီကို ခန့်အပ်ထားသည်။

  1. အမှတ်(၁)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  2. အမှတ်(၂)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မြိတ်
  3. အမှတ်(၃)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - လွိုင်လင်
  4. အမှတ်(၄)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - သထုံ
  5. အမှတ်(၅)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - မှော်ဘီ
  6. အမှတ်(၆)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  7. အမှတ်(၇)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ကျောက်ဆည်
  8. အမှတ်(၈)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - နေပြည်တော်
  9. အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ဆိပ်ဖြူမြို့

လက်ရှိအသုံးပြုနေသော စစ်လေယာဉ်များ

 
ရုရှားထုတ် မစ်(ဂ်)-၂၉ ဘက်စုံသုံး တိုက်လေယာဉ် (မင်္ဂလာဒုံ လေယာဉ်ကွင်း)
 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်နေသော Shaanxi Y-8 လေယာဉ်တစ်စင်း
 
Nanchang Q-5 မြေပြင်တိုက်ခိုက်ရေးလေယာဉ် (မင်္ဂလာဒုံ လေယာဉ်ကွင်း)
 
မြန်မာ့လေတပ်၏ ဖော်ကာ အက်ဖ်၂၇
လေယာဉ် ထုတ်လုပ်သည့်နိုင်ငံ အမျိုးအစား မူကွဲ တာဝန်ထမ်းဆဲ မှတ်ချက်
တိုက်ခိုက်ရေးလေယာဉ်
MiG-29 မစ်(ဂ်)-၂၉   ရုရှား ကြားဖြတ် တိုက်လေယာဉ် / ဘက်စုံသုံး တိုက်လေယာဉ် ၃၁[၂၂]
Sukhoi Su-30 (ဆူခွိုင်း ၃၀)   ရုရှား ဘက်စုံသုံး တိုက်လေယာဉ် Su-30SME [၂၃][၂၄][၂၅]
JF-17 Thunder   တရုတ်/  ပါကစ္စတန် ရေငုပ်သင်္ဘောတိုက်ခိုက်ရေးလေယာဉ် / ဘက်စုံသုံး တိုက်လေယာဉ် [၂၆] ၁၆စင်း မှာယူထား
Nanchang Q-5   တရုတ် မြေပြင်တိုက်ခိုက်ရေးလေယာဉ် F-5B ၂၁[၂၂]
Chengdu J-7   တရုတ် တိုက်လေယာဉ် F-7M ၂၄[၂၂] MiG-21 ကို လိုင်စင်ယူ၍ တည်ဆောက်သည်
Shenyang J-6   တရုတ် တိုက်လေယာဉ် F-6 [၂၂] MiG-19 ၏ တရုတ်ဗားရှင်း
သယ်ယူပို့ဆောင်ရေး လေယာဉ်
ATR-42   ပြင်သစ် VIP ခရီးသည်တင် လေယာဉ် [၂၇]
Shaanxi Y-8   တရုတ် သယ်ယူပို့ဆောင်ရေး လေယာဉ် [၂၂]
Harbin Y-12   တရုတ် သယ်ယူပို့ဆောင်ရေး လေယာဉ် [၂၂]
Fokker 70   နယ်သာလန် VIP သယ်ယူပို့ဆောင်ရေး လေယာဉ် [၂၂]
Fokker F-27   နယ်သာလန် သယ်ယူပို့ဆောင်ရေး လေယာဉ် [၂၂]
BN-2   ယူနိုက်တက်ကင်းဒမ်း ဘက်စုံသုံး / သယ်ယူပို့ဆောင်ရေး လေယာဉ် [၂၂]
Beech 1900   အမေရိကန် ဘက်စုံသုံး / သယ်ယူပို့ဆောင်ရေး လေယာဉ် [၂၂]
Pilatus PC-6    ဆွစ်ဇာလန် ဘက်စုံသုံး / သယ်ယူပို့ဆောင်ရေး လေယာဉ် [၂၂] STOL capable aircraft
ရဟတ်ယာဉ်
Mil Mi-2   ပိုလန် ဘက်စုံသုံး / ဆက်ဆံရေး ၂၁[၂၂]
Mil Mi-17   ရုရှား ဘက်စုံသုံး ၁၂[၂၂]
Bell UH-1   အမေရိကန် ဘက်စုံသုံး ၁၄[၂၂]
Mil Mi-24   ရုရှား တိုက်ခိုက်ရေး Mi-35 [၂၂]
Kamov Ka-27   ရုရှား တိုက်ခိုက်ရှာဖွေရေးနှင့် ကယ်ဆယ်ရေး Ka-28 [၂၈]
Alouette III   ပြင်သစ် ဘက်စုံသုံး ၁၃[၂၂]
W-3 Sokół   ပိုလန် ဘက်စုံသုံး ၁၃[၂၂]
Eurocopter AS365 Dauphin   ပြင်သစ် ဘက်စုံသုံး ရေကြောင်းထောက်လှမ်းရေး
လေ့ကျင့်ရေး လေယာဉ်
Yakovlev Yak-130   ရုရှား အဆင့်မြင့်လေ့ကျင့်ရေး လေယာဉ်/အပေါ့စား တိုက်လေယာဉ် ၁၀စင်း မှာယူထား[၂၉]
G 120TP   ဂျာမနီ အခြေခံ လေ့ကျင့်ရေး လေယာဉ် ၂၀
Soko G-4   ယူဂိုဆလားဗီးယား လေ့ကျင့်ရေး လေယာဉ်/အပေါ့စား တိုက်လေယာဉ်
Chengdu J-7   တရုတ် ပြောင်းလဲ လေ့ကျင့်ရေး လေယာဉ် FT-7 [၂၂]
Hongdu JL-8   တရုတ်/  ပါကစ္စတန် လေ့ကျင့်ရေး လေယာဉ်/အပေါ့စား တိုက်လေယာဉ်/သောင်းကျန်းမှုတန်ပြန်စစ်ဆင်ရေး K-8W ၁၈[၂၂][၃၀] အစင်း ၅၀ မှာယူထား[၂၂]
PC-7    ဆွစ်ဇာလန် အပေါ့စား လေ့ကျင့်ရေး လေယာဉ် ၁၆[၂၂]
Guizhou JL-9   တရုတ် အဆင့်မြင့်လေ့ကျင့်ရေး လေယာဉ်/အပေါ့စား တိုက်လေယာဉ် FTC 2000G မသိ[၃၁]
PC-9    ဆွစ်ဇာလန် လေ့ကျင့်ရေး လေယာဉ် ၁၀[၂၂]
Eurocopter EC120   ပြင်သစ် ဘက်စုံသုံး/လေ့ကျင့်ရေးရဟတ်ယာဉ် [၃၂]

ရေဒါများ

မြန်မာလေတပ်တွင် သုံးဖက်မြင်စောင့်ကြည့်ရေး YLC-2 ရေဒါ၊ P-37 ကြိုတင်သတိပေးရေဒါစနစ်၊ JLP-40 ကာကွယ်ရေးရေဒါအပါအဝင် ရေဒါအများအပြားနှင့် ပေါင်းစပ်လေကြောင်းကာကွယ်ရေးရုံးနှင့်ချိတ်ဆက်ထားသည့် Galaxy EWR စနစ် တပ်ဆင်ထားသည်။[၃၃]

အမှတ်အသား

 
မြန်မာ့စစ်လေယာဉ်တံဆိပ်
 
လေယာဉ်အမြီး အမှတ်အသားပုံ

မြန်မာ့ စစ်လေယာဉ် တံဆိပ်(ဗဟိုတွင် အဝါရောင် အကွက်နှင့် အပြာရောင် အနားသတ်မျဉ်းများ ပါသော အဖြူရောင် တြိဂံ)ကို များသောအားဖြင့် နေရာ ခြောက်မျိုးတွင် ရေးဆွဲထားသည်။ တပ်မတော် (လေ) ၏ အမှတ်စဉ် မှတ်သားမှု စနစ်သည် တပ်ဖွဲ့နှင့် လေယာဉ်တစ်စင်းချင်းစီ၏ ကိုယ်ပိုင်အမှတ်တို့ကို ခွဲခြားပေးသည်ဟု သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိပါ။ ရှေးကျသော လေယာဉ် အများစုတွင် "UB" အက္ခရာနှင့်စပြီး ဗမာ ကိန်းဂဏန်းများပါသည့် အမှတ်စဉ်များကို တွေ့ရသည်။ တစ်ခါတစ်ရံ အမှတ်စဉ်များကို အဖြူရောင် အနားသတ်မျဉ်းများဖြင့် ရေးဆွဲတတ်သည်။ တိုက်ခိုက်ရေး လေယာဉ်များတွင်မူ ယေဘုယျအားဖြင့် အမှတ်စဉ် အနက်ရောင်များကို တွေ့နိုင်သည်။

မတော်တဆ နှင့် ထိခိုက်ပျက်စီးမှုများ

  • ၂၀၁၆ တွင် Beechcraft 1900 လေယာဉ်တစ်စီး နှင့် Mi-2 ရဟတ်ယာဉ် ၁စီးပျက်ကျခဲ့သည်။[၃၄]
  • ၇ ဇွန် ၂၀၁၇ တွင် တပ်မတော်(လေ)မှ စန်းရှီ ဝိုင်-၈ လေယာဉ်သည် မြိတ်မှ ရန်ကုန်သို့ ခရီးစဉ်၌ ပျက်ကျခဲ့သည်။
    အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၂၀၁၇ မြန်မာ့လေတပ် စန်းရှီ ဝိုင်-၈ ပျက်ကျခြင်း
  • ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၅ အတွင်းကလည်း တပ်မတော်(လေ)မှ G-4 အမျိုးအစားလေယာဉ် တစ်စီးသည် ဧရာဝတီတိုင်းဒေသသကြီးအတွင်း ပျက်ကျသွားခဲ့ပြီး လေယာဉ်မှူးသေဆုံးသွားသည်။
  • ၂၀၁၈ ဧပြီတွင် တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းနေသည့် အက်ဖ်-၇ လေယာဉ်တစ်စီး ပျက်ကျသွားခဲ့ရာ လေယာဉ်မှူးသေဆုံးသွားသည်။[၃၅]
  • ၂၀၁၈ အောက်တိုဘာလတွင် မကွေးလေတပ်စခန်းဌာနချုပ်မှ F-7 တိုက်လေယာဉ်နှစ်စီး ပျက်ကျသွားပြီး လေယာဉ်မှူးနှစ်ဦးနှင့် မြေပြင်ပေါ်မှ ကျောင်းသူတစ်ဦး သေဆုံးသွားသည်။[၃၆]
  • ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ကချင်ပြည်နယ်၌ တပ်မတော်လေက လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်က မိုးမောက်မြို့အနီးတွင် ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။ မည်သည့်ရဟတ်ယာဉ်အမျိုးစားဖြစ်သည်ဆိုသည်နှင့် အသုံးပြုခဲ့သော ဝေဟင်ပစ်လက်နက်အမျိုးအစားတို့ကို တပ်မတော်လေနှင့် KIA တို့မှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။[၃၇]
  • ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်သို့ ဆင်းသက်ရာတွင် Beechcraft 1900 အမျိုးအစား လေယာဉ်ပျက်ကျခဲ့ရာ ပျဉ်းမနား ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝသာရ အပါအဝင် ၁၂ ဦးသေဆုံးခဲ့သည်။[၃၈]
  • ၂၀၂၁ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် မကွေးလေတပ်စခန်းဌာနချုပ်တွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ လေယာဉ်အချို့ ထိခိုက်မှုများ ရှိခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့သည် ကြေညာခဲ့သည်။[၃၉]
  • ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အုန်းတောကျေးရွာအနီးတွင် A-5 တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့ လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့သည်။[၄၀][၄၁]
  • ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် H120 လေကျင့်ရေးရဟတ်ယာဉ်တစ်စီးသည် စက်ချို့ယွင်းမှုကြောင့် လယ်ဝေးမြို့နယ် လယ်ဒါကြီးရွာ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ၌ ပျက်ကျခဲ့ရာ လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတစ်ဦး သေဆုံးခဲ့သည်။[၄၂]

အခြားလေ့လာရန်

ကိုးကား

  1. Mynamar Air Force - Narrative HistoryAeroflight။ 15 December 2013 တွင် ပြန်စစ်ပြီး။
  2. Over 70 Civilians Trapped by Myanmar Junta Airstrikes on Sagaing Village (12 August 2022)။
  3. Smaller National Groups
  4. Burma Volunteer Air Force
  5. အောင်ကောင်းစုံ အထွေထွေသိစရာ၊ မှတ်စရာ ဗဟုသုတမှတ်စု (၂၀၂၂–၂၀၂၃)။ ရန်ကုန်: ဧကရီစံစာပေ။ ၂၀၂၂။ p. ၃၁၇။
  6. ၆.၀ ၆.၁ ၆.၂ Myoe, Maung Aung: Building the Tatmadaw
  7. https://frontiermyanmar.net/mm/news/5971
  8. https://www.bbc.com/burmese/media-45881701
  9. https://www.seniorgeneralminaunghlaing.com.mm/10624/တပ်မတော်လေ၏ဖွဲ့စည်းတည်/[လင့်ခ်သေ]
  10. https://frontiermyanmar.net/mm/news/8081
  11. မော်ကွန်းတင်ပြီးမိတ္တူ။ 27 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2019 တွင် ပြန်စစ်ပြီး။
  12. https://frontiermyanmar.net/mm/news/7583
  13. မော်ကွန်းတင်ပြီးမိတ္တူ။ 3 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 October 2019 တွင် ပြန်စစ်ပြီး။
  14. https://frontiermyanmar.net/mm/news/12947
  15. https://frontiermyanmar.net/mm/news/5104
  16. https://frontiermyanmar.net/mm/news/12535
  17. https://frontiermyanmar.net/mm/news/14120
  18. https://elevenmyanmar.com/news/36395
  19. https://burma.irrawaddy.com/news/2018/08/24/167718.html
  20. https://elevenmyanmar.com/news/27571
  21. https://burma.irrawaddy.com/lifestyle/travel/2018/04/26/157024.html
  22. ၂၂.၀၀ ၂၂.၀၁ ၂၂.၀၂ ၂၂.၀၃ ၂၂.၀၄ ၂၂.၀၅ ၂၂.၀၆ ၂၂.၀၇ ၂၂.၀၈ ၂၂.၀၉ ၂၂.၁၀ ၂၂.၁၁ ၂၂.၁၂ ၂၂.၁၃ ၂၂.၁၄ ၂၂.၁၅ ၂၂.၁၆ ၂၂.၁၇ ၂၂.၁၈ ၂၂.၁၉ ၂၂.၂၀ ၂၂.၂၁ World Air Forces 2015 pg. 23။ Flightglobal Insight (2015)။ 20 April 2015 တွင် ပြန်စစ်ပြီး။
  23. Myanmar receives two Russian Su-30 fighter jets။ dhakatribune.com။ 3 September 2022 တွင် ပြန်စစ်ပြီး။
  24. Myanmar Takes Delivery of Russian Sukhoi Su-30 Jets: Monitor (4 November 2022)။
  25. Myanmar receives first shipment of Russia's Su-30 fighter jets, RIA reports September 10, 2023
  26. Trade Registers (in en-gb)။ 2018-04-09 တွင် ပြန်စစ်ပြီး။
  27. Myanmar Air Force Fleet။ planespotters.net။ 7 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2015 တွင် ပြန်စစ်ပြီး။
  28. Myanmar Air Force bolsters fleet with the commission of new aircraft (in en)။ 2023-01-10 တွင် ပြန်စစ်ပြီး။
  29. "Russia to Deliver 6 Additional Yak-130 Aircraft to Myanmar"၊ 7 February 2018။ 2018-04-09 တွင် ပြန်စစ်ပြီး 
  30. Ceremony held for acquisition of new military aircraft။ Eleven Myanmar။ 28 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 April 2015 တွင် ပြန်စစ်ပြီး။
  31. Beech၊ Anthony Davis။ "Myanmar Air Force inducts new FTC-2000Gs"၊ Janes Defence၊ 8 December 2022။ 
  32. Vice Senior General Soe Win attends launching of new aircrafts [sic] and helicopters။ Global Newslight of Myanmar (15 December 2016)။ 2018-04-09 တွင် ပြန်စစ်ပြီး။
  33. https://web.archive.org/web/20201031065753/https://www.indrastra.com/2015/12/ANALYSIS-Myanmar-Integrated-Air-Defense-System-0516.html?m=1
  34. https://frontiermyanmar.net/mm/news/2005
  35. https://frontiermyanmar.net/mm/news/9092
  36. "2 Myanmar Fighter Jets Crash, Killing Pilots and an 11-Year-Old"၊ 16 October 2018။ 
  37. Kachin rebels shoot down military helicopter as parcel bomb kills 5 in central Myanmar
  38. "Myanmar military plane crash kills 12, including senior monk"၊ CNA၊ 11 Jun 2021။ 
  39. "Myanmar Rebels Damage Aircraft During Airbase Attack"၊ The Irrawaddy၊ 16 August 2021။ 
  40. "One military council fighter jet crashes"၊ DVB news၊ 16 February 2022။ 
  41. ၂၀၂၁ မြန်မာစစ်အာဏာသိမ်း- တိုက်လေယာဉ်ပျက်ကျမှု လေယာဉ်မှူးသေဆုံးတယ်လို့ စစ်ကောင်စီပြော - ဘီဘီစီ မြန်မာ | အထူးသတင်း | နောက်ဆုံးရ သတင်း | နောက်ဆုံးရခေါင်းစဉ် သတင်း |မြန်မာသတင်း (in my-MM)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  42. ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လေတပ်အရာရှိနှစ်ဦးသေဆုံး – Myanmar Now။ Myanmar Now (၁၆ ဇွန် ၂၀၂၃)။ ၁၇ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။