စပ်လဲရေတံခွန်သည် ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်ကျောက်ကြီးမြို့နယ်စပ်လဲကျေးရွာတွင် တည်ရှိသည်။ ရေကစားသူများဖြင့် စည်ကားလှသော အထင်ကရ ရေတံခွန် ဖြစ်သည်။ ရေသည် အတန်ငယ် နက်သည်။ ကျောက်ဆောင်ညို ပေါသည်။ သဲနည်းသည်။

သင်္ကြန်တွင်းပိတ်ရက်များတွင် ရန်ကုန်မှ နေ့ချင်းပြန် လာရောက် လည်ပတ်ကြသည်။ [၁]

မတော်တဆများ ပြင်ဆင်ရန်

၂၀၁၇ နိုဝင်ဘာ ၁၁ - သူငယ်ချင်း ၂ ဦး ရေကစားရာဝယ် ကျောက်တုံးထက်က ချော်ကျရာ၊ ရေမကူးတတ်သဖြင့် ရေနစ် သေဆုံးသွားသည်။ [၂]

၂၀၁၈ အောက်တိုဘာ ၂၄- သီတင်းကျွတ်ကာလ လာရောက်အပန်းဖြေသူ ၂ ဦး ရေနစ်သေဆုံးသည်။ [၃] ၂၀၁၉ အောက်တိုဘာ ၁၃ - ရန်ကုန်မှ ၂၂ နှစ် လူငယ် ၁ ဦး ရေနစ်သေဆုံးသည်။ [၄] အောက်တိုဘာ ၂၄ - ညောင်ဝိုင်းအလယ်စုကျေးရွာနေ လူငယ် ၁ ဦး သူငယ်ချင်းများနှင့်အတူ ပျော်ပွဲစားထွက်လာရာ၊ ကျောက်ဆောင်ထက်မှ ပြုတ်ကျပြီး၊ နောက်တနေ့တွင် ပြန်တွေ့ရာ၊ ရေအောက်ကျောက်နှင့် ဆောင့်မိကာ ပွန်းပဲ့ သေဆုံးနေသည်။ [၅]

ကိုးကား ပြင်ဆင်ရန်