စိုးသိန်း (ဒုတိယဗိုလ်ချုပ်ကြီး)

ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းသည် တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သူသည် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။

စိုးသိန်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၂
ယခင်လူဦးလှစိုး
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူး ဒုတိယဗိုလ်ချုပ်ကြီး

အလုပ်အကိုင် ပြင်ဆင်ရန်

သူသည် စစ်တက္ကသိုလ် အပါတ်စဉ် ၂၄ ဆင်း ဖြစ်သည်။[၁] ပြန်တမ်းဝင် အမှတ် ကြည်း ၁၇၄၄၆ ဖြင့် စစ်မှုထမ်းသည်။ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းသည် တပ်မတော်တွင် တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ)အဖြစ် ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် အုပ်ချုပ်ရေးကဏ္ဍ၌ တာဝန်ပေးအပ်ခံခဲ့ရသည်။

အစိုးရအဖွဲ့ရာထူးများ ပြင်ဆင်ရန်

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တပ်မတော်မှ အငြိမ်းစားယူသည်။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရသည်။[၂]

ရရှိသောဘွဲ့ ပြင်ဆင်ရန်

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်း အား စည်သူဘွဲ့ အပ်နှင်းသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. ရန်ကုန်ဝန်ကြီးချုပ်သစ်အဖြစ် စစ်ထောက်ချုပ်ဟောင်း ဦးစိုးသိန်းနှင့် ကယားဝန်ကြီးချုပ်သစ်အဖြစ် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဟောင်း ဦးဇော်မျိုးတင်တို့ကိုခန့်အပ်မည်NP News (၁ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးသိန်းနှင့် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဇော်မျိုးတင်တို့အား ခန့်အပ်Eleven Media Group (၁ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များNP News (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။