ထက်ဝယ် ဖွဲ့ခွေလျက် ကိုယ်ကို ဖြောင့်မတ်စွာထားကာ သတိကို ရှေးရှုဖြစ်စေ၍ မြတ်စွာဘုရား၏ မနီးမဝေး၌ ထိုင်နေသော စူဠပန္ထကထေရ်ကို ဘုရားရှင် မြင်တော်မူ၍ “ကောင်းစွာထားအပ်သော ကိုယ်စိတ် ရှိသည်ဖြစ်၍ ရပ်သည်ဖြစ်စေ, ထိုင်သည်ဖြစ်စေ, လျောင်းသည်ဖြစ်စေ, သွားသည်ဖြစ်စေ သတိတရားလက်ကိုင်ထားသော ရဟန်းသည် ရှေ့နောက်ဖြစ်သော ဈာန် မဂ်ဖိုလ် ကျိုးထူးကို ရရာ၏၊ ဈာန် မဂ်ဖိုလ် အကျိုးထူးကိုရသောကြောင့် သေမင်းမမြင်ရာနိဗ္ဗာန်သို့ ရောက်နိုင်ရာ၏”ဟု မြတ်စွာဘုရား ဥဒါန်း ကျူးရင့်သောသုတ်။ [] []

  1. ဥဒါနပါဠိ၊ ၅-ဝဂ်၊ ၁၀-သုတ်။ ဥဒါန၊၁၅၀-၁။
  2. တိပိဋကအဘိဓာန် အတွဲ-၇