စံရှားတင်

ဗမာ့သရုပ်ဆောင်အငြိမ့်မင်းသမီး

ဒေါ်စံရှားတင် (၁၁ နိုဝင်ဘာ ၁၉၃၄ မွေးဖွား) သည် မြန်မာ အမျိုးသမီး သရုပ်ဆောင်နှင့် အငြိမ့် မင်းသမီးတစ်ဦး ဖြစ်သည်။ ဒေါ်စံရှားတင်သည် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၉၆၆ ခုနှစ်တွင် အမျိုးသမီး ဇာတ်ဆောင်ဆုနှင့် ၁၉၈၃ ခုနှစ်တွင် အမျိုးသမီး ဇာတ်ပို့ဆု တို့ကို ရရှိခဲ့သည်။

စံရှားတင်
မွေးဖွား (1934-11-11) နိုဝင်ဘာ ၁၁၊ ၁၉၃၄ (အသက် ၈၉)
ကသာဗြိတိသျှဘားမား
အလုပ်အကိုင်သရုပ်ဆောင်၊ အငြိမ့်မင်းသမီး
တက်ကြွလှုပ်ရှားနှစ်များ၁၉၅၇ – ၁၉၉၈
အိမ်ထောင်ဖက်(များ)တက္ကသိုလ် ထွန်းနောင်
မိဘ(များ)ဦးချုံအမ်၊ ဒေါ်ညှာ
ရရှိသည့်ဆုများမြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အမျိုးသမီး ဇာတ်ဆောင်ဆု (၁၉၆၆)၊ အမျိုးသမီး ဇာတ်ပို့ဆု (၁၉၈၃))
စည်သူဘွဲ့ (၂၀၁၂)

အစောပိုင်းဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ဒေါ်စံရှားတင်သည် အဖ ဦးချုံအမ်၊ ဒေါ်ညှာတို့မှ ၁၉၃၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် မွေးဖွားခဲ့ြီး သားသမီးခုနှစ်ယောက် အနက် အငယ်ဆုံးဖြစ်သည်။ မွေးရပ်မြေမှာ စစ်ကိုင်းတိုင်းကသာမြို့ဖြစ်ပြီး ခုနှစ်တန်းအထိ တက်ရောက်ခဲ့သည်။[၁]

အနုပညာရှင် ဘဝ ပြင်ဆင်ရန်

ဒေါ်စံရှားတင် သည် အငြိမ့်မင်းသမီးဘဝမှတဆင့် ရုပ်ရှင်လောကသို့ ရောက်လာသူဖြစ်သည်။ အသက် ၁၃ နှစ် အရွယ်တွင် ရွှေနန်းတင် ဇာတ်အဖွဲ့သို့ လိုက်ပါခဲ့သည်။ ရွှေမန်းဦးတင်မောင်ဇာတ်နှင့် လက်တွဲခဲ့ကာ ရွှေမန်းဇာတ်အဖွဲ့၏ လက်ရုံးသဖွယ် ဖြစ်ခဲ့သည်။

၁၉၅၈ ခုနစ်တွင် ဒေါ်စံရှားတင်သည် ရုပ်ရှင်သရုပ်ဆောင်လောကသို့ ဝင်ရောက်လာပြီး စတင်ရိုက်ကူးခဲ့သော ဇာတ်ကားများမှ ဆု နှင့် ချစ်မုန်တိုင်း တို့ ဖြစ်သည်။ ဆု ဇာတ်ကားမှာ ရိုက်ကူးသည့်ရက် ကြာရှည်သွားခြင်းကြောင့် ချစ်မုန်တိုင်း ဇာတ်ကားကို ဦးစွာ ရုံတင်ပြသခဲ့သည့်အတွင် ဒေါ်စံရှားတင်၏ ပထမဆုံး ဇာတ်ကားမှာ ချစ်မုန်တိုင်း ဖြစ်ခဲ့သည်။ ဒေါ်စံရှားတင်သည် ဆောင်း ရုပ်ရှင် ဇာတ်ကားတွင် အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပထမဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၉၆၆ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် စိမ်းနှင့် တေဇာ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သည်။[၁] ၁၉၆၂ ခုနစ်တွင် စံရှားတင် ပါဝင်ရိုက်ကူးခဲ့သည့် အတွေ့ဇာတ်ကားသည် မြန်မာရုပ်ရှင် ခေတ်ဦးပိုင်း အဖြူအမည်း ဇာတ်ကားတစ်ကား ဖြစ် ပြီး အလွန်လူကြိုက်များခဲ့ကြသည်။ အတွေ့ရုပ်ရှင်ဇာတ်ကားတွင် စံရှားတင် အကယ်ဒမီဆုနှင့် လွဲခဲ့သော်လည်း ပရိသတ်၏ တခဲနက်အားပေးမှုကို ရရှိခဲ့သည်။ ဒေါ်စံရှားတင်သည် ရုပ်ရှင် ဇာတ်ကားပေါင်း တစ်ရာကျော်နီးပါး ရိုက်ကူးခဲ့ ပြီး ထင်ရှားသော ရုပ်ရှင်ဇာတ်ကားများမှာ ဝဏ္ဏသိင်္ဂီ ဒေးစွန်ပါဒါးရောင်လက်လက် မယ်ဘယက်မောင်မောင်နဲ့ သိင်္ဂီ ကညာပျိုနှင့် ဇရာအိုကျွန်တော်နှင့် ကိုဘကျော်ရွှေပင်နားတော့ရွှေကျေးသမီးသမက်နှင့် ခမည်းခမက်ချစ်တဲ့ရက်ကို ကြိုနေမယ်သားလိမ္မာ နေကျောက်ခဲ စသည့်ဇာတ်ကားများ ဖြစ်သည်။[၁][၂][၃][၄] ဒေါ်စံရှားတင် သည်အသက် ၇၀ ကျော်သည်အထိ သရုပ်ဆောင်အဖြစ် လုပ်ဆောင်ခဲ့သည်။ ဒေါ်စံရှားတင်သည် မြန်မာ့ရိုးရာ ဆိုကရေးတီးပြိုင်ပွဲ (အကပြိုင်ပွဲ)တွင် အကဲဖြတ်ဒိုင်အဖြစ် ၁၇ နှစ်နီးပါးပါဝင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနစ်တွင် စည်သူဘွဲ့ရရှိခဲ့သည်။

ပါဝင်ခဲ့သော ရုပ်ရှင်ဇာတ်ကားများ ပြင်ဆင်ရန်

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

ဒေါ်စံရှားတင်သည် တက္ကသိုလ် ထွန်းနောင်နှင့် လက်ထပ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်