ဗိုလ်မှူးစံသာကျော် မော်ကွန်းဝင် (ပထမ)ဆင့်နှင့် နိုင်ငံဂုဏ်ရည် (ပထမ)ဆင့်ကို စစ်တွေခရိုင်၊ ကျောက်တော်မြို့တွင် အဖ ဦးကျော်ဇံ၊ အမိ ဒေါ်ဒါဒါ တို့မှ ၁၂၈၅ ခု ပြာသိုလဆန်း (၆)ရက် (၁၂-၁၂-၁၉၂၃)နေ့ ကျောက်တော်မြို့ ၌ မွေးဖွားခဲ့သည်။

ဗိုလ်မှူးစံသာကျော်
(၁၉၂၃-၂၀၀၇)
မွေးသက္ကရာဇ် ၁၉၂၃-ခုနှစ်
အမည်ရင်း စံသာကျော်
မိဘအမည် ဦးကျော်ဇံ၊ ဒေါ်ဒါဒါ
မွေးဖွားရာဒေသ ကျောက်တော်မြို့
နိုင်ငံသား
လူမျိုး ရခိုင်
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင်
ကြင်ဖော်
သားသမီး
ထင်ပေါ်ကျော်ကြားမှု
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ မော်ကွန်းဝင် (ပထမဆင့်) နိုင်ငံဂုဏ်ရည် (ပထမဆင့်)
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်

ကျောက်တော်မြို့ အမျိုးသားဓမ္မာရုံ အလယ်တန်းကျောင်းမှ (၇)တန်းအောင်မြင်၍ ရန်ကုန်မြို့ ကူရှင် အထက် တန်းကျောင်းတွင်ပညာဆက်လက်သင်ကြားရာ(၁၉၄၁)ခုနှစ်တွင်(၁၀)တန်းကို အောင်မြင်ခဲ့ပြီး ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။ အိန္ဒိယပြည်၊ ကာလက္ကတားမြို့၊ ဗီဒီယာဆာ အမျိုးသားကောလိပ်တွင် ဥပဇာတန်း ပဌမနှစ် ပညာသင်ကြားနေချိန်တွင် ဒုတိယကမ္ဘာ စစ် ဖြစ်ပွား၍ မြန် မာနိုင်ငံသို့ ဂျပန်တပ်များ ဝင်လာချိန် (၁၉၄၂)ခုနှစ်၊ ဇန်နဝါရီလကုန်တွင် အိန္ဒိယမှ မိမိနေရပ်၊ ရခိုင်ပြည်သို့ စစ်တကောင်းမောင်းတောမှ တဆင့် ပြန်ခဲ့သည်။ မိမိနေရပ်ရောက်ပြီးနောက် ဦးသာဇံလှ၊ ဦးအောင်ထွန်းဦး တို့ ခေါင်းဆောင်သော ရခိုင်လုံးဆိုင်ရာအသင်းမှ ဗြိတိသျှနယ်ချဲ့အစိုးရ အား တော်လှန်ရန် စီစဉ်နေကြ သည်ကို တွေ့ရ၍ ၎င်းအသင်းတွင်ပါဝင်ပြီး ခေါင်းဆောင်များပေးသော တာဝန်ကို လူငယ်တစ်ယောက် အနေဖြင့် ကိုယ်ဖိရင်ဖိ ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်း ကျောက်တော် မြို့စောင့် လူငယ်များကို စည်းရုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ကို ဦးဆောင်ခဲ့သည်။ စစ်တွေခရိုင်သို့ ၁၉၄၂ ခု၊ ဧပြီလတွင် ဗမာ့လွတ်လပ်ရေး တပ်မတော် ရောက်လာပြီးနောက် ဘီအိုင်အေသို့ဝင်ရန် စာရင်းပေးရာ တပ်မှူးဗိုလ်ရန်အောင်၊ တိုင်းအုပ် ချုပ်ရေးတာဝန်ခံ ဦးမြတို့ တာဝန်ပေးချက်ရ ကျောက်တော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် အတွင်းရေး မှူးတာဝန် ထမ်းဆောင်ခဲ့ရသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖျက်သိမ်း ပြီးနောက် (၁၉၄၃)ခုနှစ်တွင် ပလက်၀ နယ်ခြားခရိုင် ဗိုလ်ကြီးကြာလှအောင် ဦးစီးသော ရခိုင်ကာကွယ်ရေး တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်မှူးရန်အောင် တာဝန်ပေးချက်အရ ကျောက်တော်မြို့နယ် (P.A.C)တွင် အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ရပြီး ဗိုလ်မှူးရန်အောင် ရန်ကုန်သို့ တပ်ပြန်သွားသည့်အခါ ဗိုလ်ကြီးကြာလှအောင် ဦးစီးသော တပ်တွင် ကျောက်တော်မြို့နယ်၊ ပလက်ဝမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ရခိုင်တိုင်း (A.F.O)ခေါင်းဆောင်များ တာဝန်ပေးချက်အရ အိန္ဒိယပြည်နယ်သို့ ဖက်ဆစ် ဆန့်ကျင်ရေးအတွက် မဟာမိတ်များနှင့် စီစဉ်နေသော သခင်သိန်းဖေ၊ ဦးညိုထွန်း၊ သခင်တင်ရွှေတို့ထံ ကုန်းလမ်းမှတဆင့် ၁၉၄၄-ခု ဇွန်လနှင့် စက်တင်ဘာလတွင် (၂)ကြိမ် သွားခဲ့ပြီး ဖက်ဆစ်တော်လှန်ရေး တာဝန် ထမ်းဆောင်၇န်၊ ကျောက်တော်နယ်သို့ ၁၉၄၄ ခု ဒီဇင်ဘာလတွင် လေထီးနှင့် ခုန်ဆင်းခဲ့ပြီး ဗိုလ်ကြာလှအောင် ဦးဆောင်သော တပ်နှင့်ပူးပေါင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ရခိုင်ဘက်တွင် ဂျပန်တပ် များ ဆုတ်ခွာပြီးနောက် တာဝန်ပေးချက်အရ ဖေဖော်ဝါရီလတွင် အိန္ဒိယသို့ ဗိုလ်သာကျော်၊ ဗိုလ်အောင် ကလေး၊ ဗိုလ်သာထွန်းအောင်တို့နှင့်အတူ ပြန်လာပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဗမာပြည်၊ ပဲခူး ခရိုင်၊ ရွှေလောင်းကျေးရွာအနီး လေထီးဖြင့် ဗိုလ်သာထွန်းအောင်နှင့်အတူ ခုန်ဆင်းခဲ့သည်။ ရန်ကုန်သို့ ဆက်သားအဖြစ် ဗမာတော်လှန်ရေးခေါင်းဆောင်များထံ သခင်သိန်းဖေနှင့် မဟာမိတ် ဗြိတိသျှတပ်မှ ပေး လိုက်သော စာ(၂)စောင်နှင့် ဆက်သွယ်ရေးပစ္စည်းများကို လာပို့သည်။ ရန်ကုန်မှ မတ်လ ဒုတိယပတ်တွင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အနောက်ဘက်သို့ တောင်ငူရဲခေါင်ပြောက်ကျားအား လက်နက်ငယ် ကိုင်တွယ်ပစ်ခတ်နည်း၊ မိုင်းဗုံးဖေါက်ခွဲနည်းများ သင်ပေးပြီး ဖြူးကားလမ်းတစ်လျှောက် ဖက်ဆစ်ဂျပန်များ အား ရဲခေါင်ပြောက်ကျားများနှင့် တိုက်ခိုက်ရာတွင် တာဝန်ယူခဲ့သည်။ ဂျပန်များ ၎င်းနယ်မြေမှ ဆုတ်ခွာ ပြီးနောက် ဧပြီလတွင် အိန္ဒိယနိုင်ငံရောက် သခင်သိန်းဖေထံ လေယာဉ်ဖြင့် ပြန်သွားခဲ့သည်။ ဇွန်လကုန် တွင် ရန်ကုန်သို့ သင်္ဘောဖြင့် ဗိုလ်သာထွန်းအောင်နှင့်အတူ ပြန်လာပြီး ရခိုင်ခေါင်းဆောင် ဦးညိုထွန်းအား သတင်းပို့ပြီး သြဂုတ်လတွင် အိမ်ပြန်ခွင့်တောင်းပြီး မိမိနေရပ်သို့ ပြန်လာခဲ့ပါသည်။ တော်လှန်ရေးပြီးဆုံးပြီးနောက်ပိုင်း မိမိနေရပ်ဒေသပြန်ပြီး တစ်နှစ် အနားယူသည်။

တောခို လက်နက်ချ ပြင်ဆင်ရန်

၁၉၄၇ ခုနှစ်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ ကျောက်တော်မြို့နယ်၊ မြို့တော်ကော်မတီတာဝန်ယူပြီး ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းသော (ဗ-သ-န-တ) တပ်ရင်း (၄)တွင် ဒုတပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ (ဗ-သ-န-တ) တပ်ရင်း(၄)ကို ၁၉၄၈ ခုနှစ်တွင် ပြန်ထောင်စု စစ်ရဲတပ်ရင်း (၂၀)အဖြစ် ထပ်မံဖွဲ့စည်းသည့်အခါ တပ်ရင်းမှူး တာဝန်ဖြင့် ရခိုင်တိုင်းတွင် တာဝန်ယူဆောင်ရွက်နေစဉ် ၁၉၄၉ ခုနှစ် ဇွန်လတွင် အစိုးရအား လက်နက် ကိုင် တော်လှန်ပြီး တောခိုခဲ့သည်။

ပြည်သူ့ရဲဘော်ပါတီ၏ ဦးဆောင်မှုကို ခံယူပြီး နိုင်ငံရေး၊ စစ်ရေးအရ (ဖ-ဆ-ပ-လ) အစိုးရအား တိုက်ခဲ့သည်။ ပြည်သူ့ရဲဘော်ပါတီတွင် ရခိုင်တိုင်းကော်မတီ စစ်ဆင်ရေး တာဝန်ခံအဖြစ်လည်းကောင်း၊ (၁၉၅၁)ခုနှစ်တွင် ဗဟိုကော်မတီတာဝန်ဖြင့် လည်းကောင်း ထမ်းဆောင်ခဲ့ရာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို မယုံ ကြည်တော့သဖြင့် (၁၉၅၈)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် လက်နက်ချ၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

နိုင်ငံရေး ပြင်ဆင်ရန်

၁၉၈၈-သြဂုတ်လတွင် အောင်ဆန်းစုကြည် အပါအဝင် ကျောင်းသားများနှင့် အစိုးရအကြားတွင် ညီညွတ်မှုရအောင်၊ မြန်မာနိုင်ငံအမျိုးသား စုစည်းညီ ညွတ်စေရန် (မဆလ) နိုင်ငံတော် ကောင်စီ အတွင်းရေးမှူးထံ ပေးစာကို ပေးပြီး ထောက်ခံ ကူညီဆောင် ရွက်ရန် ဆန္ဒပြုခဲ့၍ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးရမည့် အလုပ်ဆိုလျှင် ဆောင်ရွက်ကူညီမည်ပြောပြီး သခင်တင်မြ၊ ဦးသာထွန်း၊ ဦးလှတင်၊ ဦးစိုးမောင်တို့နှင့်အတူ လုပ်ကိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြားနိုင်ငံရေးပါတီ အင်အားစုများနှင့် ပူးပေါင်းပြီး (NLD)အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ကို ထူထောင်လိုက်သည်။ ပါတီနိုင်ငံရေးမလုပ်လို၍ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစု ကြည် အားပြောပြီး ဆက်မလုပ်တော့ပါ။ (၁၉၉၆)ခုနှစ်တွင် ဗိုလ်မှူးအောင်ခေါင်းဆောင်ပြီး အစိုး ရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတော် စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရရှိရေးတို့အ တွက် ပူးပေါင်းဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

မိသားစုဘဝ ပြင်ဆင်ရန်

၁၉၄၆ ခုနှစ်တွင် ဦးအောင်ဇံဝေ၏သမီး ဒေါ်စောသာနုနှင့် ဖူးစာရေစက်ဆုံခဲ့သည်။ သားသမီးများမှာ သမီးကြီး ဒေါက်တာဒေါ်မြေဝ (ညွှန်ကြားရေးမှူး၊ ဆေးပညာဦးစီးဌာန)၊ ဦးခင်မောင်ကျော် (ရေကြောင်းအင် ဂျင်နီယာ)၊ ဦးစံလင်း (ဒု ရေကြောင်းအရရှိ) တို့ ဖြစ်ကြသည်။ ဒေါ်စောသာနုကွယ်လွန်၍ ဒေါ်ကျင်ငွေနှင့် နောက်အိမ်ထောင်ပြုသည်။ အသက်(၈၄)နှစ်၊ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာပြည်ကို လေထီးနဲ့ ကယ်တင်သူတွေ (in my)။ ၁၄ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။