ဆက်နတ်ဘုရား (အင်္ဂလိပ်: Set) သည်အီဂျစ်ဒဏ္ဍာရီလာနတ်ဘုရားတစ်ဦးဖြစ်၍ ရှေးခေတ်အီဂျစ်ဘာသာတရားတွင် အစီအစဉ်မကျပရမ်းပတာဖြစ်ပျက်ခြင်း၊ မီး၊ ကန္တာရ၊ လှည့်စားခြင်း၊ မုန်တိုင်း၊ မနာလိုခြင်း၊ ကြမ်းတမ်းခြင်း၊ လူသူတစိမ်းများနှင့် ပတ်သက်သည့် နတ်ဘုရားတစ်ပါးဖြစ်သည်။[၁] ရှေးခေတ်ဂရိတွင် ဤနတ်ဘုရား၏အမည်နာမကို 'ဆက်သ်' (Sēth (Σήθ)) ဟုပေးထား၏။ ဆက်သည် ရားနတ်ဘုရား၏ ခရီးစဉ်လှေကြီး (နေလှေကြီး) တွင် မြွေနဂါးနတ်ဆိုး အဲပပ် (Apep) ကိုတွန်းလှန်ရာ၌ အဖော်သဟဲပြု၍ ကောင်းသောကဏ္ဍတွင်ပါဝင်ခဲ့သည်။[၁] ပြန်လည်ပြေလည်သော တိုက်ပွဲဝင်သူတစ်ဦးအဖြစ် အရေးပါသောအနေအထားလည်းရှိခဲ့သည်။[၁] ၎င်းသည် အနီရောင်လွှမ်းသောမြေ (ကန္တာရ) ၏ အရှင်သခင်တစ်ပါးဖြစ်ရာ အနက်ရောင်လွှမ်းသောမြေ(မြေကြီး)၏ အရှင် ဟိုးရပ်စ်နတ်ဘုရား နှင့် ညီမျှသောသူလည်းဖြစ်သည်။[၁]

ဆက်နတ်ဘုရား
Set.svg
အဓိက ကိုးကွယ်မှု ဗဟိုအောမ်ဘော့စ်မြို့ (ယခု နက်ခက်ဒါမြို့ (Naqada))
သင်္ကေတခရက်ခွအစွန်းဖျားနှင့် တိရစ္ဆာန်ဦးခေါင်းပုံပါ တောင်ဝှေး ၊ (ခွေး၊ခွေးအ၊မြေခွေးနှင့်တူသော) တိရစ္ဆာန်တစ်မျိုး
ကိုယ်ရေး အချက်အလက်
မိဘများGeb, Nut
မွေးချင်းအိုးဆိုက်ရစ်နတ်ဘုရား, အိုက်စစ်နတ်ဘုရားမ, နက်ဖ်သီစ်နတ်ဘုရားမ, ဟိုးရပ်စ် (အကြီး)
ကြင်ရာတော်နက်ဖ်သီစ်နတ်ဘုရားမ, Anat, Astarte, Tawaret
ဆင်းသက်သူများအနျူးဘစ်နတ်ဘုရား

အရေးကြီးဆုံးသော အီဂျစ်ဒဏ္ဍာရီ၏ အိုးဆိုက်ရစ်ဒဏ္ဍာရီတွင် ဆက်ကို ပုန်ကန်တွန်းလှန်သူတစ်ဦးအဖြစ်ဖော်ကျူးကြသည်။ ထို၌ ညီအကိုတော်စပ်သူ အိုးဆိုက်ရစ်နတ်ဘုရားအား သတ်ပစ်ခဲ့ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဖြတ်တောက်ပစ်ခဲ့သည်။ အိုးဆိုက်ရစ်၏ဇနီး အိုက်စစ်နတ်ဘုရားမက ထိုအစိတ်အပိုင်းများကို လိုက်လံစုစည်းကာ ဆုံးပါးသွားလေသူ အိုးဆိုက်ရစ်ကို ပြန်လည်ရှင်သန်စေခဲ့၍ ၎င်း၏အမွေဆက်ခံမည့်သူ ဟိုးရပ်စ်ကို သန္ဓေတည်နိုင်ခဲ့သည်။ (ထိုသန္ဓေတည်စေရန်အထိသာ ပြန်လည်ရှင်သန်စေခဲ့သည်) ဟိုးရပ်စ်မှာ ဆက်အပေါ် အငြှိုးအာဃာတထားခဲ့သည်။ များစွာသော ဒဏ္ဍာရီများက ၎င်းတို့နှစ်ဦး၏ ပဋိပက္ခကိုများကို ဖော်ပြထားမှုရှိသည်။

ရှေးခေတ် အီဂျစ်နက္ခတ္တဗေဒတွင် ဆက်သည် မာကျူရီ ခေါ် ဗုဒ္ဓဟူးဂြိုဟ်နှင့် များစွာဆက်နွယ်ပတ်သက်သည်။[၂]

မှတ်စုပြင်ဆင်

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Oxford Encyclopedia of Ancient Egypt, vol. 3, p. 269
  2. "Ancient Egyptian Astronomy" (1974). Philosophical Transactions of the Royal Society of London. Series A, Mathematical and Physical Sciences 276 (1257): 51–65. doi:10.1098/rsta.1974.0009. Bibcode1974RSPTA.276...51P.