အိုးဆိုက်ရစ်နတ်ဘုရား
အိုးဆိုက်ရစ် နတ်ဘုရား (အင်္ဂလိပ်: Osiris) သည်အီဂျစ်ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးဖြစ်၍ မျိုးသန္ဓေအောင်ခြင်း၊ စိုက်ပျိုးရေး၊ တမလွန်ဘဝ၊ သေခြင်း၊ ပြန်လည်ရှင်သန်ခြင်း၊ ဘဝ၊ အပင်များနှင့် သက်ဆိုင်သောနတ်ဘုရားတစ်ပါးဖြစ်သည်။ ရိုးရာပုံစံဟန်အရ အစိမ်းရောင် ပိန်သောကိုယ်ခန္ဓာရှိ ဖာရိုဘုရင်[မှတ်စု ၁] တစ်ပါး၏မုတ်ဆိတ်ဖြင့် နတ်တစ်ပါး၊ ခြေထောက်ပိုင်းတွင် မံမီကဲ့သို့အဝတ်စည်းနှောင်ထားကာ အေတက်(atef)ဟုခေါ်သော ထင်ရှားသည့်သရဖူဆင်မြန်းရင်း ကောက်တလင်းခြွေရာတွင်သုံးသော တုတ်နှင့် အဖျားကောက်တုတ်ရှည်များကိုင်ဆောင်ထားသည့်ဟန်ဖြင့် သရုပ်ဖော်ကြသည်။[၁] မံမီများအား အဝတ်စည်းနှောင်ခြင်းနှင့် ပတ်သတ်သောပထမဦးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ညီအကိုတော်သူ ဆက်နတ်ဘုရားက ၎င်းကိုသတ်ခဲ့ပြီး ခန္ဓာကိုယ်အပိုင်းအစများကို ဖြတ်တောက်ပစ်ခဲ့ရာ ဇနီးသည် အိုက်စစ်နတ်ဘုရားမက လိုက်လံရှာဖွေပြီး ၎င်းကိုယ်ခန္ဓာကို အဝတ်များစည်းနှောင်ခဲ့သည်။ အိုးဆိုက်ရစ်ကို ရံခါတွင် ဂက်နတ်ဘုရားနှင့်[၂] ကောင်းကင်နတ်ဘုရားမ နပ်တို့၏ သားကြီးအဖြစ် ယူဆကြသည်။ အိုက်စစ်၏ မောင်နှမ၊ ခင်ပွန်းသည်၊ ဟိုးရပ်စ်နတ်ဘုရား၏ ဖခင်အဖြစ်လည်း ယူဆကြ၏။[၂]
အိုးဆိုက်ရစ်နတ်ဘုရား | ||||
---|---|---|---|---|
သေသူများနှင့် ပြန်လည်မွေးဖွားခြင်း၏ အရှင်၊ ၎င်း၏ အစိမ်းရောင်အရေပြားသည် ပြန်လည်မွေးဖွားခြင်း၏ ပြယုတ်ဖြစ်စေသည်။ | ||||
အရုပ်စာ အမည် |
| |||
အဓိက ကိုးကွယ်မှု ဗဟို | Busiris နှင့် Abydos | |||
သင်္ကေတ | ကောက်တလင်းခြွေရာတွင်သုံးသော တုတ်နှင့် အဖျားကောက်တုတ်ရှည်၊ အေတက်ဟုခေါ်သော သရဖူ၊ ငှက်ကုလားအုတ် အမွှေးတောင်များ၊ ငါး၊ မံမီရုပ်အလောင်းစည်းနှောင်သည့်ပိတ်စ၊ djed | |||
ကိုယ်ရေး အချက်အလက် | ||||
မိဘများ | Geb နှင့် Nut | |||
မွေးချင်း | အိုက်စစ်၊ ဆက်၊ နက်ဖ်သီစ်၊ ဟိုးရပ်စ် (အကြီး) | |||
ကြင်ရာတော် | အိုက်စစ် | |||
ဆင်းသက်သူများ | ဟိုးရပ်စ်, အနျူးဘစ် (အချို့ဖော်ပြချက်မျာူအရ) |
အိုးဆိုက်ရစ်ကို အိုက်စစ်၊ ဆက်၊ နက်ဖ်သီစ်၊ ဟိုးရပ်စ် (အကြီး)တို့၏ ညီအကိုမောင်နှမအဖြစ်ယူကာ ဟိုးရပ်စ် (အငယ်)၏ ဖခင်အဖြစ်လည်းတွေးယူကြသည်။[၃] အီဂျစ်၏ ပဉ္စမမြောက်မင်းဆက်ခေတ် (ဘီစီ ၂၅၀၀) အလယ်၌ အိုးဆိုက်ရစ်အား ကိုးကွယ်ခြင်းနှင့်ဆိုင်သော သက်သေအထောက်အထားများ ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ထိုထက်ပို၍ ကိုးကွယ်မှုစောနိုင်သည်။[၄]
အိုးဆိုက်ရစ်သည် သေသောသူများအား တရားစီရင်သူလည်းဖြစ်၍ နိုင်းမြစ်၏ အကျိုးဖြစ်ထွန်းစေသော ရေကြီးမှု၊ အပင်များပေါက်စေခြင်းများအပါအဝင် သက်ရှိများကိုခွင့်ပြုပေးသည့် ဝိဉာဉ်လောကကိုယ်စားလှယ်တစ်ဦးလည်းဖြစ်၏။ 'အစဉ်အမြဲကြင်နာတတ်သော၊ နုပျိုမြစ်သော ပုဂ္ဂိုလ်'[၅]'တိတ်ဆိတ်ငြိမ်သက်မှု၏ အရှင်' စသဖြင့်ဖော်ပြခဲ့ကြသည်။[၆] အီဂျစ်ဘုရင်များသည် သေခြင်းတရား၌ အိုးဆိုက်ရစ်နှင့် ဆင်နွှယ်ပတ်သက်မှုရှိကြရာ အိုးဆိုက်ရစ်သည် သေရာမှပြန်လည်ရှင်သန်ထမြောက်ခဲ့သဖြင့် ၎င်းတို့သည်လည်း အိုးဆိုက်ရစ်နှင့် တစ်သားတည်းဖြစ်မည်၊ ထိုတုပလုပ်ဆောင်သော မှော်တန်ခိုးအစွမ်းသတ္တိဖြင့် ထာဝရဘဝကိုရရှိကြမည် ဖြစ်သည်။[၇]
သေခြင်းပြီးနောင် ဘဝသစ်မျှော်လင့်ချက်မှတစ်ဆင့် အိုးဆိုက်ရစ်သည် သဘာဝတရားတွင့် တွေ့ရသော ထပ်တလဲလဲဖြစ်ပျက်မှုများနှင့် စတင်ပတ်သက်ခဲ့ရာ အထူးသဖြင့် သစ်ပင်များ၊ နိုင်းမြစ်၏ နှစ်စဉ်ရေကြီးရေလျှံမှုများတို့ဖြစ်ကြသည်။ နှစ်သစ်အစတွင် အိုရိုင်ယန် ကြယ်စုတန်း နှင့် ဆစ်ရီးယပ်စ်ကြယ်တို့ နေနှင့်အတူ ပေါ်ထွက်လာခြင်း (heliacal rising)များနှင့် အိုးဆိုက်ရစ်၏ပတ်သက်နေမှုမှတစ်ဆင့် နိုင်းမြစ်ရေကြီးခြင်းများဖြစ်သည်။[၅] ရောမအင်ပါယာ၌ ခရစ်ယာန်အယူဝါဒဖြစ်ပေါ်လာခြင်းအတောအတွင်း ရှေးဟောင်းအီဂျစ်ဘာသာဆုတ်ယုတ်လာသည်အထိ အိုးဆိုက်ရစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကွယ်ကြသည်။[၈][၉]
မှတ်စု
ပြင်ဆင်ရန်- ↑ အနီးစပ်ဆုံးအင်္ဂလိပ်အသံထွက်မှာ 'ဖဲရိုး' ဖြစ်သည်။ uk,au /ˈfɛːɹəʊ/, /ˈfɛəɹəʊ/; us /ˈfæɹoʊ/, /ˈfɛɹoʊ/
ကိုးကား
ပြင်ဆင်ရန်- ↑ Egyptian Mythology - Osiris Cult (in ru)။ 2018-10-26 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Wilkinson၊ Richard H. (2003)။ The Complete Gods and Goddesses of Ancient Egypt။ London: Thames & Hudson။ p. 105။ ISBN 978-0-500-05120-7။CS1 maint: ref=harv (link)
- ↑ Kane Chronicles
- ↑ Griffiths, John Gwyn (1980). The Origins of Osiris and His Cult. Brill. p. 44
- ↑ ၅.၀ ၅.၁ The Oxford Guide: Essential Guide to Egyptian Mythology, Edited by Donald B. Redford, pp. 302–307, Berkley, 2003, ISBN 0-425-19096-X
- ↑ "The Burden of Egypt", J. A. Wilson, p. 302, University of Chicago Press, 4th imp 1963
- ↑ "Man, Myth and Magic", Osiris, vol. 5, pp. 2087–2088, S.G.F. Brandon, BPC Publishing, 1971.
- ↑ Catholic Encyclopedia: Theodosius I။ Newadvent.org (1912-07-01)။ 2012-05-01 တွင် ပြန်စစ်ပြီး။
- ↑ "History of the Later Roman Empire from the Death of Theodosius I. to the Death of Justinian", The Suppression of Paganism – ch22, p. 371, John Bagnell Bury, Courier Dover Publications, 1958, ISBN 0-486-20399-9
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |