ဆင်ဖြူတိုင်
ဆင်ဖြူတိုင် (အင်္ဂလိပ်: Sinbyudaing; ထိုင်း: สิ่นผิ่วโด่ง) သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲအတွင်းရှိ ကျေးရွာတစ်ခု ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံနယ်စပ်အနီး တနင်္သာရီတောင်တန်း၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။[၁]
ဆင်ဖြူတိုင် (Sinbyudaing) ဆင်ဖြူတိုင် | |
---|---|
ရွာ | |
Location in Burma | |
ကိုဩဒိနိတ်: 14°2′N 98°53′E / 14.033°N 98.883°Eကိုဩဒိနိတ်: 14°2′N 98°53′E / 14.033°N 98.883°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | ထားဝယ်ခရိုင် |
မြို့နယ် | ထားဝယ်မြို့နယ် |
မြို့နယ်ခွဲ | မေတ္တာမြို့နယ်ခွဲ |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၅၀ မီတာ (၄၉၀ ပေ) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သမိုင်းတွင်ပါဝင်မှု
ပြင်ဆင်ရန်ဗမာ့လွတ်မြောက်ရေးတပ်မတော်(BIA)သည် ဂျပန်တပ်မတော်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သည့်အခါ၌ ထားဝယ်စစ်ကြောင်းသည် ထိုင်းနိုင်ငံမှတစ်ဆင့် တနင်္သာရီတောင်တန်းကိုဖြတ်၍ ဆင်ဖြူတိုင်သို့ ၁၉၄၂-ခုနှစ် ဇန်နဝါရီလ ၁၅-ရက်နေ့တွင် မေတ္တာမြို့ကို တိုက်ရန်ရောက်ရှိလာခဲ့သည်။ (အင်္ဂလိပ်ကိုလိုနီတပ်ဖြစ်သော) ထားဝယ်မြို့စောင့်တပ်မှ အမှတ်(၆)ဗမာ့ရိုင်ဖယ်တပ်ရင်း၏ တပ်ခွဲသုံးခုသည် ဤဒေသပတ်ဝန်းကျင်၌ ဗမာ့လွတ်မြောက်ရေးတပ်မတော်နှင့် ဂျပန်တပ်မတော်တို့၏ ပူးပေါင်းတပ်များကို ရှုံးနိမ့်ခဲ့သည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ Sinbyudaing location on Google Maps။ 2020-08-13 တွင် ပြန်စစ်ပြီး။
- ↑ 6th Battalion, The Burma Rifles. (2018-03-26)။ 2019-07-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-19 တွင် ပြန်စစ်ပြီး။