ဆိုဗီယက်-အာဖဂန်စစ်ပွဲ သည် ဆိုဗီယက်တပ်တော်နှင့် အာဖဂန်နစ္စတန်ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က တဖက်၊ အာဖဂန်လက်နက်ကိုင်အုပ်စုများ (ပေါင်းရုံး၍ အာဖဂန် မူဂျာဟစ်ဒင် ဟု ခေါ်) နှင့် လက်နက်ကိုင်အဖွဲ့ငယ် မော်ဝါဒီအုပ်စုတို့က တဖက်၊ ၁၉၈၀ ကာလများတွင် အာဖဂန်နယ်စပ်တွင် ဖြစ်ပွားသည့် ၉ နှစ်ကြာ ဆင်နွှဲသော ပြောက်ကျားစစ်ပွဲကြီး ဖြစ်သည်။ မူဂျာဟစ်ဒင်တို့ကို အမေရိကန်တို့က အဓိကထောက်ပံ့ပြီး ပါကစ္စတန်အီရန်ဆော်ဒီအာရေဗျတရုပ်ယူနိုက်တက်ကင်းဒမ်းတို့လည်း ကူကြသည်။ စစ်အေးခေတ် ကြားခံစစ်ပွဲကြီး ဖြစ်သည်။ အာဖဂန်သား ၅၆၂၀၀၀ မှ ၂၀၀၀၀၀၀ ကြား အသက်ဆုံးပြီး သန်းနှင့်ချီသောပြည်သူတို့ ပါကစ္စတန်နှင့် အီရန်သို့ ပြေးရသည်။ ဤပဋိပက္ခကြောင့် လူဦးရေ ၆.၅% မှ ၁၁.၅% အထိ လျော့ကျခဲ့သည်ဟု ခန့်မှန်းရသည်။ အာဖဂန်နစ္စတန်ကို ပြာပုံဖြစ်စေသော ဤစစ်ပွဲသည် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲအောင် တစိတ်တဒေသ ထောက်ပံ့ပြီး စစ်အေးကာလကို အဆုံးသတ်နိုင်သည်မှာ အဆိုးထဲမှ အကောင်းတကွက်တည်း။ [၁][၂]

ကိုးကား ပြင်ဆင်ရန်

  1. Reuben, Rafael; Prakash, Aseem (1999). "The Afghanistan war and the breakdown of the Soviet Union". Review of International Studies. 25 (4): 693–708. doi:10.1017/s0260210599006932. Retrieved 15 July 2015.
  2. It's Victory Day, but who's winning?, PRI.org, 28 April 2011