ဆောက်သန်းမြန်မာ ယူနိုက်တက် ဘောလုံးအသင်း

ဆောက်သန်းမြန်မာ ယူနိုက်တက် ဘောလုံအသင်းသည် မော်လမြိုင်မြို့၏ မြို့ခံအသင်းတစ်သင်း ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်စတင်တည်ထောင်စဉ် ၂၀၀၉ ခုနှစ်ကတည်းကပင် စတင်ပြိုင်ပွဲဝင်ခဲ့သော အသင်းတစ်သင်းဖြစ်သည်။ ၎င်းအသင်းသည် မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးတို့အပါအဝင် မြန်မာနိုင်ငံ၏ တောင်ဘက် ကမ်းရိုးတန်းတစ်ခုလုံးကို ကိုယ်စားပြုသည်။ ကနဦးတွင် မော်လမြိုင်မြို့ရှိ ရာမည အားကစားကွင်း ကို အိမ်ကွင်းအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့သော်လည်း လက်ရှိတွင် အောင်ဆန်း အားကစားကွင်းအား အိမ်ကွင်းအဖြစ် အခြားအသင်း (၃) သင်းနှင့်အတူ မျှ၍ သုံးစွဲနေရသည်။ ၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ရာသီပွဲအပြီးတွင် မြန်မာနေရှင်နယ်လိဂ် (၂) သို့ တန်းဆင်းခဲ့ရသည်။

ဆောက်သန်းမြန်မာ ယူနိုက်တက်
Southern Myanmar FC
အသင်းအမည်ဆောက်သန်းမြန်မာ ယူနိုက်တက် ဘောလုံးအသင်း
တည်ထောင်နှစ်၂၀၀၉; ၁၅ နှစ် အကြာက (၂၀၀၉)
အိမ်ကွင်းရာမည အားကစားကွင်း
(လူဝင်ဆံ့မှု: ၁၅,၀၀၀)
ပိုင်ရှင်မြန်မာနိုင်ငံ ဦးဌေးမြင့်[၁]
ဥက္ကဋ္ဌမြန်မာနိုင်ငံ ဦးလှမောင်ရွှေ
မန်နေဂျာမြန်မာနိုင်ငံဦးမြလွင်
ကစားသည့်လိဂ်မြန်မာနေရှင်နယ်လိဂ် (၂)
၂၀၁၅ချန်ပီယံ
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
လက်ရှိ ရာသီ
ကပ္ပတိန်မြန်မာနိုင်ငံ ပြည့်ဖြိုးအောင်

၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အဖွင့်နှစ်တွင် ဒယ်လ်တာယူနိုက်တက် ရှေ့မှနေ၍ နောက်ဆုံးအဆင့်မှ ကင်းလွတ်ခဲ့သည်။

ကစားသမားများ ပြင်ဆင်ရန်

၂၀၁၆ ပြင်ဆင်ရန်

လက်ရှိ ၂၀၁၆ ကစားမည့် ကစားသမား စာရင်းဖြစ်သည်။

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
1   GK ပြည့်ဖြိုးအောင် (C)
2   MF ထက်အောင်
3   DF သိန်းမင်းစိုး
4   DF ဇော်ခါး
5   DF ကျော်ဇင်ဝင်း
6   DF ဇော်ဝင်းထွဋ်
7   MF ရဲထွန်းနိုင်
8   MF စိုးမြတ်သူ
9   FW ရန်နိုင်ထွေး
10   FW ခိုင်ဇော်ထွန်း
11   FW ရဲအောင်
12   FW ဝေဖြိုးထက်
13   DF နိုင်ကိုလင်း
14   DF မင်းကို
15   MF နောင်လတ်ဖြိုး
16   MF အောင်သန်းဝင်း
17   DF မင်းမင်းနိုင်
No.   နေရာ   ကစားသမား
18   GK ကျော်ဇင်လတ်
19   FW ဉာဏ်လင်းထွန်း
20   FW ရဲလွင်အောင်
21   MF အောင်မွန်ဘိုဘို
22   FW စိုးကျော်သူ
23   FW ကောင်းချစ်နိုင်
24   FW မြတ်ဟိန်းကျော်
25   MF စည်သူဝင်းမြင့်
26   DF သော်ဇင်
27   DF ကျော်ဖြိုးဝေ
28   MF သန့်ဇင်ဦး
29   GK ဇာနည်မင်း
30   GK ဇော်ထက်လင်း

ကိုးကား ပြင်ဆင်ရန်

  1. Han Oo Khin (March 9–15, 2009). "New era for football".  Archived 15 February 2012 at the Wayback Machine.

ပြင်ပလင့်များ ပြင်ဆင်ရန်