Polypodium (plant) vulgare
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Tracheophytes
မျိုးပေါင်း: Polypodiopsida
မျိုးစဉ်: Polypodiales
မျိုးစဉ်သေး: Polypodiineae
မျိုးရင်း: Polypodiaceae
မျိုးရင်းသေး: Polypodioideae
မျိုးစု: Polypodium
မျိုးစိတ်:
P. vulgare
ဒွိနာမ
Polypodium vulgare

ဆေးပိုးတီ သည်အနွေးကြိုက်နှစ်ရှည်သီးနှံပင်ဖြစ်ပြီး ဆေးဖတ်ဝင်သည်။

အသုံးဝင်ပုံ ပြင်ဆင်ရန်

ရိုးရာချက်ပြုတ်ရာတွင် မွှေးကြိုင်​ေသောဂုဏ်သတ္တိရှိသည့် ဆေးပိုးတီကို အ​​​မွှေးဆီသ​ဘောမျိုးထည့်ပြီးအသုံးပြုကြသည်။ ၁၉၇၁မှာ ကင်ဆာကိုတားမြစ်​ပေးနိုင်ပြီး အဆီကိုကျ​စေကာ သွေးကိုသန့်စင်​စေ​သော saponin glycosides osladin ကိုအမြစ်တွင်ရှာ​ဖွေ​တွေ့ရှိသည်။ ထိုဓာတ်​ပေါင်းသည် အလွန်ချိုပြီး သကြားထက်အဆ၅၀၀ပိုချိုသည်ကို​တွေ့ရသည်။ အမြစ်တွင်ပါဝင်​သော phytoecdysteroids သည် ကြွက်သား​မော်လီကြူးပြန်လည်တည်​ဆောက်ခြင်း အရိုး​မော်လီကြူးများပြန်လည်တည်​ဆောက်ခြင်းအတွက် အသုံးဝင်​​သောဂုဏ်သတ္တိရှိ​သော​ကြောင့် အနာနှင့် အရိုးကျိုးခြင်းများအတွက် ​သောက်ဆေးလိမ်း​ဆေးအဖြစ်အသုံးပြုသည် ဟု​ဖော်ပြပါရှိသည် ။[၁]

INTERNATIONAL JOURNAL OF PHARMACEUTICAL SCIENCES AND RESEARCH တွင် အမြစ်မှုန့်ကို အစာအိမ်အူလမ်း​ကြောင်းနာကျင်ခြင်းအတွက် အသုံးပြုသည် ။ အမြစ်မှုန့်သည် နှလုံး​သွေးနှင့်နှလုံးအိမ်ကိုသန့်စင်​စေပြီးနှလုံးအတွင်းမှအဆိပ်ကိုဖယ်ရှား ပေးသဖြင့် နှလုံး​ရောဂါများအတွက် အလွန်အကျိုးရှိသည်။ အမြစ်မှုန့်သည်အစာ​ခြေစနစ်ကို အား​ပေးပြီး အထူးသဖြင့် နို့ထွက်ပစ္စည်းများကို ကျေကျက်​စေနိုင်သည်။ အစာအိမ် အူသိမ်အူမတို့၏ အစာစုပ်ယူစွမ်းအားကိုမြှင့်တင်​ပေး​သော​ကြောင့် အစာအိမ်အူလမ်း​ကြောင်း​ရောဂါများကို သက်သာ​ပျောက်ကင်း​စေသည်။ အစာအိမ် ကြွက်သားကို ပြေ​လျော့​စေ​​သော ဓာတ်ပါဝင်​သော​​​ကြောင့် ချောင်းဆိုး​အော့အန်ဖြစ်ခြင်းအမျိုးမျိုးကိုသက်သာ​စေသည်။ ထို့ပြင် ဆေးပိုးတီကို စမုံစပါး နွယ်ချိုတို့နှင့်တွဲဖက်၍ ချောင်းဆိုး​ပျောက်​ဆေးအဖြစ်အသုံးပြုနိုင်သည်။ ​ဆေးပိုးတီကိုငုဝါမြစ်နှင့်တွဲဖက်၍သုံးပါက ဝက်ရူးပြန်​ရောဂါကို သက်သာ​စေသည်။ လက်​ချောင်းများ​ကွေး​ကောက်ခြင်း ဝက်ခြံ ရောဂါ ကိုယ်ခန္ဓာအစိတ်အပိုင်းကင်ဆာ​ရောဂါ လေးဘက်နာ​ရောဂါတို့ကို သက်သာ​စေသည်။ ​ဆေးပိုးတီအမှုံ့ကိုနှာ​ခေါင်း​သွေးလျှံခြင်း၌လည်းသုံးစွဲနိုင်သည်။

ဘေးထွက်ဆိုးကျိုးများ အ​နေဖြင့် အလွန်စားပါခြင်း အသည်း​ရောဂါ ကျောက်ကပ်​ရောဂါတချို့နှင့် မတည့်ခြင်းရှိပါက အသည်းနှင့် ကျောက်ကပ်ကိုထိခိုက်နိုင်သည်။ ပျို့အန်တတ်သည်။ ဆေးပိုးတီကို အာယု​ဗ္ဗေဒ ယူနာနီ ဥ​ရောပ​ရှေး​​ဆေးပညာရှင်တို့ အသက်အရွယ်အလိုက် ခွဲခြားအသုံးပြုခဲ့သည်။ အထူးသဖြင့် ​လေဖြတ်ခြင်း အ​အေးမိခြင်း ချောင်းဆိုးခြင်း လေးဘက်နာ​နှင့်စိတ်​ရောဂါဆေးများတွင် ထည့်သွင်းအသုံးပြုခဲ့ကြသည်။ ဥရောပတွင်အသည်းရောင်အသားဝါရောဂါကိုကုသရာတွင်အသုံးပြုသည်။ အစာစားချင်စိတ်ပျောက်ခြင်းကိုပျောက်ကင်းစေသည့်ဆေးတစ်မျိုးအဖြစ်အသုံးပြုသည်။ အသည်း သရက်ရွက်တို့၏မာ​ကျောမှုကို ပြေ​လျော့​စေ​သော​​ဆေးအဖြစ်အသုံးပြုသည်။ အသားဖြူ​ဆေးအဖြစ်အသုံးပြုသည်။ အ​ရေပြား​ရောဂါကု​ဆေးအဖြစ်သုံးသည်။ ချောင်းဆိုး​ပျောက်​ဆေးအဖြစ်သုံးသည် ဟု​ဖော်ပြသည်။ Plants For A Future တွင် အစားအစာအဖြစ်စားသုံး​သောအခါအမြစ်သည်အလွန်ချို​​သော သကြားအစားထိုးပစ္စည်းဖြစ်သည်။ သည်း​ခြေ​ရေကိုထွက်​စေပြီး အသည်း သရက်ရွက်​ခြောက်ခြင်းကိုသက်သာ​စေသည်။ အသည်း​ရောင်အသားဝါခြင်း ချောင်းဆိုးခြင်း လည်​ ချောင်းနာခြင်းအစာအိမ်နာခြင်း လေးဘက်နာအတွက် အမှုန့်လုပ်​သောက်ခြင်း ချက်စားခြင်း လက်ဘက်ရည်အဖြစ်​သောက်ခြင်းများပြုကြသည်။ ပြင်ပလိမ်းရာတွင် အချို့မတည့်ပါက ယားယံ အဖုအပိန့်ထွက်တတ်သည် ဟု​ဖော်ပြသည် ။

အရှင်နာဂသိန်ပုံပြ​ဆေးအဘိဓာန်တွင် အပင်ငယ်မျိုးဖြစ်သည် အရွက်နားများကွဲသည် အမြစ်သည်ပိုးတီ​ကောင်နှင့်တူ၏ဟု​ဖော်ပြသည်။ လေသလိပ်နိုင်၏ အစာမ​ကြေ လေပြည့်​ရောဂါ ကြို့ထိုးခြင်း ပန်းနာရင်ကျပ်ကို ပျောက်​​စေသည်။ ဆေးပိုးတီအ​ပေါ်ခွံကိုခွာ ဆားရည်တစ်ညစိမ် အ​ခြောက်လှမ်းအမှုန့်ပြု ပျားရည်နှင့်ယက်လျင် အနာမီးလျှံနာ အနာစို အနာစိမ်း​ပျောက်၏ဟု​ဖော်ပြသည်။ ဆရာဦး​ကောင်းညွန့်+ ဒေါက်တာ​အောင်နိုင် ပရ​ဆေးပင်နှင့်ပရ​ဆေးပစ္စည်းအဘိဓာန်တွင် ဆေးပိုးတီဥသည် သည်း​ခြေရွင်​ဆေး ဝမ်းနှုပ်​ဆေးအဖြစ်သုံးရသည်။ ဥသည်ချို​သောအရသာအနည်းငယ်ရှိ၍အနည်းငယ်စူးရှထက်မြက်​သောအနံ့ရှိသည်။ အရွက်နှင့်​ရော၍ သလိပ်ရွင်​ဆေး အားတိုး​ဆေး သွေးညှိ​ဆေးအဖြစ်သုံးရ၏ဟု​ဖော်ပြပါသည်။ ရှု​တော်မူတွင် ဆေးပိုးတီသည် လေသလိပ်နိုင်၏ဟုပြသည်။ ဆရာ​​မောင်ယဉ်နွယ်၏မြန်မာ့လျှို့ဝှက်​​ဆေးဝါး တွင် ဝမ်းသက်​စေ၏ တစ်ချက်တိုး ကျန်တာ အရှင်နာဂသိမ်နှင့်တူ၏။

ကိုးကား ပြင်ဆင်ရန်

  1. Polypodium vulgare Polypody, Adders Fern, Golden Maidenhair Fern, Wall Fern, Common Polypod Fern PFAF Plant Database