ဆွေးနွေးချက်:ကိုဩဒိနိတ်
Latest comment: ပြီးခဲ့သည့် ၉ လ by Minn Htutkyaw in topic ခေါင်းစဉ်အမည်
ခေါင်းစဉ်အမည် ပြင်ဆင်ရန်
@Minn Htutkyaw - ဒီဆောင်းပါးက en:Coordinate ကို ဘာသာပြန်ထားတာလို့ ထင်ပါတယ်။ Coordinate ဝေါဟာရကို မြန်မာလို "ကိုဩဒိနိတ်" လို့ တိုက်ရိုက်အသုံးပြုကြသလို "မြေပုံညွှန်း"လို့လဲ သုံးကြပါတယ်။ "အမှတ်ချအိမ်" ဆိုတဲ့ ဝေါဟာရက ဆောင်းပါးရေးသူက တီထွင်အသုံးပြုလိုက်တဲ့ ဝေါဟာရအသစ်များ ဖြစ်နေမလားပဲ။ ဝီကီပီးဒီးယားရဲ့ ဆောင်းပါးခေါင်းစဉ် မူဝါဒမှာ စာဖတ်သူအများစု ရင်းနှီးကျွမ်းဝင်ပြီးတဲ့ အမည်ကိုပဲ အသုံးပြုဖို့ ဆိုထားပါတယ်။ ဒါကြောင့် Coordinate အကြောင်း ရေးထားတာဆိုရင် မြန်မာလို "ကိုဩဒိနိတ်" ဒါမှမဟုတ် "မြေပုံညွှန်း" ဆိုတဲ့ အမည်ကိုအသုံးပြုသင့်တဲ့အကြောင်း အကြံပြုပါရစေ။ ကျေးဇူးပါ။ Ninja✮Strikers «☎» ၁၃:၁၀၊ ၈ ဩဂုတ် ၂၀၂၃ (UTC)
- မြေပုံအညွှန်း ဆိုတဲ့ စာလုံးထက်တော့ ကိုအောဒီးနိတ်က ပိုကောင်းပါတယ်။ ရင်နှီးကျွမ်းဝင်ပြီးတွေကို သဘောကျပါတယ်။ ဒါပေမယ့် coordinate နဲ့ coordinate system နဲ့ မတူပါ။ coordinate system ကိုကျတော့ တလက်စတည်း ကိုအောဒီးနိတ်စနစ် လို့ လုပ်လိုက်ကြတဲ့အခါ မြန်မာတွေရဲ့ intuition နဲ့ ပိုဝေးသွားစရာ တွေ့ပါတယ်။ ဒါကြောင့် "ကိုအောဒီးနိတ်" တစ်လုံးက ရင်းနှီးပြီးသား ဖြစ်တာ တစ်ခုတည်းကြောင့် ရေတိုအဆင်ပြေတာ လိုကလိုက်ရင် ရေရှည်မှာ မြန်မာစာဖတ်သူအများစုနဲ့ အလှမ်းဝေးတာတွေ နောက်ဆက်တွဲလာစရာ မြင်မိပါတယ်။ အဲဒါကြောင့် ရေရှည်မှာ ပိုကောင်းမယ့် reform တစ်ခုကို ရည်ရွယ်ပြီး မြန်မာ့စိတ်ထဲ ဝင်နိုင်မယ့် ဗဟုဝဏ္ဏတွေကို ရှာဖွေဖြန့်ဝေနေတာမို့ ရှေ့ဆက်မြန်မာစာပေအတွက် ကျွန်တော်နဲ့ ပူးပေါင်းစေချင်ပါတယ်။ Minn Htutkyaw (ဆွေးနွေး) ၂၂:၂၈၊ ၉ ဩဂုတ် ၂၀၂၃ (UTC)
- ကိုဩဒိနိတ် ပါ။ ကိုအောဒီးနိတ် လို့ မပေါင်းပါဘူး။ Ninja✮Strikers «☎» ၀၃:၀၃၊ ၁၁ ဩဂုတ် ၂၀၂၃ (UTC)
- "ကိုဩဒိနိတ်"လို့ သတ်မှတ်နိုင်ပါတယ်။ မွေးစားစာလုံးဖြစ်တဲ့အတွက် စာလုံးပေါင်းအမှန်ထက် ဘုံသတ်မှတ်ချက်ကို ရှာကြပါတယ်။ Minn Htutkyaw (ဆွေးနွေး) ၁၉:၅၅၊ ၁၁ ဩဂုတ် ၂၀၂၃ (UTC)
- ကိုဩဒိနိတ် ပါ။ ကိုအောဒီးနိတ် လို့ မပေါင်းပါဘူး။ Ninja✮Strikers «☎» ၀၃:၀၃၊ ၁၁ ဩဂုတ် ၂၀၂၃ (UTC)