ဆွေးနွေးချက်:ကွန်ပျူတာ ဆော့ဖ်ဝဲရ်

မြန်မာအမည် ပြင်ဆင်ရန်

ဆော့ဖ်ဝဲရ် လို့ အသုံးပြုထားတာထက် ဆော့ဖ်ဝဲလ် လို့ပဲ အများဆုံး အသုံးပြုကြတဲ့အတွက် ဒီခေါင်းစဉ်ဟာ သင့်လျော်မှုမရှိဘူးလို့ ယူဆပါတယ်။ ဝီကီပီးဒီးယား အမည်ပေးစနစ် မှာ ပုံမှန်အားဖြင့် ဆောင်းပါးခေါင်းစဉ်များကို ခိုင်လုံသော ရင်းမြစ်များမှ ဖော်ပြထားသည့် အကြောင်းအရာကို အခြေခံကာ အမည်ပေးလေ့ရှိသည်။ လို့ ဆိုထားပါတယ်။ (Google search: ဆော့ဖ်ဝဲလ် (ရလဒ် ၅၀,၅၀၀ ခန့်) vs. ဆော့ဖ်ဝဲရ် (ရလဒ် ၂၇၄ ခန့်)) NinjaStrikers «» ၁၅:၃၇၊ ၅ ဖေဖော်ဝါရီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်

I agree with that. Dr Lotus Black (ဆွေးနွေး) ၁၆:၂၉၊ ၅ ဖေဖော်ဝါရီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
ဆော့ဖ်ဝဲရ် ထက် ဆော့ဖ်ဝဲလ် ကို ပိုပြီးအသုံးတာများသည် ကို လုံးဝ သဘောတူပါသည်။ သို့သော် အင်္ဂလိပ် အသံထွက် အမှား ဆော့ဖ်ဝဲလ် ကို အမှန် ဆော့ဖ်ဝဲရ် ဖြစ်အောင် ပြင်ပေးခြင်းဖြစ်ပါသည်။ အများစုက မှားတိုင်းအမှန်မဖြစ်ပါ။ ဝီကီပီးဒီးယား အမည်ပေးစနစ် သည် အသံလှယ်စနစ် အကြောင်းကိုးကားချက်မဟုတ် သည်ကို သတိပြုပါ။ ဝီကီပီးဒီးယား အနေဖြင့် အသံလှယ်စနစ်အမှန်ကိုသာ သုံး၍ ခေါင်းဆောင်မှုပေးသင့်သည်ဟု ယူဆပါသည်။ မောင်ဘ (ဆွေးနွေး) ၂၁:၀၅၊ ၅ ဖေဖော်ဝါရီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
A similar issue (ထောမတ် or သောမတ်စ်) was discussed a few years ago ending without clear consensus. [၁] Should we open again? Just my two cents. ဖြိုးWP (ဆွေးနွေးရန်) ၂၁:၂၂၊ ၅ ဖေဖော်ဝါရီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
It is a similar issue, I agree. However the use of ထောမတ် over သောမတ်စ် could be view as either historical or usage. However the transliteration of ware to ဝဲလ် is erroneous, and should be avoided. မောင်ဘ (ဆွေးနွေး) ၂၂:၁၃၊ ၅ ဖေဖော်ဝါရီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
Well, i have no reason to disagree with your previous issuses. ware = ဝဲလ် is fine for me although ဝဲရ် maybe more correct. Thanks god we didn't use ဝဲယား right?. You just can't take seriously with the transliterations, some can not be translated, i guess. We use American english or British one which are not quite the same when speaking? Dr Lotus Black (ဆွေးနွေး) ၀၆:၄၇၊ ၆ ဖေဖော်ဝါရီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
အသံဖလှယ်ပြီး မွေးစားရတဲ့ စကားလုံးတွေအတွက် ဒီလိုပြဿနာကတော့ ရှိနေဦးမှာပဲဗျ။ ဝီကီပီးဒီးယား အမည်ပေးစနစ် က အသံလှယ်စနစ်အကြောင်း ကိုးကားချက်တော့ မဟုတ်ဘူးဗျ။ သို့သော်လည်း အမည်ရွေးချယ်ရာမှာ မှတ်မိလွယ်ဖို့အတွက် ပညာရှင်မဟုတ်သည့် တစ်စုံတစ်ဦးအနေဖြင့် ရင်းနှီးနေနိုင်သည့် အကြောင်းအရာ ဖော်ပြချက်တစ်ခုစာဖတ်သူများအနေဖြင့် ရှာဖွေလေ့ရှိသည့် အမည် ဖြစ်ဖို့ လိုအပ်ပါတယ်။ ဆော့ဖ်ဝဲရ် လို့ အသုံးပြုထားတဲ့ စာမျက်နှာတွေထက် ဆော့ဖ်ဝဲလ် လို့ အသုံးပြုထားတာက ပိုမိုများပြားနေပါတယ်။ အလားတူ ဆော့ဖ်ဝဲ လို့လဲ သုံးကြပြန်ပါသေးတယ်။ အသံထွက်အတိုင်းအတိအကျရိုက်ရှာမယ့်သူတော့ မရှိလောက်ဘူးလားလို့ပဲ။ Wikileaks တုန်းကလဲ ခုလိုပဲ ဖြစ်ခဲ့သေးပါကြောင်း။ NinjaStrikers «» ၁၂:၄၄၊ ၆ ဖေဖော်ဝါရီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
ဒါကြောင့် ဆော့ဝဲလ် လို့ပဲ သုံးသင့်ပါတယ်ဗျာ။ ဒါမှမဟုတ်ရင်တော့ အပျော့ထည် လို့သုံးရမယ့်ကိန်းပဲ။ :P Dr Lotus Black (ဆွေးနွေး) ၁၃:၃၁၊ ၆ ဖေဖော်ဝါရီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
ပါဝင်ဆွေးနွေးသူများ အားလုံးကို လေးစား ကျေးဇူးတင်ကြောင်းပါ။ ဆော့ဖ်ဝဲရ် ထက် ဆော့ဖ်ဝဲလ် လို့ သုံးတာ လောလောဆယ်မှာပိုပြီး များနေတယ်ဆိုတာကို လုံးဝသဘောတူပါတယ်။ ဒါပေမဲ့ အင်္ဂလိပ် လို Software အရေး ကို မြန်မာ လို ဆော့ဖ်ဝဲလ် အရေး ကမှားကြောင်း ဒါမှမဟုတ် ဆော့ဖ်ဝဲရ် ကပိုပြီးမှန်ကြောင်း လဲသဘော တူကြမယ်ထင်ပါတယ်။ အဲဒီတော့ ဆုံးဖြတ်ချက်ချရ မှာက လူအများသုံး တဲ့အမှား ကိုပဲ လိုက်သုံးမလား ဒါမှ မဟုတ် ဝီကီမြန်မာက လမ်းအမှန်ပြပြီး အမှန်ပြင်ပေး မလားလို့ပါ။ ဒီအရေးမှား ဆော့ဖ်ဝဲလ် ဟာ လောလောဆယ်မှာ အသုံးများပေမဲ့ အမြစ်တွယ် နေပြီ လို့တော့ မဆိုနိုင်ပါဘူး။ ပြင်ဖို့အချိန်မနှောင်းသေးပါဘူး။ နောင်အနာဂါတ် မြန်မာ ကလေးတွေ အင်္ဂလိပ် လို Softwell လို့ အသံထွက် အမှားကြီး ကို စွဲမသွားခင် ပြင်လိုက်ကြရအောင်ဗျာ။ မြန်မာလိုအသံထွက်ပြီး စာဖတ်တဲ့ Screen Reader တွေပေါ်လာရင်၊ ပေါ်မလာခင်မှာ လက်ဦးမှုယူပြီး ပြင်ရမှာပါ။ အားလုံးသဘော တူမယ်ဆိုရင်တော့ Disambiguation စာမျက်နှာဆောက်ပြီး ဆော့ဝဲ၊ ဆော့ဝဲယား၊ ဆော့ဖ်ဝဲလ်၊ ဆော့(ဖ်)(တ်)ဝဲ(လ်)၊ဆော့(ဖ်)(တ်)ဝဲ(ရ်) တွေကို ဆော့ဖ်ဝဲရ် ကို ညွန်လို့ရပါတယ်။ အင်္ဂလိပ်မှ မြန်မာသို့ အသံလှယ် အညွန်း ဆောင်းပါးကိုလဲ ကျွန်တော် ရေးပေးဖို့ တာဝန်ယူပါ့မယ်။ ဆွေးနွေးသူ အားလုံးကိုလေးစားကျေးဇူးတင်လျက်။ မောင်ဘ (ဆွေးနွေး) ၂၂:၀၃၊ ၇ ဖေဖော်ဝါရီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "ကွန်ပျူတာ ဆော့ဖ်ဝဲရ်" သို့ ပြန်သွားရန်။