မရှင်းမရှင်းဖြစ်နေလို့ပါ ပြင်ဆင်ရန်

(၁)ပထမဆုံးစာကြောင်းမှာ - ကဿပဘုရား သည် ကကုသန်ဘုရား၊ ဒီပင်္ကရာဘုရား၊ ဂေါတမဘုရား စသည့် ဘုရားကြီး ငါးဆူမှ နောင်ပွင့်တော်မူမည် ဘုရား ဖြစ်သည်။ လို့ရေးထားတာ တွေ့ပါတယ်။ ဘဒ္ဒကမ္ဘာ မှာပွင့်တဲ့ဘုရားအကြောင်း ပြောချင်တာဆိုရင် ဂေါတမဗုဒ္ဓ (လက်ရှိ) အရင်ပွင့်ခဲ့ပြီးဖြစ်၍ မှားနေပါတယ်။ ဘဒ္ဒကမ္ဘာ စာမျက်နှာက ကဿပဘုရားလည်း ဒီစာမျက်နှာကို လင့်ချိတ်ထားတာလဲ တွေ့ပါတယ်။ ယခုဒီစာမျက်နှာက ကဿပဘုရားက ဘယ်ဘုရားကို ရည်ညွှန်းတာလဲဆိုတာ သိချင်ပါတယ်။ (၂)ဒုတိယအကြောင်းမှာ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အလောင်းတော် ကဿဖ ကုန်းမြေတွင် နောင်ပွင့်တော်မူမည် ဘုရားလောင်း ရှိသည်ဟု ယုံကြည်ကြသည်။ ဆိုတာကတော့ ယူဆချင်သလို ယူဆလို့ရပါတယ်။ နောင်ပွင့်မည့် အရိမေတ္တယျဘုရားလောင်းနတ်သားက တုသိတာနတ်ပြည်မှာ ရှိတဲ့အကြောင်း ကျမ်းဂန်များမှာ အတိအကျ ဖော်ပြထားပါတယ်။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၄:၀၆၊ ၁၇ နိုဝင်ဘာ ၂၀၁၇ (UTC)အကြောင်းပြန်ရန်

လက်ရှိရေးထားတာတွေ ဖယ်ပြီး enwiki ဖက်က Kassapa Buddha စာမျက်နှာကိုပဲ ဘာသာပြန်လိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်။ NinjaStrikers «» ၀၅:၂၇၊ ၁၈ နိုဝင်ဘာ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
ဟုတ်တယ် အစ်ကို။ အဲ့ဒါပဲ ကောင်းပါတယ်။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၅:၃၉၊ ၁၈ နိုဝင်ဘာ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
ပြင်လိုက်ပြီ။ နောင်ပွင့်မယ့်ဘုရားထဲက တစ်ပါးနဲ့ မှားတာ ဖြစ်မယ် ထင်တယ်။ ဒီပင်္ကရာ ဘုရားကလည်း ဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့တဲ့ ဘုရားမဟုတ်ဘူး။ Zawthet (ဆွေးနွေး) ၀၇:၂၀၊ ၁၈ နိုဝင်ဘာ ၂၀၁၇ (UTC)အကြောင်းပြန်ရန်

ဟုတ်ကဲ့ပါ၊ အစ်ကို Zaw Thet။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၀:၁၆၊ ၁၈ နိုဝင်ဘာ ၂၀၁၇ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "ကဿပဘုရား" သို့ ပြန်သွားရန်။