ဆွေးနွေးချက်:စကြဝဠာ (ဒဿနိကဗေဒ)

Latest comment: ပြီးခဲ့သည့် ၂ ရက် by မင်းထွဋ်ကျော် in topic နာမ

ခပ်သိမ်းလောက(Cosmos)

ပြင်ဆင်ရန်

ဘာကြောင့် 'ခပ်သိမ်းလောက' လို့သုံးချင်တာကို နားလည်တယ်။ ဒါပေမယ့် အင်္ဂလိပ်ဘာသာရဲ့ Universe ဆိုတာကို ကြည်ရင်လည်း ရှေးယခင်က ကမ္ဘာနေလကြယ်တာရာတွေလောက်ကိုပဲ Universe လို့သုံးခဲ့ပြီး အခုခေတ်မှာလည်း အများသုံးအဖြစ် ခပ်သိမ်းသောဖြစ်တည်မှုကို Universe လို့ပဲ ဆက်လက်သုံးစွဲတာ တွေ့နိုင်တယ်။ မြန်မာမှာဆိုရင်လည်း ရှေးယခင်က စကြာဝဠာဆိုတာ လေးကျွန်းတစ်မြင့်မိုနဲ့ နေလ နတ်က္ခတ်တို့ကိုသာ ရည်ညွှန်းခဲ့တာကနေ ယနေ့ခေတ်မှာ ခပ်သိမ်းသောဖြစ်တည်မှုကို စကြဝဠာလို့ပဲ ရည်ညွန်းသုံးစွဲ ကြတာမို့ သဘောသဘာဝခြင်း ထပ်တူညီနေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဘာသာ Universe ရဲ့ counterpart မြန်မာ စကားလုံးဟာ အလက်ရှိအများ သုံးစွဲနေတဲ့ စကြာဝဠာသာ ဖြစ်သင့်ပါတယ်။ မြန်မာသာဘာသာ စကြဝဠာ ဆိုတဲ့ စာမျက်နှာမှာ အင်္ဂလိပ်ဘာသာ Universe နည်းတူ ယခင်အဓိပ္ပါယ်၊ ယခုအဓိပ္ပါယ်တွေကို စုံစုံ လင်လင် ထည့်သွင်းရေးသား ရမှာဖြစ်ပါတယ်။ ကျနော်တို့ နားလည်ထားရမှာက ဒီ ဝဘ်ဆိုက်ဟာ စွယ်စုံကျမ်း ဖြစ်ပါတယ်။ အဘိဓါန် သို့မဟုတ် နည်းပညာအဘိဓါန် မဟုတ်ပါဘူး။ သိသင့် သိထိုက်တဲ့ အရာ အားလုံးကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ခပ်သိမ်းလောက ဆိုတဲ့ အမည်ဟာ အလကားမဖြစ်ပါဘူး။ သူ့အတွက် သင့်တော်တဲ့ English စကားလုံး Cosmos ဆိုတာရှိပါတယ်။ Cosmos နဲ့ Universe ဆိုတာ တူညီသော အရာ တစ်ခုတည်းကိုသာ ရည်ညွှန်းတာ ဖြစ်ပေမယ့် Universe ဆိုတာ အများသုံး၊ ယေဘုယျသုံး စကားလုံးဖြစ်ပြီး Cosmos ဆိုတာကတော့ Academic ဆန်ဆန် အသုံးဖြစ်ပါတယ်။ ဒါကြောင့် 'ခပ်သိမ်းလောက' ဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ်တိကျပြီး ပညာတတ်အသုံး ဆန်တဲ့အတွက် English ဘာသာ Cosmos နဲ့ချိတ်ဆက်သင့်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း Cosmic Microwave Background ကို စကြာဝဠာနောက်ခံရောင်ခြည် စသဖြင့် ဘာသာပြန်နေတာမျိုးကို ဘဝင်မကျလို့ Cosmos အတွက် 'လောက' ဆိုပြီး မြန်မာဆောင်းပါး ဖွင့်ဖို့ စဉ်းစားနေခဲ့တာ ကြာပါပြီ။ ကိုယ့်စကားလုံးကို သိပ်ဘဝင်မကျသေးလို့ မဖွင့်ဖြစ်ခဲ့သေးတာပါ။ အခု 'ခပ်သိမ်းလောက' ကို Cosmos ဆိုတဲ့ စကားလုံးနဲ့ ချိတ်ဆက်ဖို့ ဆွေးနွေးလိုပါတယ်။ Yarzaryeni (ဆွေးနွေး) ၁၈:၃၀၊ ၁၇ ဇွန် ၂၀၂၄ (UTC)အကြောင်းပြန်ရန်

@Yarzaryeni ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ဒီအကြောင်းကိစ္စအတွက် @Dr Lotus Black, @မင်းထွဋ်ကျော် တို့ ဝင်ရောက်ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ NinjaStrikers «» ၁၃:၀၅၊ ၂၂ ဇွန် ၂၀၂၄ (UTC)အကြောင်းပြန်ရန်
ခပ်သိမ်းလောက/စကြဝဠာ အသုံးအနှုန်းအတွက် ယခင် ဆွေးနွေးချက်ဟောင်းကိုလည်း ဖတ်ရှုနိုင်ပါတယ်။ NinjaStrikers «» ၁၃:၁၂၊ ၂၂ ဇွန် ၂၀၂၄ (UTC)အကြောင်းပြန်ရန်
ကျွန်တော်လည်း "Universe = လောက" ဆိုတာမျိုး စပြီး စဉ်းစားမိထင်မိပါတယ်၊ ဗုဒ္ဓစာပေမှာကျ သတ္တ - သင်္ခါရ - ဩကာသ လောက ဆိုပြီး ၃မျိုး ကွဲနေတာကို သတိထားမိတဲ့အခါ Universe နဲ့ အနီးစပ်ဆုံးကို ၃ခုထဲက ရွေးရရင် "ဩကာသလောက" ဖြစ်မယ်လို့ ထင်မိရာကနေ "ဩကာသလောက" လို့ ခွဲခြား ပေးဖြစ်ပါတယ်။ အသုံးအနှုန်း ရောထွေးစရာ မရှိတဲ့ နေရာတွေမှာတော့ -
  • Universe = လောက
  • Cosmo (= Universe) = လောက
  • Cosmology = လောကဗေဒ
  • Universal (law) = လောကလုံးဆိုင်ရာ (နိယာမ/ဥပဒေသ)
  • Cosmic Inflation = လောကလုံး ဆတိုး(ပြန့်)ခြင်း
  • Cosmic Microwave Background (radiation) = လောကနှံ့ မိုက်ခရိုဝေ့ဗ်အကြွင်း (ပျံ့နှံ့ဆဲလက်ကျန်)
... ဒီလိုမျိုးတွေ ဘာသာပြန်တာက စာဖတ်သူ စိတ်ရင်းထဲကိုလည်း ရူပဗေဒသဘောတရား အမှန်တွေ ရောက်စေမယ်လို့ ထင်ပါတယ်ဗျ။ မင်းထွဋ်ကျော် (ဆွေးနွေး) ၁၄:၀၀၊ ၂၂ ဇွန် ၂၀၂၄ (UTC)အကြောင်းပြန်ရန်
ကျွန်တော်လည်း ဒီလိုပဲ မြင်ပါတယ်ဗျ.. Kaday Han Thaw (ဆွေးနွေး) ၁၄:၃၀၊ ၂၄ ဇွန် ၂၀၂၄ (UTC)အကြောင်းပြန်ရန်

Kaday Han Thaw (ဆွေးနွေး) ၁၄:၃၇၊ ၂၄ ဇွန် ၂၀၂၄ (UTC)အကြောင်းပြန်ရန်

နာမ

ပြင်ဆင်ရန်

စကြဝဠာဆိုတဲ့ မြန်မာဝေါဟာရဟာ စက္ကဝါဠ ဆိုတဲ့ ပါဠိစကားမှသော်လည်းကောင်း စကြဝါလ ဆိုတဲ့ သင်္သကရိုက်စကားမှသော်လည်းကောင်း ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်ဗျ.. တရုတ်-ပါဠိ အဘိဓာန်မှာ cakkavāḷa ဆိုတာ 宇宙(世界的圓周)(ကွင်းထဲကဟာက လောကကို ပတ်ရံထားသောအရာ လို့ ဆိုလိုပါတယ်).. ဒါပေမယ့် en wiki ရဲ့ Universe ဆောင်းပါးမှာ တရုတ်လို 宇宙 ဂျပန်လိုလည်း 宇宙 ကိုရီးယားလို 우주(宇宙) စသည်ဖြင့် ဒီနာမည်တွေကိုအသီးသီးသုံးထားသည်ကို ‌တွေ့မြင်နိုင်ပါတယ်။ ထိုင်းဝီကီကတော့ ပါဠိကနေဆင်းသက်လာတဲ့ จักรวาล /စကြဝါလ/ ကိုမသုံးဘဲ သူတို့ဘာသာ เอกภพ (uni+domain=universe)ဆိုတဲ့ ဝေါဟာရကို တီထွင်ပြီး Universe ဆောင်းပါးအောက်မှာ ထားရှိပါတယ် . . တကယ်တမ်း จักรวาล ဆိုတဲ့ အမည်ကိုတော့ Cosmos ဆောင်းပါးမှာ သုံးထားပါတယ် . . အဓိကပြောပြချင်တာက မြန်မာဝီကီရဲ့ စကြဝဠာ ဆောင်းပါးကို တခြားဝီကီများနည်းတူ (i.e. 宇宙 ကို ဗုဒ္ဓဘာသာ စကြဝဠာ အတွက်ရော၊ သိပ္ပံနည်းကျ စကြဝဠာ အတွက်ရော သုံးကြသည့်အတိုင်း) ရှိရင်း သိပ္ပံနည်းကျ စကြဝဠာအတွက်ပဲ သုံးစေချင် ပါတယ်ဗျ . . အဲ့ဒါကြောင့် ကိုမင်းထွဋ်ကျော်ရဲ့ ခပ်သိမ်းလောက ဆောင်းပါးကို en wiki ရဲ့ Cosmosမှာ ထားပြီးတော့ အယူဝါဒအမျိုးမျိုးနဲ့ဆိုင်တဲ့ စကြဝဠာရဲ့ အကြောင်းအရာတွေကို ရေးသားသင့်ပါတယ် . . ရှိရင်းစွဲ စကြဝဠာ ကိုတော့ သိပ္ပံနည်းကျ စကြဝဠာအကြောင်းကို ရေးသားသင့်ပါတယ်ဗျ..

Kaday Han Thaw (ဆွေးနွေး) ၁၄:၃၈၊ ၂၄ ဇွန် ၂၀၂၄ (UTC)အကြောင်းပြန်ရန်

ဘာသာစကားတွေကို ဘာသာပြန် ညီမျှချင်းထိုးတဲ့အခါ အခြားဘာသာစကားမှာ ညီမျှခြင်းထိုးတာ အဆင်ပြေတိုင်း ကိုယ့်ဘာသာစကားမှာ အဆင်ပြေတယ်လို့ အမြဲတစေ ယူဆမရပါ။
"universe=စကြဝဠာ"လို့ ရှေးလူမစဉ်းစား နောက်လူမဆန်းစစ်တဲ့အတွက် ပါဠိကျမ်းဂန်လာ အခြင်းအရာတွေလည်း ထွန်းကားဆဲ မြန်မာဘာသာစကားရဲ့ ထုံးဓလေ့ (culutre) မှာ "အနန္တစကြ၀ဠာ" ဆိုတဲ့ စကားစုကို ကြားတဲ့ (ဘာသာပြန်အစွဲမှား မှိုင်းမိသူတွေက) "countless universs" ဒါမှမဟုတ် "multiverse" တွေဟာ ဗုဒ္ဓစာပေထဲ ပါတယ်လို့ အတွေးချော် ကုန်ကြတာ လက်တွေ့တွေ့နေရတဲ့အတွက် မြန်မာစာပေအတွက် ရူပဗေဒ နဲ့ ဘာသာစကား + သဒ္ဒါ တီးခေါက်မိသလောက် အသိနဲ့ ဝင်ပြင်ပေးတာပါ။
အစ်ကိုထောက်ပြတဲ့ ဘာသာပြန်ချက်တွေ အပြင် ပဏ္ဍိဝေဒနီယ ဒီပနီကျမ်းရဲ့ အကိုးအကားနဲ့ပါ "စကြာဝဠာ (universe ရဲ့ တစိတ်တပိုင်း) တစ်ခုရဲ့ အရွယ်အစား"ကို တွက်ပြပြီး Univers   စကြဝဠာ (တကယ်ကတမ်း စကြာဝဠာများစွာ   Universe တခုတည်း) ဆိုတာကို (ပိုစုံစုံလင်လင်) ထောက်ပြပြီးသားပါ။ မင်းထွဋ်ကျော် (ဆွေးနွေး) ၁၄:၀၈၊ ၂၆ ဇွန် ၂၀၂၄ (UTC)အကြောင်းပြန်ရန်

ဖျက်ပစ်ခြင်းအတွက် ခုခံပြောဆိုခြင်း

ပြင်ဆင်ရန်

ဘာသာစကားတွေကို ဘာသာပြန် ညီမျှချင်းထိုးတဲ့အခါ အခြားဘာသာစကားမှာ ညီမျှခြင်းထိုးတာ အဆင်ပြေတိုင်း ကိုယ့်ဘာသာစကားမှာ အဆင်ပြေတယ်လို့ အမြဲတစေ ယူဆမရပါ။ "universe=စကြဝဠာ"လို့ ရှေးလူမစဉ်းစား နောက်လူမဆန်းစစ်တဲ့အတွက် ပါဠိကျမ်းဂန်လာ အခြင်းအရာတွေလည်း ထွန်းကားဆဲ မြန်မာဘာသာစကားရဲ့ ထုံးဓလေ့ (culutre) မှာ "အနန္တစကြ၀ဠာ" ဆိုတဲ့ စကားစုကို ကြားတဲ့ (ဘာသာပြန်အစွဲမှား မှိုင်းမိသူတွေက) "countless universs" ဒါမှမဟုတ် "multiverse" တွေဟာ ဗုဒ္ဓစာပေထဲ ပါတယ်လို့ အတွေးချော် ကုန်ကြတာ လက်တွေ့တွေ့နေရတဲ့အတွက် မြန်မာစာပေအတွက် ရူပဗေဒ နဲ့ ဘာသာစကား + သဒ္ဒါ တီးခေါက်မိသလောက် အသိနဲ့ ဝင်ပြင်ပေးတာပါ။ တစ်ယောက်ပြောတဲ့ ဘာသာပြန်ချက်တွေအပြင် ပဏ္ဍိဝေဒနီယ ဒီပနီကျမ်းရဲ့ အကိုးအကားနဲ့ပါ "စကြာဝဠာ (universe ရဲ့ တစိတ်တပိုင်း) တစ်ခုရဲ့ အရွယ်အစား"ကို တွက်ပြပြီး Univers   စကြဝဠာ (တကယ်ကတမ်း စကြာဝဠာများစွာ   Universe တခုတည်း) ဆိုတာကို (ပိုစုံစုံလင်လင်) ထောက်ပြပြီးသားပါ။

စာမျက်နှာ "စကြဝဠာ (ဒဿနိကဗေဒ)" သို့ ပြန်သွားရန်။