ဆွေးနွေးချက်:စူပါ မာရီယို ရမ်း(န်)

Latest comment: ပြီးခဲ့သည့် ၂ နှစ် by Aungookingofcelestials

ရမ်း(န်) ကို နောက်က "နငယ်"ထပ်ပြီးထည့်ထားလို့ ဘာလဲလို့ကြည့်တော့ run ကို ရေးထားတာ။ ရမ်း နဲ့ ရန်း က မြန်မာစာအဖွဲ့ရဲ့ ပေးထားချက်မှာ အသံထွက်အတူတူပါပဲ။ (/jan:/) လို့ပဲ ပေးထားတယ်။ လျှာလိပ်သံကတော့ r ကို ဖလှယ်တော့ မြန်မာစာအဖွဲ့ရဲ့ အသံထွက်စနစ်ကို ပြင်လိုက်ရင် (/ran:/) ပေါ့။ "ရန်း" ဆိုရင် အဆင်ပြေမှာပါ။ Aungookingofcelestials (ဆွေးနွေး) ၁၂:၀၆၊ ၁၅ စက်တင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

မသတ်နဲ့ နသတ် မတူပါ. မသတ်က အသုံးဆုံးရင် နှုတ်ခမ်းကို ပိတ်ရပြီး၊ နသတ်က နှုတ်ခမ်းကို နှုတ်ခမ်းကို ကားရပါတယ်. သို့ပေမဲ့ Ran ကို ရန်း ရေးတာကိုတော့ သဘောညီ. P0rnytail (ဆွေးနွေး) ၁၅:၀၃၊ ၁၅ စက်တင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
@Aungookingofcelestials၊ @P0rnytail၊ ဆရာတို့ ဘယ်လိုသဘောရလဲ မသိဘူးဗျ၊ ကျွန်တော့အတွေးက တခြားဘာသာစကားရဲ့ အသံထွက် စာလုံးလို့ အမြင်မှာ.. ဘယ်လိုပြောရမလဲဆိုတော့ unique ဖြစ်စေချင်တာမျိုးပါ။ ‘န’ နဲ့ “ရန်း” တာက၊ ‘မ’ နဲ့ “ရမ်း” တာထက် ပိုကောင်းမယ်လို့တော့မြင်ပါတယ်၊ ကျွန်တော်လည်း ကွင်းစကွင်းပိတ်ကြီးနဲ့ ဘိုဆန်ပြရတာ သိပ်တော့ မနှစ်သက်ဘူးဗျ၊ မြန်မာမှုပြုတာဆိုတော့ ဗြိတိသျှ တို့ ဘိလပ် တို့လိုပဲ ကောင်းမယ် ထင်ပါတယ်။ အများဖတ်ရ အဆင်ပြေမယ့်ဟာပဲ ဖြစ်စေချင်ပါတယ်။ Pho Sai (ဆွေးနွေး) ၀၉:၁၅၊ ၁၆ စက်တင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
ကျွန်တော်က မသတ် ပိုနေတာကို ပြတာပါ။ ဒီအတိုင်းထားလဲ (ကျွန်တော့အတွက်) ပြဿနာမရှိပါဘူး။ ( way better than mischievous names ) Aungookingofcelestials (ဆွေးနွေး) ၁၅:၅၆၊ ၁၆ စက်တင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "စူပါ မာရီယို ရမ်း(န်)" သို့ ပြန်သွားရန်။