ဆွေးနွေးချက်:မောင်ချောနွယ်

Latest comment: ပြီးခဲ့သည့် ၂ နှစ် by Frankie Nyi Nyi

မောင်ချောနွယ် က သူ့အဖေ မင်းကြီးကို ပြန်ပြောတဲ့စကား ဖျက်လိုက်တာကို နားမလည်ပါ။ ဒါတွေဟာ သမိုင်းတွေဖြစ်ပါတယ်။ ထူးခြားမှုတွေဖြစ်ပါတယ်။ တစ်ထောင်မှာတစ်ယောက်မရှိပါဘူး။ ဘယ်လိုအချက်အလက်တွေကြောင့် ဖျက်ပစ်တယ်ဆိုတာသိချင်ပါတယ်။ ဒီလိုသာဆို မြန်မာဝီကီက ဆောင်းပါးတွေရဲ့ ဆွဲဆောင်မှုဟာလျော့နည်းနေဦးမှာပါပဲခင်ဗျာ --Frankie Nyi Nyi (ဆွေးနွေး) ၁၇:၁၇၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC) | ၂၁:၁၃၊ ၁၉ ဩဂုတ် ၂၀၂၁|Frankie Nyi Nyi‎}}အကြောင်းပြန်ရန်

လူတိုင်းကြိုက်စေချင်ရင် ရေခဲမုံ့ရောင်း. မဖျက်စေချင်ရင် ကော်ရရှင်ပင်နဲ့ရေး. ပြန်ထဲ့ချင် ကိုးကားချက် တခုခုထဲ့ :3 P0rnytail (ဆွေးနွေး) ၁၄:၄၆၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)အကြောင်းပြန်ရန်
ဝီကီပီးဒီးယားက စွယ်စုံကျမ်း ဖြစ်ပါတယ်။ ထင်ရှားတဲ့ အဆိုအမိန့်တွေ၊ ပြောကြားချက်တွေအတွက် Wikiquote (Wq/my )မှာ အကိုးအကားနဲ့တကွ ရေးနိုင်ပါတယ်။ ဒီပြောဆိုချက်အတွက် စိစစ်နိုင်တဲ့ အကိုးအကားမပါတာကြောင့်ရယ်၊ စွယ်စုံကျမ်း​ဆောင်းပါးတစ်ပုဒ်အတွက် မလိုအပ်ဘူးလို့ ယူဆတာကြောင့် ဖယ်လိုက်တာဖြစ်ပါတယ်။ အသေးစိတ်သိရှိနိုင်ဖို့ WP:NOT မှာလဲ ဖတ်ရှုနိုင်ပါတယ်။ NinjaStrikers «» ၁၅:၁၀၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)အကြောင်းပြန်ရန်

လုပ်နည်းလုပ်ဟန် (process) အပိုင်းနားလည်မှု အားနည်းခဲ့တယ်လို့ ကိုယ်ဟာကို နားလည်မိပါတယ်။ ပြန်လည်ပြန်ဆင်ပေးရန် ကျွန်ုပ်အပူ တပြားသားမှ မပါသည့်အတွက် ဒီအတိုင်းကျေနပ်ပါတယ်။ --Frankie Nyi Nyi (ဆွေးနွေး) ၁၇:၁၇၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC) — Frankie Nyi Nyi (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ ၂၂:၀၃၊ ၁၉ ဩဂုတ် ၂၀၂၁‎‎အကြောင်းပြန်ရန်

မှန်ပါသည်။ စွယ်စုံကျမ်းပါ။ ဖျက်တာကို လက်ခံရပါမည်။ Mayor mt (ဆွေးနွေး) ၁၆:၃၉၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)အကြောင်းပြန်ရန်
အဆိုအမိန့်တွေ၊ ပြောကြားချက်၊ မူပိုင်ခွင့်လွတ် ကဗျာ (သို့) ကဗျာစာ တစ်စိတ်တစ်ဒေသကို ဆောင်းပါးထဲမှာ ရေးလို့မရတာတော့မဟုတ်ပါဘူး။ ချင့်ချိန်ထည့်ရေးလို့တော့ရပါတယ်။ source ရှိရမယ်၊ ဆက်စပ် သက်ဆိုင်မှုရှိခြင်း (text in context) တနည်း ဆိုင်တဲ့နေရာမှာ အထားအသိုကောင်းစွာနဲ့ ဖော်ပြလေ့ရှိကြပါတယ်၊ နောက်တစ်ခုက ဆောင်းပါးတွေရဲ့ Balancing quality ပါ။ ဘာဖြစ်ဖြစ် အလွန်အကျွံ့ဖြစ်နေတာ (ဥပမာ ပုံတွေ၊ red link, quoted text, overdetail....) တွေ ကိုတော့လျော့ပစ်ရပါတယ်။ (just based on my experience) Aungookingofcelestials (ဆွေးနွေး) ၁၇:၁၂၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)အကြောင်းပြန်ရန်

ဆွေးနွေးပေးတာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ --Frankie Nyi Nyi (ဆွေးနွေး) ၀၄:၃၅၊ ၂၀ ဩဂုတ် ၂၀၂၁ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "မောင်ချောနွယ်" သို့ ပြန်သွားရန်။