ဆွေးနွေးချက်:မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)

Latest comment: ပြီးခဲ့သည့် ၃ နှစ် by Aungookingofcelestials in topic သက်တမ်း

သက်တမ်း

ပြင်ဆင်ရန်

သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီးနောက် ယခုလက်ရှိဆောင်းပါးပါသူရဲ့ (တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ) "ယာယီသမ္မတ" သက်တမ်းက "ထမ်းဆောင်ဆဲ" ဆိုတာကို နဲနဲ ဒွိဟဖြစ်နေလို့၊ ဆိုလိုတာက ကာချုပ်ကို အာဏာသုံးရပ်လွှဲပြီးတာနဲ့တပြိုင်နက် သူ့သက်တမ်းက ကုန်သွားလား (တစ်မနက်ခင်းပဲဖြစ်တဲ့ ယာယီသမ္မတလား) (သို့) ဆက်လက်ပြီး သူ့ကဏ္ဍကျန်နေသေးလား၊ သူတို့ဖက်ကသတင်းထုတ်ပြန်မှုတွေမှာ အာဏာသိမ်းခြင်း (သို့) ဆောင်းပါးတွင် ရေးထားသူကသာ အာဏာလွှဲခြင်း ပြီးတာနဲ့ ယခင်အစိုးရ/လွှတ်တော် စသဖြင့် ဘာမှမရှိတော့ဘူးလို ကြေညာကြတာတွေလဲ ကြားဖူးတော့ အာဏာလွှဲခြင်းဖြစ်မြောက်ပြီးတာနဲ့တပြိုင်နက် ယာယီသမ္မတ ဆိုတာလဲ မရှိတော့ဘူးထင်ပါတယ်။ ဒီအကြောင်း ဥပဒေ၊ သတင်း၊ ထုတ်ပြန်ချက်တွေရှိရင် (သို့) process နားလည်သူများရှိရင် ဆွေးနွေးပေးကြပါဦး။ အခြားဘက်က Incumbent ဆိုတာနဲ့ ဒီဘက်မှာ တိတိကျကျမသိရဘဲ Incumbent မဖြစ်အောင်ပါ။ Aungookingofcelestials (ဆွေးနွေး) ၀၃:၂၉၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

MRTV ရဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့သတင်းမှာတော့ ယာယီသမ္မတလို့ သုံးထားတာတော့ တွေ့တယ်။ ခြေဥထဲက အရေးပေါ်အခြေအနေအခန်းမှာတော့ သမ္မတနဲ့ ဒုသမ္မတနှစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေက တာဝန်မှ ရပ်စဲပြီး ဖြစ်တယ်လို့ ဖော်ပြထားတော့ ယာယီသမ္မတအနေနဲ့ ရှိနေဆဲပဲလို့ ယူဆလို့တော့ ရဦးမယ်ထင်တယ်။ NinjaStrikers «» ၀၇:၃၈၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
Ok bro, ပုံစံက ဟိုမရောက် ဒီမရောက်ဆိုတော့ လက်ရှိ ဒီအတိုင်းပဲထားလိုက်တာ ကောင်းပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၁:၀၄၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "မြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)" သို့ ပြန်သွားရန်။