အမည် ပြင်ဆင်ရန်

ရှမ်းပြည်ဆိုတာ လက်ရှိ ခေါ်နေကြတဲ့အသုံးအနှုန်းနဲ့ တူနေပါတယ်။ ဒီဆောင်းပါးက နယ်အစုလေးတွေ စုထားတဲ့ ယခင်ရှမ်းပြည်နယ်အကြောင်းဖြစ်ပါတယ်။ အရင်အခေါ်အရဆို "ပဒေသရာဇ်ရှမ်းပြည်နယ်စု" ဆိုတဲ့ နာမည်နဲ့ပဲ သင့်တော်မယ်ထင်ပါတယ်။ ရှမ်းပြည်နယ် ဆောင်းပါးရဲ့ ပထမစာပိုဒ်မှာလဲ ဖော်ပြထားပါတယ်။ (ရင်းမြစ် - ရှမ်းပြည်နယ်အစိုးရအဖွဲ့ဘီဘီစီပြည်ထောင်စုမြန်မာနိုင်ငံ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇)) NinjaStrikers «» ၁၇:၅၉၊ ၁၂ နိုဝင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

အမည်ပြောင်းသင့်ပါသည်။ စကားမစပ် en:Federated Shan Statesကျမှ အဲဒီတုံးက တရားဝင်သတ်မှတ် အမည်ပေးခဲ့တဲ့ "ပဒေသရာဇ်ရှမ်းပြည်နယ်စု" လို့ခေါ်ရမလား။ ယခု en:Shan States က ပုဂံခေတ်လောက်ကနေစပြီး ကိုလိုနီ၊ လွတ်လပ်ရေးကာလအထိ chronological ပုံစံလိုလိုရေးထားတော့ 'ရှမ်းပြည်နယ်စု', 'ရှမ်းပြည်ထောင်များ', 'ပဒေသရာဇ်ရှမ်းပြည်နယ်များ' .... စသဖြင့် သင့်တော်ရာပေးရင် ကောင်းမလားလို့။ Aungookingofcelestials (ဆွေးနွေး) ၁၈:၁၁၊ ၁၂ နိုဝင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်
Federated Shan States ဆောင်းပါးရှိသေးတာ သတိမထားမိဘူး။ ဟီး။ "ပဒေသရာဇ်ရှမ်းပြည်နယ်များ" နဲ့ "ရှမ်းပြည်ထောင်များ" တစ်ခုခုနဲ့တော့ အဆင်ပြေမယ်ထင်တယ်။ NinjaStrikers «» ၀၆:၄၁၊ ၁၃ နိုဝင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်
လမ်းကြုံလို့ ထပ်ဆွေးနွေးတာပါ။ Federated Shan States က ၁၉၂၂-၁၉၄၈ မှာ ဗြိတိသျှပေးတဲ့ တရားဝင်အမည်ဆိုတော့ "ပဒေသရာဇ်ရှမ်းပြည်နယ်စု" အမည်၊ လက်ရှိဆောင်းပါးက ရှမ်းတွေနေတဲ့ နယ်မြေကို ယေဘုယျရေးထားတော့ "ရှမ်းနယ်များ" ဆိုရင်လည်း အဆင်ပြေမယ်ထင်တယ်။ eng word "state" ကို တိုက်ရိုက်မပြန်ဘဲနဲ့ "ရှမ်းနယ်များ" က ပိုအဆင်ပြေလောက်မယ်။ (ရှမ်းလူမျိုး#ရှေးရှမ်းနယ်များ ဆိုပြီး သုံးထားတာရှိလို့ အဲဒီစကားလုံးက အဆင်ပြေမလားမသိဘူး။) ဒုတိယရွေးချယ်စရာရှိရင် "ရှမ်းပြည်ထောင်များ" (သိပ်တော့မကြိုက်, မြို့ပြနိုင်ငံအဆင့်လောက်လို့ထင်ပါတယ်)။ လက်ရှိဆောင်းပါးကို ပဒေသရာဇ်တို့ ပြည်ထောင်တို့ ပြည်နယ်စုတို့ မထည့်တာပိုကောင်းမည်။ ဒီဆောင်းပါးထဲမှာပဲ Federated Shan States, Siamese Shan States, Chinese Shan States, Burmese Shan States တို့က အကျုံးဝင်တော့ ယေဘုယျအမည်ထားရင် ကောင်းလောက်မယ်။ နောက်တစ်ခု eng အသုံးမှာ en:Shan States#Confederation of Shan States က confederation စာလုံးပါလာမှ "စု" ထည့်ရင် ပိုကိုက်မယ်လို့ယူဆ။ Aungookingofcelestials (ဆွေးနွေး) ၁၄:၁၉၊ ၃၁ ဩဂုတ် ၂၀၂၁ (UTC)အကြောင်းပြန်ရန်
@Saimawnkham: အစ်ကိုရေ en:Federated Shan States, en:Shan States, en:Shan States#Confederation of Shan States ဝေါဟာရတွေအတွက် မြန်မာလို ဘယ်လိုရေးသလဲဆိုတာ အကြံပေးပါဦးဗျ။   NinjaStrikers «» ၁၅:၁၈၊ ၃၁ ဩဂုတ် ၂၀၂၁ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "ရှမ်းပြည်" သို့ ပြန်သွားရန်။