ဆွေးနွေးချက်:သင်္ဂဟဘွဲ့ဂုဏ်ထူး၊ ဘွဲ့၊ တံဆိပ် (၁၇-၁၂-၂၀၀၉ ပြဌာန်းချက်)

ဓာတ်ပုံများ ထည့်သွင်းရန် ပြင်ဆင်ရန်

ဆောင်းပါးထဲကို ထည့်ဖို့ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)ထဲက တချို့ပုံတွေ ယူသုံးချင်ပါတယ် ဗျ။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုတာကို အကြံပေးပါအုံး ခင်ဗျာ။ Pho Sai (ဆွေးနွေး) ၀၆:၁၁၊ ၂၆ စက်တင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

ဘွဲ့တံဆိပ်ပုံတွေ တင်ချင်တာလားလို့။ တံဆိပ်ပုံတွေဆို စွယ်စုံကျမ်းထဲက ပုံတွေကတော့ တကယ်တန်း အခမဲ့လိုင်စင်နဲ့တော့ တင်လို့ရမယ်မထင်ဘူး။ တရားမျှတစွာ အသုံးပြုခြင်း သတ်မှတ်ချက်တွေအရလဲ မကိုက်လောက်ဘူး။ ဘာလို့လဲဆိုတော့ ဘွဲ့တံဆိပ်ပုံတွေဆိုရင် တနည်းနည်းနဲ့ အခမဲ့လိုင်စင်ပုံ ရနိုင်သေးတယ်လို့ ယူဆလို့ရတယ်။ ကွယ်လွန်ပြီးပုဂ္ဂိုလ်ပုံဆိုရင်တော့ သူ့သက်ဆိုင်ရာ ဆောင်းပါးမှာ တရားမျှတစွာ အသုံးပြုခြင်းနဲ့ သုံးလို့တော့ရမယ်။ စကားမစပ် ဆောင်းပါးအမည်ရဲ့ နောက်က ရက်စွဲက ဘာလို့ထည့်တာလဲဗျ။ နောက်ထပ် ပြင်ဆင်ပြီး နာမည်တူ ထပ်ပြဋ္ဌာန်းထားတာ ရှိသေးလို့လား။ NinjaStrikers «» ၀၆:၄၅၊ ၂၆ စက်တင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
@Ninjastrikersသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဆောင်းပါးနဲ့ ဆင်နေတယ်ထင်လို့ပါ။ တကယ်က မထည့်ချင်ဘူး။ Pho Sai (ဆွေးနွေး) ၀၆:၄၈၊ ၂၆ စက်တင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
ပေါင်းလိုက်လို့ အဆင်မပြေလောက်ဘူးလားဗျ။ NinjaStrikers «» ၀၇:၀၆၊ ၂၆ စက်တင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
မူလ ဆောင်းပါး အကြောင်းအရာကို နည်းနည်းထပ်ဖြည့်စွက်ပြီးမှ ပေါင်းရင်တော့ ပိုကောင်းမယ် ထင်ပါတယ်။ Pho Sai (ဆွေးနွေး) ၀၇:၀၉၊ ၂၆ စက်တင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
ဒါမှမဟုတ်၊ ဒီဆောင်းပါး ဒီအတိုင်းထားပြီး “သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊” ဆောင်းပါးမှာ ဒီအကြောင်းကို အပိုင်းထပ်ဖြည့်ပြီး အကျယ်တဝင့်နဲ့ ဒီကို ပြန်ညွှန်းမယ် ဆိုရင်ရော ဘယ်လိုနေမလဲ မသိဘူး။ Pho Sai (ဆွေးနွေး) ၀၇:၁၄၊ ၂၆ စက်တင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "သင်္ဂဟဘွဲ့ဂုဏ်ထူး၊ ဘွဲ့၊ တံဆိပ် (၁၇-၁၂-၂၀၀၉ ပြဌာန်းချက်)" သို့ ပြန်သွားရန်။