(한글/ Hangul) ကိုရီးယားအက္ခရာက ဟန်းဂူးလ် ဖြစ်သင့်ပါတယ်။ ဟန်းဂုဆိုရင် ကိုရီးယားနိုင်ငံ ဖြစ်သွားပါလိမ့်မယ်။ Zin Win Hlaing (ဆွေးနွေး) ၀၉:၁၀၊ ၂၈ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

ဒီက bro ပြောသလို enwiki က သူ့ IPA ကြည့်တော့ 'ဟန်းဂူးလ်' က ပိုနီးစပ်ပါသည်။ (သူ့IPA.မှန်မမှန်တော့မသိပါ) ကျွန်တော်တော့ နီးအောင်ရေးသင့်သလို အသတ်သံများရင် မျက်စိသိပ်မနောက်အောင်လည်း ရေးတာကို ပိုကြိုက်တယ်။ လက်ရှိ တင်ပြသလို ဟန်းဂူးလ် က ကောင်းပါတယ်။ အခြားကိုရီးယားနားလည်သူတွေရဲ့ reply စောင့်ပြီး ပြင်ရင် ပိုကောင်းပါ့မယ်။ (စကားချပ် : ဝီကီတွေရဲ့ အခက်ခဲဆုံးတစ်ခုက အသံထွက်ကို ပြန်ရေးရခြင်းဖြစ်ပါတယ်။ တကယ်တော့ အသံ(ထွက်)ကို မည်သည့် ဘာသာစကားရဲ့ အက္ခရာနဲ့မှ အတိအကျရေးမရပါ။ ဒါ့ကြောင့် IPA ထွင်ကြတယ် ထင်တယ်။ ဥပမာ "လူအ" နဲ့ "အမေ" မှာ "အ" အသံနှစ်ခုကွဲသလို၊ wind(လေ) ၊ wind (ရစ်ပတ်/ကွေ့ပတ်) အသံမတူပါ။ ခုခေတ် ဘိုဆန်ဆန်တအားပြောလိုတဲ့ ဒီကရုပ်ရှင်/tv တွေမှာ မြန်မာလို (မွေးစားစကားလုံး) ကုမ္ပဏီ လို့ပြောရသားနဲ့ ဘိုဆန်ချင်တော့ "ကန်/မ် ပ နီ" လို့ ဟိုမရောက်ဒီမရောက်အသံတွေထွက်ကြတာ၊ "ʌ" ကို အသံပြုရင် လျှာ၊ နှုတ်ခမ်း... လေဘယ်လိုထုတ်ဆိုတာ မသိတော့ /kʌmp(ə)ni/ ကို ရုပ်ရှင်/တီဗီ အစီအစဉ်တွေမှာ ပါတဲ့အတိုင်းထွက်တော့ ဘိုမဆန်တဲ့အသံတွေထွက်လာကြတာပေါ့၊ အမေရိကန်၊ အင်္ဂလိပ်တွေက အာရ် သံသိပ်မထည့်တာကို မြန်မာတီဗီတွေမှာ အာလုပ်သံ ခပ်များများကြားရပါလိမ့်မယ်) Aungookingofcelestials (ဆွေးနွေး) ၀၉:၅၆၊ ၂၈ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်
@Chan Sung-Min, Did you read the talk page before moving? NinjaStrikers «» ၀၇:၄၅၊ ၃၁ မေ ၂၀၂၂ (UTC)အကြောင်းပြန်ရန်

ရှင်းပြချက် ပြင်ဆင်ရန်

하 ဟာ+ㄴန်= 한ဟာန်၊ 그 ဂု+ㄹလ်=글 ဂုလ် ဆိုတော့ ဟာန်ဂုလ်ပါ၊ ရိုးရိုးပဲရေးရင် ဟန်ဂုလ်ပေါ့၊ ဟန်ဂူးလ်ဆိုရင် 한굴 ဟာန်ဂူလ် ဖြစ်သွားမှာပါ Chan Sung-Min (ဆွေးနွေး) ၁၁:၁၁၊ ၁၇ ဇွန် ၂၀၂၂ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "ဟန်ဂုလ်" သို့ ပြန်သွားရန်။