ဆွေးနွေးချက်:အနောက်အဖွင့်အပြန့်သရ

ဒီဝေါဟာရဟာဆိုရင် တော်တော့ကို ရှည်လျားထွေပြားနေတာ တွေ့မိပါတယ်။ အနောက်ဖွင့်ပြန့်သရ သို့မဟုတ် ဖွင့်ပြန့်နောက်သရ လို့ ပြောင်းလဲ ခေါ်ဝေါ်ရန် အကြံပြုလိုပါတယ်။ စကားလုံး ဖောင်းကားနေမှာ စိုးလို့။ Bhoned(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၁:၃၄၊ ၂၈ ဇူလိုင် ၂၀၂၁ (UTC)အကြောင်းပြန်ရန်

ဘာသာဗေဒ ၊ သဒ္ဒဗေဒ ၂၊ အခန်း(၂) ပို့ချသူ - ဒေါက်တာသက်သက်မာ , မြန်မာနိုင်ငံတက္ကသိုလ်တွေက သဒ္ဒဗေဒ/ဘာသာဗေဒဆိုင်ရာ thesis paper အချို့, ဦးထွန်းမြင့်ရဲ့ သဒ္ဒဗေဒစာအုပ်တွေမှာ သုံးတဲ့ ဝေါဟာရအတိုင်းပါ၊ တစ်ခုမူကွဲတွေ့ရတာက ဖွင့် နဲ့ ပွင့် ကို အပြောင်းအလဲသဘောနဲ့ ရေးကြတာတော့တွေ့မိပါတယ်။ သူတို့စကားလုံးအတိုင်းဆိုတော့ ပြင်ရန်မဝံ့ပါ။ Aungookingofcelestials (ဆွေးနွေး) ၀၈:၃၇၊ ၂၈ ဇူလိုင် ၂၀၂၁ (UTC)အကြောင်းပြန်ရန်
ဝံ့လိုက်ပါ၊ စကားလုံးဆိုတာ လူက ဖန်တီးတာလေ၊ အရှည်ကြီး ရေးပြောနေတာထက် တိုတိုတုတ်တုတ် လိုရင်း ဖော်ပြနိုင်ရင် ရပြီလို့ ယူဆပါတယ်။ ပိုကောင်းအောင် မွမ်းမံတဲ့ သဘောပေါ့ဗျ။ Bhoned(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၁၄:၃၆၊ ၂၈ ဇူလိုင် ၂၀၂၁ (UTC)အကြောင်းပြန်ရန်
ကျွန်တော်ကတော့ ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းတွေကို ဘာသာရပ်ကျွမ်းကျင်ပညာရှင်တွေ သုံးတဲ့အတိုင်းပဲ သုံးသင့်တယ်လို့ ယူဆပါတယ်။ Zin Win Hlaing (ဆွေးနွေး) ၁၄:၅၂၊ ၂၈ ဇူလိုင် ၂၀၂၁ (UTC)အကြောင်းပြန်ရန်
ရှိနှင့်ပြီးသား၊ ပညာရှင်တွေ အသုံးပြုပြီးသား ဝေါဟာရအတိုင်းပဲ ဆက်သုံးသင့်ပါတယ်။ ဝေါဟာရစကားလုံးအသစ် တီထွင်တာကို ယုံကြည်စိတ်ချရတဲ့ ဒုတိယရင်းမြစ်တွေက မဖော်ပြသေးသရွေ့ ဝီကီပီးဒီးယားမှာ အသုံးမပြုသင့်သေးပါ။ NinjaStrikers «» ၁၅:၃၄၊ ၂၈ ဇူလိုင် ၂၀၂၁ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "အနောက်အဖွင့်အပြန့်သရ" သို့ ပြန်သွားရန်။