ဆွေးနွေးချက်:အလ္လကပ္ပ

Latest comment: ပြီးခဲ့သည့် ၃ နှစ် by ခင်မောင်မောင်လွင် in topic ဆောင်းပါး၏ အမည်မှန်

ဆောင်းပါး၏ အမည်မှန် ပြင်ဆင်ရန်

ဒီဆောင်းပါးအမည်က မှားနေနိုင်ပါတယ်။ အင်္ဂလိပ်ဘက်ကတော့ Allakappa လို့ရေးထားတယ်။ ပါဠိစာပေနှံ့စပ်တဲ့သူ (သို့) အမည်မှန်ကို သိနားလည်တဲ့သူ ရှိရင် ပြင်ပေးပါ။ အခုတော့ အမည်မှန် မသိလို့ ထင်တဲ့အမည်ပဲ ပေးထားပါတယ်။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၂:၀၀၊ ၁၂ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

  • Allakappa ကို အလ္လကပ္ပ(ပြည်) ၊ bulis ကို ဗုလိ (သို့) ကာဗုလိမင်းများ
  • Vethadipa ကို ဝေဋ္ဌဒီပ(တိုင်း)
  • Pippalivan ကို ပိပ္ပလိဝန(တိုင်း)
  • ရာမာဂရာမ (လက်ရှိပေးထားသောနာမည်) ကို မဟာဗုဒ္ဓဝင်အရ 'ရာမရွာ' (အုပ်ချုပ်သူ - ကောဠိယမင်းများ, ကောလိယ) (ဒေဝဒတ်တို့ပြည်)

(အထက်ပါနာမည်များသည် မင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင် ပဉ္စမတွဲတွင် ပါဝင်သည်။)

ဒီဆောင်းပါးက enwik မှာ ရေးတာညံ့ပါတယ်။ အားလုံးကိုခြုံပြီး Republic လို့သုံးထားတာ၊ ရာဇဂြိုလ်က repulbic မဟုတ်ပါ၊ monarch စနစ်ဖြင့်အုပ်ချုပ်ပါတယ်။ ဒီဃနိကာယ် လို့ဖော်ပြမဲ့အစား မဟာပရိနိဗ္ဗာနသုတ်တွင် ပါသည်လို တိတိကျကျ ဟိုဘက်မှာရေးသင့်ပါတယ်။ ဒီဃနိကာယ် ဆိုရင် သုတ္တံအချို့ စုထားတာ အကြီးကြီးပဲ၊ အလ္လကပ္ပပြည်အကြောင်း ဓမ္မပဒ အဋ္ဌကထာ (dhammapada commentary ) မှာလည်း နဲနဲပါတယ်လို့ source တစ်ခုကပြောပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၂၂:၂၃၊ ၂၁ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

@Aungookingofcelestials: အမည်ကိုတော့ အလ္လကပ္ပ လို့ ပြောင်းလိုက်ပါတယ်။ ကျွန်တော်ရေးတာတွေမှာ အမှားပါနေရင် ဝင်ပြင်ပေးပါဗျ။ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၉:၂၃၊ ၂၂ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "အလ္လကပ္ပ" သို့ ပြန်သွားရန်။