ဇင်မင်းထက် (၁၉၇၀ ဖွား) သည် အငြိမ်းစား တပ်မတော် စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။သူသည် တပ်မတော် တွင် တွဲဖက် စစ်ရေးချုပ်၊စစ်ကောင်စီ တွင် ပြည်ထဲရေးဒုဝန်ကြီး နှင့် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ ၏ ၂၂ဦးမြောက် ရဲချုပ် အစရှိသည့် တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၁] လက်ရှိတွင် အရပ်သားအနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တွင် ဒုတိယဝန်ကြီး အဖြစ် ထမ်းဆောင်နေသည်။[၂]


ဇင်မင်းထက်
ဒုတိယဝန်ကြီး
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၁ ဇူလိုင် ၂၀၂၃
ယခင်လူဒေါက်တာစိုးဝင်း
ပြည်ထဲရေး ဒုတိယ ဝန်ကြီး
တာဝန်သက်တမ်း
၂ မေ ၂၀၂၂ – ၂၁ ဇူလိုင် ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်
ရဲတပ်ဖွဲ့ ရဲချုပ်
တာဝန်သက်တမ်း
၂ မေ ၂၀၂၂ – ၂၁ ဇူလိုင် ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာပြည်
ကြင်ဖော်(များ)ဒေါက်တာသဇင်ခိုင်
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတွဲဖက် စစ်ရေးချုပ်
အမှုထမ်းကာလ၁၉၈၉-၂၀၂၂
ရာထူးဗိုလ်ချုပ်
တပ်စစ်ရေးချုပ်ရုံး

ပညာရေးနှင့်ရာထူးတာဝန် ပြင်ဆင်ရန်

သူသည် စစ်တက္ကသိုလ် အမှတ်စဉ် (၃၂)ဆင်း ဖြစ်သည်။ တပ်မတော် တွင် ၁၉၈၉ ခုနှစ် နောက်ပိုင်းက စပြီး ၂၀၂၂ ခုနှစ် မေလ ၁ရက်နေ့ အထိ စစ်မှုထမ်းသည်။ရာထူးအဆင့်ဆင့်တိုးကာ ၂၀၁၈ ခုနှစ် နှစ်စပိုင်း တွင် ဗိုလ်မှူးချုပ် အဆင့် ဖြင့် သူ့ကို တွဲဖက် စစ်ရေးချုပ် တာဝန် စပေးသည်။[၃] ၂၀၁၉ ခုနှစ် တွင် ဗိုလ်ချုပ် အဆင့်တိုးသည်။တွဲဖက်စစ်ရေးချုပ် တာဝန်အား ၂၀၂၂ ခုနှစ် မေလ ၁ရက်နေ့ အထိ တာဝန် ထမ်းဆောင်သည်။ ၂၀၂၂ ခုနှစ် မေလ ၂ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခံရပြီး ရဲချုပ် တာဝန် ကိုပါ ပူးတွဲ ယူသည်။[၄] [၅] ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် တွင် ထိုတာဝန်များမှ အနားယူကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်လာသည်။[၆]

အရေးယူပိတ်ဆို့ခံထားရမှု ပြင်ဆင်ရန်

သူ့ကို ဥရောပသမဂ္ဂ က ၂၀၂၃ ခုနှစ်တွင် လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှု စွပ်စွဲချက်များဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းထားသည်။[၇] [၈]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာရဲချုပ် အင်တာပိုလ် အစည်းအဝေးတက်BBC Burmese (၂၅ အောက်တိုဘာ ၂၀၂၂)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၆ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက် ( ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်) ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းCINCDS Myanmar (၂၁ ဇူလိုင် ၂၀၂၃)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲများ ဆက်လက် ကျင်းပ (၁၂ ဖေဖော်ဝါရီ ၂၀၁၈)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. Myanmar junta removes police chiefMyanmar Now (3 May 2022)။ 29 April 2024 တွင် ပြန်စစ်ပြီး။
  5. ဗိုလ်ချုပ်ကြီးသန်းလှိုင် ပြီးနောက် ရဲချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်လာသူMyanmar Now (၄ မေ ၂၀၂၂)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားသို့တက်ရောက်MOI Myanmar (၇ အောက်တိုဘာ ၂၀၂၃)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. Zin Min Htet Program informationSanctions Finder (14 April 2024)။ 29 April 2024 တွင် ပြန်စစ်ပြီး။
  8. မြန်မာစစ်ဖက်၊ အရပ်ဖက် တာဝန်ရှိသူတွေကို EU ဒဏ်ခတ်အရေးယူVOA Burmese (၂၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၂၉ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။