ဇူးကျော် သည် မြန်မာနိုင်ငံသား အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အမည်ရင်း ဦးကျော်လင်း ဖြစ်ပြီး ရန်ကုန်မြို့ တာမွေမြို့နယ်၌ ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်လျက်ရှိသည်။

ဇူးကျော်
မွေးဖွားကျော်လင်း
တောင်ငူမြို့၊ ပဲခူးတိုင်း
ကလောင်အမည်ကိုကိုကျော် (သတ္တဗေဒ)
အလုပ်အကိုင်စာရေးဆရာ၊ အယ်ဒီတာ
နိုင်ငံလူမျိုး မြန်မာ

အစောပိုင်းဘဝ ပြင်ဆင်ရန်

အဘ ဦးမြင့်အေး၊ အမိ ဒေါ်သိန်းကြည်တို့မှ ပဲခူးတိုင်းတောင်ငူမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ရှစ်ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။

စာပေရေးသားခြင်း ပြင်ဆင်ရန်

ပထမဦးဆုံး ပုံနှိပ်ဖော်ပြခံရသော စာမူမှာ၁၉၈၇ ခုနှစ် သောကြာစာစောင်တွင် ပါဝင်ခဲ့သည့် "ပျော်ခဲ့ရတဲ့ ယုဒသန်"ဝတ္ထုတို စာမူ ဖြစ်သည်။ သောကြာ ဦးမောင်ကလေး တည်းဖြတ်ထုတ်ဝေခဲ့သောစာစောင်ဖြစ်သည်။ ထိုစာမူဖော်ပြခံရစဉ်က ကလောင်အမည်မှာ ကိုကိုကျော် (သတ္တဗေဒ) ဖြစ်သည်။

စာရေးလာသည့် သက်တမ်းတလျှောက်တွင် ဝတ္ထုတိုပုဒ်ရေ ၁၀၀ ကျော် ရေးသားခဲ့ပြီး မျဉ်းပြိုင်လိပ်ပြာ တစ်ကိုယ်တော်ဝတ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေခဲ့ဖူးသည်။ နိုင်ဇော်ဂျူးမင်းလူ ၊ ကြူးနှစ်၊ သန်းမြင့်အောင်၊ ဆောင်းဝင်းလတ်နိုင်ဝင်းသီ ၊ ပန်းမောင် (မြန်မာစာ)တို့နှင့် ပူးတွဲ၍ ဝတ္ထုတိုစုစည်းမှု စာအုပ်များလည်း ထွက်ခဲ့ဖူးသည်။ မြစ်ကြီးနား အခြေစိုက် ဥတ္တရလမင်းမှ စီစဉ်ထုတ်ဝေသော ခံစားသူအကြိုက် ဝတ္ထုတို‌စာအုပ်တွင်လည်း ဇူးကျော်၏ ဝတ္ထုတိုစာမူကို ရွေးချယ်ဖော်ပြခဲ့သည်။

မိုးမိုးအင်းလျား ဝတ္ထုတိုပြိုင်ပွဲတွင် ဆု နှစ်ကြိမ် ရရှိခဲ့ဖူးသည်။ ဆုရဝတ္ထုနှစ်ပုဒ်အနက် တစ်ပုဒ်ကို ဘီဘီစီ အသံလွှင့်ဌာနမှ အသံလွှင့်ဇာတ်အဖြစ် ထုတ်လွှင့်ခဲ့ဖူးသည်။ ဇူးကျော်၏ မာစတာပိစ်ဟု စာပေလောကမှ သတ်မှတ်ထားကြသော " ဖဦးထုပ် " ဝတ္ထုတိုစာမူ[ကိုးကားချက်လိုသည်]ကိုလည်း မြန်မာ့အသံမှ ဇာတ်လမ်းပမာ နားဆင်စရာအဖြစ် အကြိမ်ကြိမ် ထုတ်လွှင့်ခဲ့သည်။[ကိုးကားချက်လိုသည်]

ရောင်ပြန်မဂ္ဂဇင်း၊ ပြစ်မှုမဂ္ဂဇင်း၊ မှုခင်းရေးရာသတင်းဂျာနယ်တို့တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မေတ္တာရှင် မောင်မဲခေါင်၊ ချစ်ဖွယ်(တောင်ငူ)၊ မောင်ရှင်းသန့်၊ ကိုအေးသား၊ ဇော်မင်း(တောင်ငူ)ဟူသော ကလောင်အမည်များဖြင့် ဝတ္ထုနှင့်ဆောင်းပါးများကို ရေးသားခဲ့သည်။ မေတ္တာရှင် မောင်မဲခေါင် ကလောင်အမည်ဖြင့် ဂမ္ဘီရ ဝတ္ထုတိုပုဒ်ရေ ငါးဆယ်ကျော်ခန့် ရေးသားခဲ့သည်။

‌ဆရာမကြီး ဒေါ်ကလျာ (ဝိဇ္ဇာ/ သိပ္ပံ) စီစဉ်ထုတ်ဝေသော ကလျာ မဂ္ဂဇင်းတွင် မဂ္ဂဇင်းရပ်နားသွားချိန်အထိ အယ်ဒီတာအဖြစ် ကိုးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

ယခုအခါ လင်းလွန်းခင်စာပေတိုက်၌ စာတည်းအဖြစ် စာပေတာဝန်များကို ထမ်းဆောင်နေဆဲဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်