ဇော်မင်း
ဇော်မင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ဇော်မင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ဦးဇော်မင်း သည် မြန်မာနိုင်ငံ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၂] တပ်မတော် (ကြည်း)မှ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။[၂] ၂၀၁၂ ဩဂုတ် ၂၈ ရက်နေ့တွင် ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။
ဦးဇော်မင်း | |
---|---|
အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၂၈ ဩဂုတ် ၂၀၁၂ | |
ဆက်ခံသူ | ဦးခင်မောင်စိုး |
ပြည်သူ့လွှတ်တော် အမတ် | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၂၀ မတ် ၂၀၁၁ | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | ဦးမြင့်သိန်း (NLD) |
မဲဆန္ဒနယ် | မကွေးမြို့နယ် |
အနိုင်ရမဲ အရေအတွက် | ၁၀၆,၉၀၀ (၆၈.၈၇%)[၁] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ပဲခူးမြို့၊ မြန်မာနိုင်ငံ | ၃၀ အောက်တိုဘာ၊ ၁၉၅၁
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်ခင်မီမီ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
အမှုထမ်းကာလ | -၂၀၁၀ |
ရာထူး | ဗိုလ်မှူးကြီး |
၁၉၉၈ ခရစ္စတီးကျွန်း ပစ်ခတ်မှု
ပြင်ဆင်ရန်၁၉၉၈ မေလတွင် ဗိုလ်မှူးကြီးဇော်မင်းသည် ခရစ္စတီးကျွန်းသို့ ရောက်ရှိလာပြီး ကျွန်းပေါ်ရှိ သစ်ဝါးခုတ်သည့် လူ ၅၉ ဦးအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ပစ်သတ်ခဲ့သည်။ များမကြာမီ ခရစ္စတီးကျွန်းအနီး ရောက်ရှိလာသည့် ထိုင်းငါးဖမ်းလှေတစ်စီးကို ဖမ်းဆီးကာ ပါလာသော လူ ၂၂ ဦးအား သတ်ကာ ကျွန်းပေါ်တွင် မြှုပ်နှံခဲ့သည်။[၃][၄]
ကိုးကား
ပြင်ဆင်ရန်- ↑ Magwe Division။ Alternative Asean Network on Burma။ 26 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 April 2012 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Kudo, Toshihiro (26 July 2011). "New Government in Myanmar: Profiles of Ministers". Institute of Developing Economies - Japan External Trade Organization.
- ↑ http://www.theaustralian.com.au/news/defector-tells-of-burmese-atrocity/story-e6frg6t6-1111116576033, Defector tells of Burmese atrocity , The Australian, June 09, 2008
- ↑ As Myanmar Opens Up, Idyllic Islands Remain Unwelcoming, New York Times, By THOMAS FULLER, April 25, 2012, http://www.nytimes.com/2012/04/26/world/asia/as-myanmar-opens-up-idyllic-islands-remain-unwelcoming.html?pagewanted=all&_r=0