မိုးအောင်

ကာကွယ်​ရေးဦးစီးချုပ် (​ရေ)

ဗိုလ်ချုပ်ကြီး မိုးအောင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖြစ်သည်။[၁] ယင်းမတိုင်ခင် သူသည် တပ်မတော်(ရေ)၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည်။ သူသည် ဦးအောင်သောင်း၏ သားလည်းဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၂၈)မှဖြစ်ကာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် (ယခင် - ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း)၊ စစ်ရေယာဉ်များ၊ ရေတပ်စခန်းများ၊ ဗျူဟာစစ်ရေယာဉ်စုများ၊ ရေတပ်စခန်းဌာနချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ရာထူး၌ တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီး တင်အောင်စန်း မှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်တွင် ၎င်း စစ်ဦးစီးချုပ်အရာရှိချုပ်(ရေ) ရာထူးသို့ ခန့်အပ်ခံခဲ့ရသည်။[၂]

ဗိုလ်ချုပ်ကြီး

မိုးအောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဇန်နဝါရီ ၂၀၂၄
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ကာကွယ်ရေးဦးစီးချုပ်(ရေ)
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁ – ၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်
စစ်ဦးစီးအရာရှိချုပ်(ရေ)
တာဝန်သက်တမ်း
၂၀၁၅ – ၂၀၂၁
ယခင်လူဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်
ကိုယ်ရေး အချက်အလက်များ
ကြင်ဖော်(များ)အေးခိုင်ညွန့်
ဖခင်ဦးအောင်သောင်း
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ရေ)
ရာထူး ဗိုလ်ချုပ်ကြီး
တပ်ကက(ရေ)

၂၀၂၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ကောင်စီဝင်သာမက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဖြစ်လာပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်အား ရေတပ်ဦးစီးချုပ်အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။၂၀၂၁ ခုနှစ် ဧပြီလအတွင်း မြန်မာပိုင် ကိုကိုးကျွန်းနှင့်မဝေးသော အိန္ဒိယပိုင် ကပ္ပလီကျွန်းစုအနီး ကပ္ပလီပင်လယ်ပြင်တွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်ကြေညာထားချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဟု ကြေညာခဲ့ရာ[၃][၄] ဤသည်မှာ ဗိုလ်ချုပ်ကြီး မိုးအောင် ရေတပ်ဦးစီးချုပ်ဖြစ်လာပြီး ပထမဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။သူ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  တပ်မတော်(ရေ)၏ကာကွယ်ရေးဦးစီးချုပ် အဖြစ် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် အနားပေးသည်။

၂၀၁၇ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်​၏ ပြည်ပခရီးစဉ်တွင် အတူတွေ့ရစဉ်

ကိုးကား ပြင်ဆင်ရန်