ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး
မြန်မာစကားပုံ
ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ညောင်ဦး ကမ်းပါးပြိုသောကြောင့် စမ္ပာနဂိုရ်က နွားမပေါင်ကျိုးရသည်ဟု မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုသကဲ့သို့ အဆက်အစပ်မရှိသော ဖြစ်ရပ်တစ်ခုကို မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုသည်။ [၁]
မူလရင်းမြစ်
ပြင်ဆင်ရန်- "သူတို့ဘယ်လို တိုက်တိုက်၊ ဘယ်တော့မှ ပြီးပြီး ကိုယ့်စီးပွား ကိုယ့်အလုပ်တွေ အပျက်စေနဲ့။ ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးမဖြစ်စေနဲ့။" [၁၃၁၀] ဒီးဒုတ်၊ ၂၁၊ ၄၇။ ၁၉။