ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ (ကြည်း ၂၅၉၈၂) သည် မြန်မာ တပ်မတော် အရာရှိတစ်ဦးဖြစ်ပြီး အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ညွန့်ဝင်းဆွေ
အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
ဧပြီ ၂၀၂၃
ခေါင်းဆောင်မင်းအောင်လှိုင်
ယခင်လူအောင်စိုး
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး
တာဝန်သက်တမ်း
ဇွန် ၂၀၂၀ – ဧပြီ ၂၀၂၃
ခေါင်းဆောင်မင်းအောင်လှိုင်
ယခင်လူသက်ပုံ
ဆက်ခံသူစိုးမင်း
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
ရာထူးဒုတိယဗိုလ်ချုပ်ကြီး
Commandsကထစ ၄

စစ်မှုထမ်းဘဝ

ပြင်ဆင်ရန်

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ဇွန်လတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခံရသည်။[၁]

၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရပြီးနောက် ရန်ကုန်မြို့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ရန်ကုန်တိုင်း တိုင်းမှူးဖြစ်သော ညွန့်ဝင်းဆွေအား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာကို အပ်နှင်းခဲ့သည်။[၂] ညွန့်ဝင်းဆွေသည် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် လှိုင်သာယာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့အား ဦးဆောင်ခဲ့သူ ဖြစ်သည်။[၃] ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နှင့် ကနေဒါနိုင်ငံတို့က ညွန့်ဝင်းဆွေအား လူ့အခွင့်အရေးဖောက်ဖျက်မှုနှင့် အရပ်သားများအပေါ် ပြစ်မှုကျူးလွန်ခဲ့ခြင်းကြောင့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။[၄][၅]

၂၀၂၃ ခုနှစ် ဧပြီလတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ခံရပြီးနောက် အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ခန့်အပ်ခံရသည်။[၆]

ဆက်စပ်ဖတ်ရှုရန်

ပြင်ဆင်ရန်
  1. KyawThu (2020-07-01)။ Myanmar Military Makes Major Reshuffle (in en-US)။ 2023-02-18 တွင် ပြန်စစ်ပြီး။
  2. Myanmar: Junta Tribunals Impose 65 Death Sentences (in en) (2021-07-21)။ 2023-02-18 တွင် ပြန်စစ်ပြီး။
  3. Myanmar: Protesters Targeted in March Massacre (in en) (2021-12-02)။ 2023-02-22 တွင် ပြန်စစ်ပြီး။
  4. Nyunt Win Swe (in en) (8 November 2022)။ 2023-02-18 တွင် ပြန်စစ်ပြီး။
  5. Canada၊ Global Affairs (2023-01-31)။ Backgrounder – Additional sanctions for Myanmar။ 2023-02-18 တွင် ပြန်စစ်ပြီး။
  6. Myanmar Junta Sacks Commander After Heavy Casualties in Karen State (in en-US) (2023-04-01)။ 2023-04-03 တွင် ပြန်စစ်ပြီး။