ရန်ကုန်တိုင်းစစ်ဌာနချုပ်

ရန်ကုန်မြို့အ​ခြေစိုက် တပ်မ​တော်တိုင်းစစ်ဌာနချုပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရကတ) သည် ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့ (ပြည်လမ်း၊ ရှစ်မိုင်လမ်းဆုံအနီး)တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။ အဓိက တာဝန်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ဇော်ဟိန်း (ကြည်း - ၂၈၀၈၉) (စတသ - ၃၈) ဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်
ရကတ
ရန်ကုန်တိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
တပ်နယ်ကုန်းမြင့်သာ
အမည်ပြောင်ဂျိုကာအနီ
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း
ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး ထွန်းထွန်းဦး
အဆောင်အယောင်များ
အလံတော်

ဖွဲ့စည်းပုံ

ပြင်ဆင်ရန်

ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။

အမှတ်(၁)စစ်ဗျူဟာအဖွဲ့

ပြင်ဆင်ရန်

အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။

  1. ခလရ / ခမရ - (၄)ရင်း

အမှတ်(၂)စစ်ဗျူဟာအဖွဲ့

ပြင်ဆင်ရန်

အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ - (၃)ရင်း

အမှတ်(၃)စစ်ဗျူဟာအဖွဲ့

ပြင်ဆင်ရန်

အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။

  1. ခလရ/ ခမရ - (၃)ရင်း

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခြေလျင်တပ်မဟာဌာနချုပ်များ

ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၄)ခြေလျင်တပ်မဟာဌာနချုပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

ပြင်ဆင်ရန်

ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ဗိုလ်မှူးကြီး လှဘုန်း (ကြည်း - ၅၂၈၁)
  2. ဗိုလ်မှူးကြီး သူရကျော်ထင် (ကြည်း - ၅၃၃၂) (နောင်-ဗိုလ်ချုပ်ကြီး၊ကာကွယ်ရေးဦးစီးချုပ်) (၂-၇-၁၉၆၉ မှ ၈-၃-၁၉၇၄)
  3. ဗိုလ်မှူးကြီး ခင်အုန်း (ကြည်း - ၅၆၀၅) (၈-၃-၁၉၇၄ မှ ၁၈-၃-၁၉၇၅)
  4. ဗိုလ်မှူးကြီး အေးကို (ကြည်း - ၆၁၃၃) (နောင်-ဒုတိယဗိုလ်ချုပ်ကြီး၊ယာယီသမ္မတ) (၁၈-၃-၁၉၇၅ မှ ၂-၄-၁၉၇၆)
  5. ဗိုလ်မှူးကြီး တင်စိန် (ကြည်း - ၆၁၈၁) (၂-၄-၁၉၇၆ မှ ၄-၃-၁၉၇၈)
  6. ဗိုလ်မှူးချုပ် မျိုးအောင် (ကြည်း - ၆၈၄၆) (၄-၃-၁၉၇၈ မှ ၁၅-၃-၁၉၈၃)
  7. ဗိုလ်မှူးချုပ် ဖေမြိုင် (ကြည်း - ၆၂၃၇) (၁၅-၃-၁၉၈၃ မှ ၄-၁၁-၁၉၈၅)
  8. ဗိုလ်ချုပ် မျိုးညွန့် (ကြည်း - ၇၅၅၇) (ဗသက - ၁၈) (နောင်- ဒုတိယဗိုလ်ချုပ်ကြီး) (၄-၁၁-၁၉၈၅ မှ )
  9. ဗိုလ်ချုပ် ခင်မောင်သန်း (ကြည်း - ၁၀၃၂၀) (ဗသက - ၃၁) (နောင်-ဒုတိယဗိုလ်ချုပ်ကြီး၊ကစထမှူး)
  10. ဗိုလ်ချုပ် မြင့်ဆွေ (ကြည်း - ၁၂၆၂၉) (စတသ - ၁၅) (နောင်- ဒုတိယဗိုလ်ချုပ်ကြီး၊ ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီ သမ္မတ)
  11. ဗိုလ်ချုပ် လှဌေးဝင်း (ကြည်း - ၁၄၇၉၉) (စတသ - ၂၀) (နောင်- ဗိုလ်ချုပ်ကြီး၊ ညှိုနှိုင်းကွပ်ကဲရေးမှူးဟောင်း)
  12. ဗိုလ်ချုပ် ဝင်းမြင့် (ကြည်း - ၁၄၈၅၃) (စတသ - ၂၀) (နောင်-ဒုတိယဗိုလ်ချုပ်ကြီး)
  13. ဗိုလ်ချုပ် ထွန်းသန်း
  14. ဗိုလ်ချုပ် ဆန်းဦး (ကြည်း - ၁၇၅၀၂) (စတသ - ၂၄) (နောင်- ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရေးချုပ်ဟောင်း)
  15. ဗိုလ်ချုပ် ထွန်းထွန်းနောင် (ကြည်း - ၁၈၁၃၁) (စတသ - ၂၅) [] (ယခင် ကစထ ၁ မှူး၊ ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)
  16. ဗိုလ်ချုပ် မျိုးဇော်သိန်း (ကြည်း - ၂၀၂၂၀) (စတသ - ၂၈) (နောင် ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရေးချုပ်ဟောင်း)
  17. ဗိုလ်ချုပ် သက်ပုံ (ကြည်း - ၂၀၇၃၅) (စတသ - ၂၉) (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၅ မှူး)
  18. ဗိုလ်ချုပ် ညွန့်ဝင်းဆွေ (ကြည်း - ၂၅၉၈၂) (စတသ - ၃၆) (ယခု ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထ ၄ မှူး)
  19. ဗိုလ်ချုပ် ဇော်ဟိန်း (ကြည်း - ၂၈၀၈၉) (စတသ - ၃၈) (ယခင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး)[]

နောက်ထပ်ကြည့်ရန်

ပြင်ဆင်ရန်
  1. "ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ"။ 
  2. KNU နယ်မြေကို ကိုင်တွယ်တဲ့ ကစထမှူး အလဲခံရBBC Burmese (၃၁မတ်၂၀၂၃)။ ၁ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။