တက်ဒေယို အာလ်ဒဲရော့တီ

တက်ဒေယို အာလ်ဒဲရော့တီ (အီတလီ: Taddeo Alderotti; ပြင်သစ်: Thaddée de Florence; လက်တင်:Thaddaeus Alderottus ) သည် အီတလီလူမျိုး ဆရာဝန်၊ ဘိုလော့ညာတက္ကသိုလ်၏ ဆေးပညာပါမောက္ခတစ်ဦးဖြစ်၍ အလယ်ခေတ်အတွင်း ဥရောပရှိ ဆေးအတတ်ပညာ ပြန်လည်ဖော်ထုတ်ရာတွင် အရေးပါသော အကျိုးပြုခြင်းများကို ဖော်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ၁၂၀၆ နှင့် ၁၂၁၅ ခုနှစ်ကြား အီတလီနိုင်ငံ၊ ဖလောရန့်စ်မြို့တွင် ဖွားမြင်ခဲ့သည်။ တက္ကသိုလ်တွင် ဆေးပညာကထိကရာထူးကို စီစဉ်ခဲ့သောသူများထဲက တစ်ဦးဖြစ်သည်။ အဂ္ဂိရတ်ဆရာအဖြစ် အရည်များကို ပေါင်းခံခွဲထုတ်ခြင်း (fractional distillation) ကို စတင်တီထွင်သည်ဟု အသိအမှတ်ပြုကြသည်။[၁]

တက်ဒေယို အာလ်ဒဲရော့တီ
Florentinus Thaddaeus (Taddeo Alderotti). Line engraving by Wellcome V0005765.jpg
အာလ်ဒဲရော့တီ၏ ပုံ (၁၇၇၀)
မွေးဖွား၁၂၀၆ နှင့် ၁၂၁၅ ကြား
ဖလောရန့်စ်မြို့, အီတလီ
ကွယ်လွန်၁၂၉၅
ဘိုဘော့ညာ
အလုပ်အကိုင်သမားတော်၊ ​ဆေးပညာပါမောက္ခ

အီတလီ ဒဿနဆရာနှင့် ကဗျာဆရာ ဒန်တေးက ၎င်း၏ ပါရာဒီးဇို(နိဗ္ဗာန်ဘုံ) ကဗျာရှည် (XII, 82-85) ၌ သူတော်စင် ဒေါမစမနစ်နှင့် ၎င်းကိုယ်၎င်း ကွဲပြားခြားနားစေသည်ကို ပေါ်လွင်စေရန် အသိပညာလိုက်စားခြင်းသည် လောကုတ္တရာ (စိတ်ဓာတ်ပိုင်းဆိုင်ရာ) အတွက်သာမက လောကီရည်မှန်းချက်အဖြစ်လည်း ပါဝင်သည်ဟု ရည်ညွှန်းကာ တက်ဒေးယိုကို ကိုးကားဟန်ရှိခဲ့သည်။[၂]

ကိုးကားပြင်ဆင်

  1. Holmyard၊ Eric John (1990)။ Alchemy။ Courier Dover Publications။ p. 53ISBN 0-486-26298-7
  2. Prioreschi၊ Plinio (2003)။ A History of Medicine Vol. 5။ Horatius Press။ p. 348။ ISBN 1-888456-00-0